2014-4-7
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ဘဝအလင်းစာကြည့်တိုက်သို့ အလှူငွေနှင့် စာနယ်ဇင်းများ လှူဒါန်း
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 860
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826
1 
JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
သင့်အတွက် ဗေဒင်
၁၂ရာသီဂြိုဟ်ခွင် သတ်မှတ်ပုံကွဲပြား ခြားနားရခြင်းအကြောင်း
          ၁၂ ရာသီဗေဒင်ဟောကိန်းများ တွင် ရာသီခွင်သတ်မှတ်ပုံမတူကွဲပြား နေခြင်းနှင့်ပတ်သက်၍ သံသယရှိနေ ကြသော ဗေဒင် ဝါသနာရှင်များ အတွက် ဤဆောင်းပါးကိုရေးသား ရခြင်းဖြစ်ပါသည်။
          ၁၂ ရာသီ ဗေဒင်ဟောကိန်း၏ အရင်းအမြစ်မှာ မိဿရာသီအစ မိန် ရာသီအဆုံး ၁၂ ရာသီစက်ဝန်းသို့ အရှေ့နိုင်ငံသုံး နိရာယန တနင်္ဂနွေ ဂြိုဟ်ရောက်သော ရာသီ သို့မဟုတ် အနောက်နိုင်ငံသုံး သာယန တနင်္ဂနွေ ဂြိုလ်ရောက်သော ရာသီ ကိုအခြေခံပြီး ရာသီခွင်သတ်မှတ်သောကာလအတွင်း မွေးဖွားသူ ဇာတာရှင်များအတွက် ဗေဒင်ဟောနိုင် သည့် ဗေဒင်ဟောနည်း တစ်ခုဖြစ်သည်။
          မြန်မာနှင့် အိန္ဒိယနိုင်ငံအပါအဝင် အရှေ့နိုင်ငံများက နိရာယန တနင်္ဂနွေ ဂြိုဟ်ရောက်သော ရာသီခွင်ကိုအသုံး ပြုကြပြီး အင်္ဂလန်နှင့် အမေရိကန် အပါအဝင် အနောက်နိုင်ငံများက သာ ယနတနင်္ဂနွေဂြိုဟ်ရောက်သော ရာသီ ခွင်ကိုအသုံးပြုပြီး ၁၂ ရာသီဗေဒင် ဟောကိန်းထုတ်ကြသည်။
          အယန အံသာ၊ လိတ္တာ မပါ သောဂြိုဟ်၊ တစ်နည်းအားဖြင့် နက္ခတ်စက် နောက်မဆုတ်ဘဲ တည် မြဲနေသည့်မူကိုတည်ပြီး တွက်ယူ သောဂြိုဟ်ကို  Sayaha နိရာယန ဟုခေါ်သည်။
          အယနအံသာ၊ လိတ္တာမပါသော ဂြိုဟ်၊ တစ်နည်းအားဖြင့် နက္ခတ်စက် နောက်ဆုတ်သွားခြင်းကို မူတည်ပြီး တွက်ယူသောဂြိုဟ်ကို သာယန-ွေပေ့ေ ဂြိုဟ် ဟုခေါ်သည်။
        နက္ခတ်စက်ရွေ့လျားသော နှစ် ကာလအားလျော်စွာ ဂြိုဟ်တို့၏ အံ သာ၊ လိတ္တာများမှာ ရှေ့နောက်ကွာ ခြားသွားကြသည်။
  Celestial Equator  ကောင်းကင် အီကွေတာနှင့် Ecliptic နေသွားလမ်း ကြောင်းတို့သည် ကောင်းကင် တွင် နှစ်နေရာ၌ တွေ့ဆုံဖြတ်သန်းကြ သည်။ မိဿရာသီအစ အံသာ၌ တစ် ကြိမ်၊ ၄င်းမှ ၁၈ဝ အံသာကွာဝေး သော တူရာသီအစ အံသာ၌တစ်ကြိမ်  ဆုံတွေ့ကြသည်။
