2013-5-20
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ဖက်ဒရယ်အကြောင်း တိုင်းရင်းသားပြည်သူများ ပိုမိုနားလည်ရန် ရည်ရွယ်၍ ဖက်ဒရယ်ဂျာနယ် ပြည်တွင်းတွင် ပထမဦးဆုံး စတင်ထုတ်ဝေ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၈၁၄
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သင့်အတွက် ဗေဒင်
၁.၇.၂၀၁၂ မှ ၁၅.၇.၂၀၁၂ အတွင်း လက်ထောက်ဗေဒင်ဟောကိန်း

ကြိုက်ရာ ဂဏန်းကို တစ်ကြိမ် သာထောက်ပြီး သက်ဆိုင်ရာဟော ကိန်းကိုဖတ်ပါ။ သင်ကိုယ်တိုင် သင့် သဘောဆန္ဒအရ ထောက် လိုက်သော ဂဏန်းက သင်၏ကံဇာတာကို ဖော်ပြ ပေးလိမ့်မည်။
    ဂဏန်းကို မထောက်မီ ဟော ကိန်းကို မဖတ်ရ။
    ဟောကိန်းအားလုံးကို အစ အဆုံးဖတ်ပြီးမှ ရလဒ်ကောင်းထွက် မည့် ဂဏန်းကိုရွေးပြီး မထောက်ရ၊ သစ္စာရှိပါစေ။
    ၁ မှ ၁၂ အထိ ဂဏန်း ၁၂ လုံးအနက် ဂဏန်းတစ်ခုခုကို မဲနှိုက် ရွေးချယ်နိုင်ပါက ပိုကောင်းပါသည်။

၁ ဂဏန်းထောက်မိသူ၏ ကံဇာတာ
    ငွေကြေး၊ ဝတ်ကောင်းစား ကောင်းအထူးဝင်လိမ့်မည်။ အဝတ် အထည်၊ အလှကုန်၊ ဇိမ်ခံပစ္စည်း၊ စိန်၊ ရွှေ၊ ကျောက်မျက် ရတနာစသည့် သောကြာနံနှင့်ပတ်သက်ပြီး ငွေကြေး ရတတ်သည်။ ထီပေါက်လျှင်ပေါက်၊ မပေါက်လျှင် ထီပေါက်သကဲ့သို့ငွေဝင် မည်။ အလုပ်အကြံအစည်များတွင် ဘေးရန်အခက်အခဲ စိတ်သောက ကြုံတွေ့ပြီးမှအဆင်ပြေမည်။ အိမ်ထောင်ရေး သာယာကောင်း မွန်မည်။ အင်္ဂါ၊ စနေနေ့နံသားသမီးတို့နှင့် ခိုက်ရန် စကားများရတတ်သည်။
   ကျန်းမာရေးဖောက်ပြန်လျက် ရောဂါရတတ်သည်။ တနင်္လာနံနှင့် အဖြူရောင်ပစ္စည်းများထွက်တတ်သည်။ တောင်အရပ်ခရီး မသင့်။ အင်္ဂါနေ့ ခရီး ရှောင်ပါ။ မွေးချင်းအတွက် အပူသော ကရှိမည်။ မတော်တဆဘေး၊ ရန်သူ ဘေးကိုသတိထားသင့်။

၂ ဂဏန်း ထောက်မိသူ၏ကံဇာတာ
