2013-5-20
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
တင်မိုး၊ ပိတောက်မှသရဖီသို့
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၈၁၄
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သင့်အတွက် ဗေဒင်
သင်ဘာနက္စတ်နဲ့ဖွားသလဲ

သင်ဘာနက္ခတ်ဖွားလဲသိပါ သလား။ တစ်နည်းဆိုသော် သင်မွေး ဖွားစဉ်က အာကာသကောင်းကင်တွင် စန်းခေါ်တနင်္လာဂြိုဟ်နှင့် အသဝနီ နက္ခတ်အစ ရေဝတီနက္ခတ်အဆုံး နက္ခတ် ၂၇ လုံးရှိသည့်အနက် မည် သည့်နက္ခတ်နှင့် ယှဉ်ပြီးမွေးဖွားခဲ့သည် ကို သိပါသလား။
    မိဿရာသီအစ မိန်ရာသီအဆုံး ရှိသော ၁၂ ရာသီစက်သည် အနောက်မှ အရှေ့သို့စက်ဝိုင်းပုံဖြင့် တည်ရှိကြရာ အသဝနီနက္ခတ်အစ ရေဝတီနက္ခတ်အဆုံးရှိသော နက္ခတ် ၂၇ လုံးသည်လည်း အနောက်မှအရှေ့ သို့ အစဉ်အတိုင်း တည်ရှိလေ သည်။
    ဖွားဇာတာရှိသူဖြစ်ပါက ဖွားဇာ တာတွင် စန်းခေါ်တနင်္လာဂြိုဟ်ရပ် တည်သော ရာသီအံသာ လိတ္တာကို ကြည့်ပြီး မိမိမည်သည့်နက္ခတ်နှင့် စန်းခေါ်တနင်္လာဂြိုဟ်ယှဉ်ပြီး ဖွားမြင် သည်။ တစ်နည်းအားဖြင့် မည်သည့် နက္ခတ်ဖွားဖြစ်သည်ကို အလွယ်တကူ သိရှိနိုင်ပါည်။
    ကမ္ဘာကျော်ရှေးဟောင်း အိန္ဒိယ နက္ခတ္တဗေဒကျမ်းတစ်စောင်ဖြစ်သည့် ဝရဟမိဟိရ ရေးသားခဲ့သော ဗြို့ ဟဇ်ဇာတက ကျမ်းအခန်း ၁၆ တွင် စန်းယှဉ်နက္ခတ်ဟောကိန်းကို အတိ အလင်းရေးသားဖော်ပြခဲ့ပါသည်။
    ယင်းကျမ်းသည် မြန်မာနိုင်ငံသို့ ၁၇၈၂ ခုနှစ်တွင် နန်းတက်သော ဘိုးတော်မင်းတရားလက်ထက် တွင် ရောက်ရှိခဲ့ ပြီး ညောင်ကန်ဆရာတော် နှင့် မောင်းတောင်ဆရာတော်တို့က မြန်မာပြန်ဆိုခဲ့သည်။
    ခရစ်နှစ် ၁၈၈၁ ခုနှစ်တွင် ယောမင်းကြီးဦးဘိုးလှိုင်(ရွှေပြည်မင်းကြီး) က ဗြို့ဟဇ်ဇာတက ကျမ်းကို အခြေပြုပြီး ဟာသုဇာတက ကျမ်းကို ရေးသားပြုစုခဲ့သည်။
    အခြေအမြစ်ရှိပြီး ထင်ပေါ်ကျော် ကြားသော နက္ခတ္တဗေဒကျမ်းလာ စန်းယှဉ်နက္ခတ်(သို့မဟုတ်)ဖွားနက္ခတ် ဟောကိန်းကို နက္ခတ်ဗေဒင် ဝါသနာ ရှင်များ အလွယ်တကူသိရှိနိုင်ရန် ရေးသားဖော်ပြလိုက်ပါသည်။