          တနင်္ဂနွေဂြိုဟ်နေမင်းသည် အဆိုပါ အီကွေတာစက်ဝိုင်းမျဉ်း ကြောင်းကို တစ်နှစ်လျှင် နှစ်ကြိမ် ဖြတ်သန်းသွားသည်ဟု ကမ္ဘာမြေမှ ထင်ရမြင်ရသည်။
          မိဿရာသီသို့ တနင်္ဂနွေဂြိုဟ် ရောက်သော နေ့နှင့် တူရာသီသို့ ရောက်သောနေ့များတွင် နေ့များတွင် နေ့ ၁၂ နာရီ၊ ည ၁၂ နာရီနေ့တာ ညတာအချိန်ကာလ ညီမျှနေကြ သည်။
          မိဿရှိနေရာကို Vernal Equinox နေ့တာ ညတာညီမျှသော မိုးဦး ရာသီဟုခေါ်ပြီး တူရာသီရှိနေရာကို Autumnal Equirox နေ့တာညတာညီ မျှသော ဆောင်းဦးရာသီဟုခေါ်သည်။
          နက္ခတ်စက်တစ်ခုလုံးသည် အမြဲတစေ တည်တံ့မနေဘဲ တစ်နှစ် လျှင် ၅ဝ.၂၅ ဝိလိတ္တာခန့် အနောက် ဘက်သို့ ရွေ့လျားနောက်ဆုတ်နေရာ တနင်္ဂနွေဂြိုဟ်သည် မိဿရာသီသို့ တစ်နှစ်လျှင် ၅ဝ ဝိလိတ္တာကျော်ခန့် စောပြီးရောက်ရှိနေပေသည်။
          နှစ်ကြာလေ နက္ခတ်စက်နောက် ဆုတ်ခြင်း၏ အံသာ၊ လိတ္တာများလာ လေလေဖြစ်သည်နှင့်အမျှ တနင်္ဂနွေ ဂြိုဟ်သည် ရှေ့သို့ အံသာလိတ္တာတိုး ၍ရောက်လေဖြစ်သည်ကို Preces-sion of Equinoxe ဟုခေါ်သည်။
          နေ့တာ ညတာညီမျှခြင်းမှာ တနင်္ဂနွေဂြိုဟ် ဆောလျင်စွာရှေ့သို့ တက်ခြင်းကြောင့်ဖြစ်သည်။ နက္ခတ် စက်က နောက်ဆုတ်လေ တနင်္ဂနွေ ဂြိုဟ်က ရှေ့သို့တက်လေရောက်လေ ဟု နားလည်ရပေမည်။
          ဤသို့ကွာခြားသော အံသာ လိတ္တာကို Ayanamsa အယနံစ သို့မဟုတ် အယနံသ ဟုခေါ်သည်။ အယနနှင့် အံသပေါင်းပြီး အယနံသ ဟုခေါ်ခြင်းဖြစ်သည်။
          တစ်နှစ်တွင်တက်သော အယန အံသာမှာ အရှေ့နိုင်ငံသုံး သူရိယ သိဒ္ဓန္တတွက်ရိုးအရ ၅၄ ဝိလိတ္တာ၊ အနောက်နိုင်ငံ နက္ခတ္တဗေဒအရ ၅ဝ.၂၃ ဖြစ်ရာ ၃ ဝိလိတ္တာကျော်ကွာ ခြားသည်။
          ယခု ၂ဝ၁၂ ခုနှစ်အထိ အယန အံသာမှာ ၂၄ အံသာ၊ ၁ လိတ္တာ ဖြစ်သဖြင့် အနောက်နိုင်ငံ၏ တနင်္ဂနွေ ဂြိုဟ်နှင့် အရှေ့နိုင်ငံ၏ တနင်္ဂနွေဂြိုဟ် မှာ ရှေ့နောက် ၂၄ အံသာ၊ ၁ လိတ္တာ ကွာခြားနေသည်။
          အနောက်နိုင်ငံ တနင်္ဂနွေဂြိုဟ် က အရှေ့နိုင်ငံ တနင်္ဂနွေဂြိုဟ်ထက် ၂၄ အံသာ၊ ၁ လိတ္တာရှေ့ကျနေသည်။ တနင်္ဂနွေဂြိုဟ်ရပ်တည်သော ရာသီခွင် သတ်မှတ်ပုံကွဲပြားမှုကို နှိုင်းယှဉ်ချက် ဇယားတွင် ကြည့်ပါရန်။