       ငွေကြေးအဝင်များသလောက် အကုန်အကျလည်းများမည်။ ငွေကြေး ဥစ္စာ စီးပွားအဖတ်မတင်သေး။ ခြေ ၄ ချောင်း အတွက် ငွေကြေးကုန်ကျ မည်။ အင်္ဂါနံနှင့် အနီရောင်ပစ္စည်း၊ ရွှေ၊ စနေနံနှင့် အနက်ရောင်ပစ္စည်း ထွက်တတ်သည်။ သို့မဟုတ် ၄င်းနံ များအတွက် အကုန်အကျများတတ် သည်။ ခြေ ၄ ချောင်းဝင်လျင် စီးပွား ရေးကို ထိခိုက်တတ်။
   အလုပ်အကြံအစည်အတွက် အငြင်းပွားရမည်။ အလုပ်ကိစ္စနှင့် ပတ်သက်၍ ခရီးဝေးသွားရတတ် သည်။ အိမ်ထောင်ရေးမကောင်း။ အိမ်ထောင်ဘက်၏ ကျန်းမာရေးကို ဂရုစိုက်သင့်။ အိမ်ထောင်ဘက် အတွက် ပူပင်ရမည်။ လက်ထပ်စေ့စပ် ရန်မသင့်သေး။ သားသမီးအတွက် စိတ်သောကရောက်မည်။
    အိမ်၊ မြေ၊ ယာဉ်၊ အမွေ၊ ပေါင်း သင်းဆက်ဆံရေးစသည်တို့နှင့် ပတ် သက်၍ အဆင်မပြေဖြစ်တတ်သည်။ ကျန်းမာရေး ဂရုစိုက်ပေးပါ။
၃ ဂဏန်းထောက်မိသူ၏ ကံဇာတာ
    ငွေကြေးဥစ္စာ စီးပွားရေးအတွက် အပူသောကမကင်းဖြစ်မည်။ ဝင်ငွေ အကျိုးအမြတ်နည်းမည်။ ရစရာများ နှောင့်နှေးခြင်း၊ ခိုက်ရန် စကားများခြင်း ဖြစ်မည်။ ဘေးရန်မကင်းသော အချစ် ရေးဖန်တီးလာတတ်သည်။ ချစ်သူနှင့် စကားများရမည်။ သားသမီး တို့၏ ဘေးကင်းရေးကိုလည်း သတိထားရ လိမ့်မည်။
    မိသားစုထဲတွင် သောကြာနေ့နံ သားသမီး ကျန်းမာရေးထိခိုက်တတ် သည်။ သို့မဟုတ် အဝတ်အထည်၊ အလှကုန်၊ ဇိမ်ခံပစ္စည်း၊ စိန်၊ ရွှေ၊ ကျောက်မျက်ရတနာစသည့် သောကြာနံများထွက်တတ်သည်။ မိမိ ကျန်းမာရေးစိုးရိမ်ရန်မရှိ။
    အနှောင့်အယှက်များ မကင်း သော်လည်း လက်ထပ်လျှင်သင့်၏။ အိမ်ထောင်ရေးဖန်တီးလာတတ်သည်။ အလုပ်အကြံအစည် အထူးအထွေ အညံ့မရှိချေ။ အလုပ်ကောင်းရတတ် သည်။ ခရီးဝေး သို့မဟုတ် နိုင်ငံခြား ခရီးသွားရတတ်၏။
၎ ဂဏန်း ထောက်မိသူ၏ကံဇာတာ
    မိမိဆောင်ရွက်သည့် ငွေကြေး ဥစ္စာစီးပွားရေးနှင့် ပတ်သက်သော လုပ်ငန်းများအဆင်ပြေလိမ့်မည်။ အင်္ဂါ နံနှင့် အနီရောင်ပစ္စည်း၊ ရွှေ၊ စနေနံနှင့် အနက်ရောင်ပစ္စည်းများဝင်တတ်သည်။ သို့မဟုတ် ¤င်းနံပစ္စည်းများနှင့် ပတ်သက်၍ အကျိုးအမြတ် ရှိမည်။ အိမ်၊ မြေ၊ ယာဉ်၊ ကား စသည်တို့ ဝင်တတ်သည်။ သို့မဟုတ် ¤င်းတို့နှင့် ပတ်သက်၍ အကျိုးအမြတ်ရရှိခြင်း အဆင်ပြေခြင်း ရှိမည်။