    ဝရာသီ၊ ဝအံသာ၊ ဝလိတ္တာမှ ဝရာသီ၊ ၁၃အံသာ၊ ၂ဝလိတ္တာအတွင်း စန်းခေါ်တနင်္လာဂြိုဟ်ရပ်တည်လျှင် အသဝနီ နက္ခဖွားဖြစ်သည်။  အသဝနီနက္ခတ်နှင့် စန်းယှဉ်ဖွား မြင်သူသည် ဥပဓိရုပ်ကောင်းမည်။ ထင်ပေါ်ကျော်ကြားမည်။ အသိÓဏ် ရှိမည်။ လုပ်ငန်းကျွမ်းကျင်မည်။ မွမ်းမံပြင်ဆင်မှုကို နှစ်သက်မည်။
    ဝရာသီ၊ ၁၃အံသာ၊ ၂ဝလိတ္တာ မှ ဝရာသီ၊ ၂၆အံသာ၊ ၄ဝလိတ္တာ အတွင်း စန်းခေါ်တနင်္လာဂြိုဟ် ရပ်တည်လျှင် ဘရဏီ နက္ခတ်ဖွား ဖြစ်သည်။ ဘရဏီနက္ခတ်နှင့် စန်းယှဉ်ဖွား မြင်သူသည် အလုပ်တာဝန်ပြီးဆုံး အောင် ဆောင်ရွက်တတ်သည်။ ယုံကြည် စိတ်ချရလိမ့်မည်။ ကျန်းမာ ရေးကောင်းလိမ့်မည်။ လုပ်ငန်းကျွမ်း ကျင်၍ ပျော်ရွှင်ရလိမ့်မည်။
    ဝရာသီ၊ ၂၆အံသာ၊ ၄ဝလိတ္တာ မှ ၁ရာသီ၊ ၁ဝအံသာ၊ ဝလိတ္တာ အတွင်း စန်းခေါ်တနင်္လာဂြိုဟ် ရပ်တည်လျှင် ကြတ္တိကာနက္ခတ်ဖွား ဖြစ်သည်။ ကြတ္တိကာနက္ခတ်နှင့် စန်းယှဉ် ဖွားမြင်သူသည် အစားကြီးမည်။ သူတစ်ပါးမယားကို ပြစ်မှားမိတတ် သည်။ ရုပ်ရည်ဆွဲဆောင်မှုရှိ၍ ထင်ပေါ်ကျော်စောလိမ့်မည်။
    ၁ရာသီ၊ ၁ဝအံသာ၊ ဝလိတ္တာ မှ ၁ရာသီ၊ ၂၃အံသာ၊ ၂ဝလိတ္တာ အတွင်း စန်းခေါ်တနင်္လာဂြိုဟ် ရပ်တည်လျှင် ဧရာဟဏီ နက္ခတ်ဖွား ဖြစ်သည်။ ဧရာဟဏီနက္ခတ်နှင့် စန်းယှဉ် ဖွားမြင်သူသည် ယုံကြည်စိတ်ချရလိမ့် မည်။ ဘာသာရေးလိုက်စားမည်။ သန့်ရှင်း စင်ကြယ် လိမ့်မည်။ စကား ပြောချိုသာလိမ့်မည်။ ဥပဓိရုပ်ကောင်း ပြီး သမာဓိရှိမည်။
    ၁ရာသီ၊ ၂၃အံသာ၊ ၂ဝလိတ္တာ မှ ၂ရာသီ၊ ၆အံသာ၊ ၄ဝလိတ္တာ အတွင်း စန်းခေါ်တနင်္လာဂြိုဟ် ရပ်တည်လျှင် မိဂသီ နက္ခတ်ဖွား ဖြစ်သည်။ မိဂသီနက္ခတ်နှင့် စန်းယှဉ်ဖွား မြင်သူသည် စိတ်မတည်ငြိမ်။ အသိ Óဏ်ထက်မြက်သည်။ လုပ်ငန်း ကျွမ်းကျင်သည်။ သရဲဘောကြောင် တတ်သည်။ စကားပြောကောင်း သည်။  လုံ့လဝီရိယရှိသည်။ ပစ္စည်း ဥစ္စာချမ်းသာမည်။ စည်းစိမ် ခံစား တတ်သည်။