          ဖော်ပြပါ ရာသီခွင်သတ်မှတ် ချက်မှာ ယေဘုယျသတ်မှတ်ချက် သာ ဖြစ်သည်။ ဧပြီလ ၁၄ ရက်တွင် မိဿသို့ နိရာယန တနင်္ဂနွေဂြိုဟ် ပြောင်းသော နှစ်များ၌ ရာသီခွင်သတ် မှတ်သောရက်များလည်း ပြောင်းလဲ သွားသည်။
          အနောက်နိုင်ငံသုံး သာယနရာ သီခွင် သတ်မှတ်ချက်သည်လည်း မူ သေမဟုတ်၊ ဖေဖော်ဝါရီတွင် ၂၉ ရက် ရှိသောနှစ်များ၌ ရာသီခွင်သတ်မှတ် ရက်အပြောင်းအလဲရှိသည်။
          အနောက်နိုင်ငံသုံး သာယနစနစ် နှင့် အရှေ့နိုင်ငံသုံး နိရာယနစနစ် အပေါ် နိုင်ငံကျော် မြန်မာနက္ခတ္တ ဗေဒပညာရှင် ဆရာကြီးဝဏ္ဏကျော် ထင်ပျဉ်းမနား ဦးသန်းမောင်(၁၉ဝ၇-၁၉၈၁) ၏အမြင်မှာ ဘယ်နည်းက မှန်မည်၊ မှားမည်ကို အထူးတွေးတော ပြီး သံသယဖြစ်စရာမလိုချေ။ ကြိုက် ရာနည်းကိုသာ သုံးစွဲနိုင်သည်။ အချို့ သော ခေတ်ပညာတတ်ပုဂ္ဂိုလ်တို့ သည် အနောက်နိုင်ငံ၏ သာယန နည်းနောက်သို့ ကောက်ကောက်ပါ အောင်လိုက်သွားကာ အမေကျော် ဒွေး တော်လွမ်းခဲ့ကြသည်။
          သို့သော် ဘိုးစဉ်ဘောင်ဆက် မိရိုးဖလာ နိရာယန နည်းကိုသာ သုံး စွဲကြသူသာ ရာခိုင်နှုန်းများပြားလေ သည်။ သာယနနှင့် နိရာယနပြဿ နာကား ဖြေရှင်း၍မရနိုင်သော ပဟေဠိ တစ်ရပ်ဖြစ်လေသည်။ မိမိအနေနှင့် ပိုမိုမှန်ကန်သည်ဟု ယုံကြည်သော နည်းကိုသာ လွတ်လပ်စွာသုံးစွဲနိုင် သည်။
          ကျွန်ုပ်အဖို့ကား နိရာယနဂြိုဟ် ခွင်ကိုသာသုံးစွဲလျက်ရှိသည်။ လက် တွေ့ဟောကြည့်ရာတွင် နိရာယန နည်းကသာ ပိုမိုမှန်ကန်ကြောင်းကို တွေ့ရသည်။ သို့သော် အနောက်နိုင်ငံ နည်းကို ပစ်ပယ်သူမဟုတ်ပေ။
          ရာသီဥတုကိုမူ သာယန တနင်္ဂ နွေဂြိုဟ်နှင့် တွက်မှ မှန်ကန်ကြောင်း တွေ့ရသည်။ လူတစ်စုံတစ်ယောက် ၏ အကျိုးအပြစ်ကိုဟောဆိုရာ၌ကား နိရာယနဂြိုဟ်ခွင်ကိုသာ သုံးစွဲသင့်ပေ သည်''ဟု ၁၉၇ဝ ပြည့်နှစ် စက်တင် ဘာလတွင် ထုတ်ဝေခဲ့သော ၁၉၇ဝ မှ ၂ဝဝ၂ အထိ ၃၂ နှစ်အတွက် ရှေ့ပြေးဂြိုဟ်သွား ပြက္ခဒိန်ကောက် နည်း စာအုပ်တွင်ရေးသားခဲ့သည်။
          ဗေဒင်ဝါသနာရှင်များအနေဖြင့် မိမိမွေးခဲ့သည့်နှစ်အရ မိမိမွေးခဲ့သည့် လနှင့်ရက်သည် မည်သည့်ရာသီခွင်ထဲ တွင် ရှိနေသည်ကို အတိအကျဖော်ပြ ဟောဆိုသည့် ၁၂ ရာသီဟောကိန်း ကို ဖတ်ပြီး ပိုမိုမှန်ကန်သော ဟော ကိန်းကိုရရှိနိုင်ကြပါစေသတည်း။
မောင်မောင်မြင့်သန်းမောင်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.