    အလုပ်အကြံအစည်များ ပျက် ပြားခြင်း၊ အဆင်မပြေခြင်း၊ အလုပ်မရှိ သူများအဖို့ အလုပ်ရရန် ခက်ခဲခြင်း၊ အလုပ်ထွက် ရ၊ ပြောင်းရခြင်းဖြစ်တတ် သည်။ သို့မဟုတ် အဖ၊ အထက်လူ ကြီး၊ တနင်္ဂနွေနေ့နံ သားသမီးတို့၏ ကျန်းမာရေးကို ထိခိုက်တတ် သည်။
    အချစ်ရေး၊ အိမ်ထောင်ရေး ကောင်းမည်။ အိမ်ထောင်ကျတတ် သည်။ စိတ်မငြိမ်။ ခရီးယာယီများ မည်။ ကျန်းမာရေးကောင်းမည်။ အညံ့ ကြုံပါက ကုသပျောက်ကင်းမည်။
၅ ဂဏန်းထောက်မိသူ၏ ကံဇာတာ
    ငွေကြေး အကုန်အကျများမည်။ ကြာသာပတေးနံနှင့် အဝတ်အထည်၊ အလှကုန်၊ ဇိမ်ခံပစ္စည်း၊ စိန်၊ ရွှေ၊ ရတနာ စသည့် သောကြာနံပစ္စည်းများ ထွက်ကိန်းရှိသည်။ သို့မဟုတ် ¤င်းနံ များအတွက် အကုန်အကျအဆုံးအရှုံး ရှိမည်။ အိမ်၊ မြေ၊ ယာဉ်၊ ကား စ သည်တို့နှင့် ပတ်သက်၍ ဘေးရန် မှုခင်းပြဿနာနှင့် အနှောင့်အယှက် မကင်းသော်လည်း ဆောင်ရွက်အဆင် ပြေမည်။ အလုပ်အကြံအစည်များ မတိုးတက်နိုင်သေးသည့်အပြင် အလုပ် တွင် အပြိုင်အဆိုင် ပဋိပက္ခမှုခင်း ပြဿနာပေါ်လာတတ်သည်။
    အချစ်ရေး၊ အိမ်ထောင်ရေးမှာ ဟန်မကျချေ။ အဆင်မပြေမှုဖြစ်မည်။ သို့မဟုတ် အိမ်ထောင်ဘက်၏ ကျန်းမာရေးကို ထိခိုက်မည်။ သား သမီးတို့၏ ကျန်းမာရေးကို ဂရုစိုက် ပေးပါ။ သားသမီးအတွက် စိတ်ပူရ မည်။ ဖျားနာတတ်သည်။
၆ ဂဏန်းထောက်မိသူ၏ကံဇာတာ
    ထီပေါက်ခြင်း၊ ထီပေါက်သကဲ့သို့ ငွေဝင်ခြင်း၊ ငွေကြေးဥစ္စာပစ္စည်း၊ ဝတ်ကောင်းစားကောင်း အထူးဝင်ခြင်း၊ စီးပွားရေး   ကောင်းခြင်းတို့ရှိမည်။ ကြာသပတေးနေ့နှင့် ၃ ရက် ၁၂ ရက်တို့တွင် ထီထိုးပါ။
    အိမ်၊ မြေ၊ ယာဉ်၊ ကား၊ အမွေ စသည်တို့နှင့်ပတ်သက်သော ခိုက်ရန် ပဋိပက္ခအပြိုင်အဆိုင်၊ မှုခင်းပြဿနာ ကြုံတတ်သည်။ ၄င်းကိစ္စများ ဆောင်ရွက်ခြင်းမပြုသင့်။ အလုပ်အကြံ အစည်များ နှောင့်နှေးမည်။ အနှောင့် အယှက်ပေါ်မည်။ ရာထူး၊ ဂုဏ်ထူး သိက္ခာကျဆင်းမည်။ အလုပ်အတွက် ခိုက်ရန်ဒေါသမှုခင်းပြဿနာ မဖြစ်ရန် သတိပြုပါ။ အိမ်ထောင်ရေးမသာ ယာ။ အိမ်ထောင်ဘက်၏ ကျန်းမာ ရေးချူချာမည်။ အိမ်တွင်းရေး မအေး ချမ်းတတ်ချေ။ မိသားစုထဲက ဗုဒ္ဓဟူး နေ့နံ သားသမီး၏ ကျန်းမာရေးကို ဂရုစိုက်သင့်။ ရောဂါဥပဒ်ဘေး အထူး အထွေ မကြုံနိုင်ပါ။
၇ ဂဏန်းထောက်မိသူ၏ကံဇာတာ
    ကြာသပတေးနံနှင့် အဝတ် အထည်၊ အလှကုန်၊ ဇိမ်ခံပစ္စည်း၊ စိန်၊ ရွှေ၊ ရတနာစသည့် သောကြာနံ ပစ္စည်းဝင်မည်။ သို့မဟုတ် ၄င်းနံ ပစ္စည်းများနှင့် ပတ်သက်၍ အကျိုး အမြတ်ရရှိတတ်၏။ တနင်္ဂနွေနံ သက်ရှိသက်မဲ့ ထွက်ကိန်းရှိသည်။ သို့မဟုတ် တနင်္ဂနွေနံ သက်ရှိသက်မဲ့ အတွက် ငွေကုန်ကျခြင်း၊ စီးပွားဥစ္စာ နစ်နာခြင်းရှိလိမ့်မည်။ အိမ်၊ မြေ၊ ယာဉ်၊ ကား၊ အမွေ စသည်တို့ရရှိ ခြင်း။ ၄င်းတို့နှင့် ပတ်သက်သော အကျိုးအမြတ်ကောင်းခြင်း၊ အဆင် ပြေခြင်း၊ အလိုဆန္ဒပြည့်ဝခြင်းရှိမည်။
    မိမိအခြေအနေနှင့် လုပ်ငန်းစဉ် အလျောက် အလုပ်အကြံအစည်နှင့် ပတ်သက်သော ဘေးရန်မှုခင်းပြဿ နာများကြုံမည်။ အလုပ်အကြံအစည် ပျက်ပြားခြင်း၊ အဖ၊ အထက်လူကြီး၊ တနင်္ဂနွေနေ့နံ သားသမီးအတွက် အပူ သောကကြုံခြင်းရှိမည်။ အချစ်ရေး၊ အိမ်ထောင်ရေးကောင်းမည်။ လက် ထပ်ရကိန်းရှိန်သည်။ ကျန်းမာရေး မစိုးရိမ်ရချေ။

၈ ဂဏန်းထောက်မိသူ၏ကံဇာတာ
    အလိုရှိသော ငွေကြေးဥစ္စာပစ္စည်း ရရှိမည်။ စီးပွားရေး အခြေအနေသင့် ၏။ ဝင်ငွေပုံမှန်သာရှိမည်။ အကျိုး အမြတ်နှောင့်နှေးပြီးမှ ရတတ်သည်။ သို့မဟုတ် အကျိုးအမြတ်ရရှိရေး အနှောင့်အယှက်ရှိတတ်သည်။
    အိမ်၊ မြေ၊ ယာဉ်၊ ကား၊ အမွေ စသည်တို့နှင့် ပတ်သက်သော ကိစ္စ များအဆင်ပြေအောင်မြင်လိမ့်မည်။
    အချစ်ရေး၊ ပညာရေး၊ သား သမီးရေးကောင်းသည်။ မျက်နှာစန်း အလွန်ပွင့်တတ်သည်။ လက်ထပ် လျှင်သင့်သည်။ အလုပ်အကြံအစည် နှင့် ပတ်သက်၍ ဘေးရန်ပေါ်မည်။ တနင်္ဂနွေနေ့နံသားသမီး၊ အထက်လူ ကြီးနှင့် သဘောကွဲမည်။ အလုပ် အကြံအစည် မအောင်မြင်တတ်ချေ။ အအေးမိဖျားနာတတ်သည်။ နိုင်ငံခြား ခရီးနှောင့်နှေး ပျက်ပြားမည်။
