ဆေးဝါးမိတ်ဆက်
Phototec 
Phototec ကို ဆေးပြားပုံစံဖြင့် ထုတ်လုပ်ထားပါသည်။ ၄င်းသည် မျက်စိအားဆေးဖြစ်ပါသည်။ ၄င်းတွင် ရွှေဖရုံသီး အဆီအနှစ်၊ ရုံးပတီသီး အဆီအနှစ်၊ မာလကာသီးအဆီအနှစ်၊ မုန်ညှင်းရွက် အဆီအနှစ်နှင့် ကြက်ဥအဆီအနှစ်တို့ ပါဝင်ပါသည်။ ၄င်းတွင်ပါဝင်သော အဓိက ဒြပ်ပေါင်းနှစ်ခုမှာ Lutein နှင့် Zeaxanthin တို့ဖြစ်ကြပါသည်။ ထိုဒြပ်ပေါင်းများသည် သဘာဝ Carotenoid ဖြစ်ပြီး Oxycarotenoid အမျိုးအစား ဒြပ်ပေါင်းများဖြစ်ကြပါသည်။ ၄င်းဒြပ်ပေါင်းနှစ်ခုသည် မျက်စိ၏ ပုံမှန်လုပ်ငန်းစဉ်များအတွက် အထူးအရေး ပါပါသည်။ လူတို့အတွက် အန္တရာယ်ဖြစ်စေသော ရောင်ခြည်များကို ကာကွယ်နိုင်စွမ်းရှိပြီး အမြင်အာရုံ အားကောင်းစေခြင်း၊ ခရမ်းလွန်ရောင်ခြည်ကြောင့် မျက်စိပျက်စီးခြင်းမှ ကာကွယ်ပေးခြင်း၊ မျက်ကြည်လွှာ ပျက်စီးခြင်းမှ ကာကွယ်ပေးခြင်း၊ အတွင်းတိမ်ဖြစ်ပွားမှုကို လျော့နည်းစေခြင်း စသည်တို့အတွက် သုံးစွဲနိုင်ပါသည်။ လူကြီးများအတွက် ယေဘုယျ ဆေးညွှန်းမှာ ကာကွယ်ရန် ဖြစ်ပါက တစ်ခါသောက် တစ်ပြား၊ ကုသရန်ဖြစ်ပါက တစ်ခါသောက်နှစ် ပြား၊ တစ်နေ့နှစ်ကြိမ် နေ့စဉ်သောက်ရန် ဖြစ်ပါသည်။ ၄င်းကို မြန်မာနိုင်ငံ အခြေစိုက် FAME Pharmaceuticals ကုမ္ပဏီကထုတ်လုပ်၍ မြန်မာနိုင်ငံအတွက် ရွှေစံကားကုမ္ပဏီက ဖြန့်ချိပါသည်။