၉ ဂဏန်းထောက်မိသူ၏ကံဇာတာ
     ငွေကြေးဥစ္စာ ပစ္စည်း၊ စီးပွား ရေးနှင့် ပတ်သက်၍ အကုန်အကျများ ခြင်း၊ နစ်နာဆုံးရှုံးခြင်း၊ ဘေးဒုက္ခ ရောက်ခြင်း၊ အငြင်းပွားခြင်း ရှိမည်။ လူခိုးလူလိမ် သတိပြုပါ။ ဗုဒ္ခဟူးနံနှင့် အစိမ်းရောင်ပစ္စည်းများ ထွက်တတ် သည်။ သို့မဟုတ် ဗုဒ္ဓဟူးနံ သက်ရှိ သက်မဲ့နှင့် စာအုပ်စာရေးကိရိယာ အတွက် အကုန်အကျများမည်။ ငွေကြေးဥစ္စာ စီးပွားရေးနှင့်ဆိုင်သော ဘေးရန်အထွေထွေကိုလည်း သတိ ထားသင့်။ အိမ်၊ မြေ၊ ယာဉ်၊ ကား၊ အမွေ စသည့်ကိစ္စများ နှောင့်နှေးခြင်း၊ အဆင်မပြေခြင်း၊ သောကရောက်ခြင်း များဖြစ်တတ်သည်။ မိမိတို့၏ လုပ် ကိုင်သော လုပ်ငန်းအလျောက် အလုပ် အကြံအစည်များ တိုးတက်ကောင်း မွန် အောင်မြင်လိမ့်မည်။ အလုပ်မရှိ သူများ အလုပ်အဆင်ပြေမည်။ အချစ် ရေး၊ အိမ်ထောင်ရေးကိစ္စ အောင်မြင် မည်။ မိသားစုထဲမှ ဗုဒ္ဓဟူးနေ့နံ သားသမီး၏ ကျန်းမာရေးဂရုစိုက်ပါ။ မိမိကျန်းမာရေး စိတ်မချရချေ။
၁ဝ ဂဏန်းထောက်မိသူ၏ကံဇာတာ
    ငွေကြေးအစုလိုက် အပုံလိုက် ဝင်ကိန်းရှိသည်။ ကြာသာပတေးနှင့် သောကြာနေ့တွင် ထီထိုးပေးပါ။ ထီ ပေါက်တတ်သည်။ ထီပေါက်သကဲ့ သို့ ငွေဝင်ခြင်း သို့မဟုတ် အမွေရခြင်း ရှိမည်။ စီးပွားရေးသမားများ အကျိုး အမြတ်များမည်။ အိမ်၊ မြေ၊ ယာဉ်၊ ကား၊ အရောင်းအဝယ်လုပ်ရတတ် သည်။ သို့မဟုတ် ¤င်းကိစ္စများနှင့် ပတ်သက်၍ အဆင်ပြေခြင်း၊ ကောင်း ကျိုးရှိခြင်းဖြစ်လိမ့်မည်။ အလုပ်အကြံ အစည်ပြုသမျှ အနှောင့်အယှက် အခက်အခဲတွေ့ပြီးမှ အဆင်ပြေလိမ့် မည်။ အလုပ်နေရာ အပြောင်းအရွှေ့ အပြောင်းအလဲကြုံတတ်သည်။ အိမ် ထောင်ရေးမကောင်း၊ ကွဲပျက်ခြင်း၊ ခွဲခွာရခြင်းရှိမည်။ လက်ထပ်ရန် မသင့်သေး။ အိမ်ထောင် ဘက်တွင် အန္တရာယ်ကြုံ တတ်သည်။ ကျန်းမာ ရေးကို အထူးဂရုစိုက်ပေးသင့်သည်။
၁၁ ဂဏန်းထောက်မိသူ၏ကံဇာတာ
    ငွေကြေးဥစ္စာပစ္စည်း၊ စီးပွားရေး နှင့်ပတ်သက်၍ အလွန်ကံကောင်း လိမ့်မည်။ သောကြာနေ့နှင့်  ၆ ရက် ၁ဝ ရက်များ တွင် ငွေကြေးဥစ္စာစီးပွား ရေးကိစ္စများ ဆောင်ရွက်သင့်။ ထီထိုး သင့်၏။ စာအုပ်စာရေး ကိရိယာ၊ ပညာရေးနှင့် သက်ဆိုင်သော လုပ်ငန်းများနှင့် ပတ်သက်၍ အကျိုးအမြတ် ရရှိပြီး ဝင်ငွေကောင်းမည်။
    အိမ်၊ မြေ၊ ယာဉ်၊ ကား၊ အမွေ စသည့်ကိစ္စများနှင့်ပတ်သက်၍ ကံကောင်းမှုများ ပေါ်လာတတ်သည်။ မိမိလုပ်ကိုင်သော လုပ်ငန်းအသီးသီး တွင် ကိုယ့်လုပ်ငန်းနှင့်ကိုယ် တိုး တက်မှုရှိမည်။ တိုးချဲ့လုပ်ကိုင်နိုင် သည်။ အကြံအစည်များအောင်မြင် တတ်သည်။ အိမ်ထောင်ရေးတွင် ဘေးရန်အနှောင့်အယှက်ပေါ်မည်။ စေ့စပ်လက်ထပ်ရန်မသင့်သေး။ အလုပ် အပြောင်းအရွှေ့၊ အပြောင်းအလဲလုပ်လျှင်ကောင်း၏။ ကျန်းမာ ရေးကို ဂရုစိုက်ပါ။ ဒဏ်ရာအနာတရ ဖြစ်တတ်သည်။
၁၂ ဂဏန်းထောက်မိသူ၏ကံဇာတာ
    ငွေကြေးအကျိုးအမြတ်ရရှိ တတ်သည်။ ဝင်ငွေကောင်းတတ် သည်။ ငွေကြေးဥစ္စာပစ္စည်း၊ စီးပွား ရေးနှင့် ပတ်သက်၍ ခိုက်ရန်ဒေါသ စကားများရတတ်သည်။ အိမ်၊ မြေ၊ ယာဉ်၊ ကား၊ အမွေ စသည့်ကိစ္စများ နှင့် ပတ်သက်၍ ကောင်းကျိုးပေး တတ်သည်။ အရောင်းအဝယ်လုပ်နိုင် သည်။ တနင်္ဂနွေနေ့တွင် မလုပ်သင့်။ ဆွေမျိုးသားချင်းတို့၏ အကူအညီ အထောက်အပံ့ရမည်။ သို့မဟုတ် ¤င်း တို့နှင့် ဆက်ဆံရေးအဆင်ပြေမည်။ အလုပ်အကြံအစည်နှင့် ပတ်သက် သော ဘေးရန်မှုခင်းပြဿနာ သတိ ပြုပါ။ အလုပ်အပြောင်းအလဲ၊ အပြောင်းအရွှေ့ ကြုံတတ်သည်။ အချစ်ရေးကောင်း၏။ အိမ်ထောင်ရှင် များ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ဖြစ် တတ်သည်။ အိမ်ထောင်ရေးတွင် ဘေးရန်အနှောင့်အယှက်သတိပြုပါ။ ခရီးတို၊ ခရီးဝေး (သို့မဟုတ်) နိုင်ငံခြားခရီးသွား ရကိန်း ရှိသည်။ သို့မဟုတ် ဘာသာရေး၊ ကုသိုလ်ကောင်းမှုပြုရ တတ်သည်။ ကျန်းမာရေးစိုးရိမ်စရာ မလိုချေ။

မောင်မောင်မြင့်သန်းမောင်
 

Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.