    ၂ရာသီ၊ ၆အံသာ၊ ၄ဝလိတ္တာ မှ ၂ရာသီ၊ ၂ဝအံသာ၊ ဝလိတ္တာ အတွင်း စန်းခေါ်တနင်္လာဂြိုဟ် ရပ်တည်လျှင် အဒြနက္ခတ် ဖွား ဖြစ်သည်။ အဒြနက္ခတ်နှင့် စန်းယှဉ်ဖွားမြင် သူသည် သစ္စာမရှိ၊ မောက်မာတတ် သည်။ ကျေးဇူးမသိ တတ်၊ လှောင် ပြောင် တတ်သည်။ အပြစ်ကျူးလွန် တတ်သည်။
    ၂ရာသီ၊ ၂ဝအံသာ၊ ဝလိတ္တာ မှ ၃ရာသီ၊ ၃အံသာ၊ ၂ဝလိတ္တာ အတွင်း စန်းခေါ်တနင်္လာဂြိုဟ် ရပ်တည်လျှင် ပုန္နဖုသျှ နက္ခတ်ဖွား ဖြစ်သည်။ ပုန္နဖုသျှနက္ခတ်နှင့် စန်းယှဉ်ဖွား မြင်သူသည် မိမိကိုယ်မိမိ ထိန်းသိမ်း လိမ့်မည်။ ပျော်ရွှင်ရလိမ့်မည်။ ချစ်စရာ စိတ်ထားရှိသည်။ ဥာဏ်ထိုင်း သည်။ ရောဂါရတတ်သည်။ ရောင့်ရဲ လွယ်သည်။
    ၃ရာသီ၊ ၃အံသာ၊ ၂ဝလိတ္တာ မှ ၃ရာသီ၊ ၁၆အံသာ၊ ၄ဝလိတ္တာ အတွင်း စန်းခေါ်တနင်္လာဂြိုဟ် ရပ်တည်လျှင် ဖုသျှ နက္ခတ်ဖွား ဖြစ်သည်။ ဖုသျှနက္ခတ်နှင့် စန်းယှဉ်ဖွားမြင် သူသည်စိတ်ကို ချုပ်တီးတတ်သည်။ ထင်ပေါ်ကျော်စောသည်။ ပညာရှိ သည်။ ပစ္စည်းဥစ္စာ ချမ်းသာမည်။ ပေးကမ်းစွန့်ကြဲတတ်သည်။
    ၃ရာသီ၊ ၁၆အံသာ၊ ၄ဝလိတ္တာ မှ ၄ရာသီ၊ ဝအံသာ၊ ဝလိတ္တာအတွင်း စန်းခေါ်တနင်္လာဂြိုဟ်ရပ်တည်လျှင် အသလိဿနက္ခတ်ဖွားဖြစ်သည်။ အသလိဿနက္ခတ်နှင့် စန်း ယှဉ်ဖွားမြင်သူသည် ရိုးသားမှုမရှိ၊ အပြစ်ကျူးလွန်တတ်သည်။ လိမ်ညာ တတ်သည်။ ကျေးဇူးမသိတတ်။ အရာရာစုဆောင်းတတ်သည်။ ၄ရာသီ၊ ဝအံသာ၊ ဝလိတ္တာ မှ ၄ရာသီ၊ ၁၃အံသာ၊ ၂ဝလိတ္တာအတွင်း စန်းခေါ်တနင်္လာဂြိုဟ်ရပ်တည်လျှင် မာဃနက္ခတ်ဖွားဖြစ်သည်။
    မာဃနက္ခတ်နှင့် စန်းယှဉ်ဖွားမြင် သူသည် ပစ္စည်းဥစ္စာ ချမ်းသာမည်။ အရသာခံစားလိမ့်မည်။ နတ်များနှင့် အကြီးအကဲများကို ပူဇော်ပသလိမ့် မည်။ လုံ့လဝီရိယရှိသည်။
    ၄ရာသီ၊ ၁၃အံသာ၊ ၂ဝလိတ္တာ မှ ၄ရာသီ၊ ၂၆အံသာ၊ ၄ဝလိတ္တာ အတွင်း စန်းခေါ်တနင်္လာဂြိုဟ် ရပ်တည်လျှင် ပြုဗ္ဗဖလဂုနီနက္ခတ်ဖွား ဖြစ်သည်။
    ပြုဗ္ဗဖလဂုနီနက္ခတ်နှင့် စန်းယှဉ် ဖွားမြင်သူဖြစ်သူသည် အပြောချိုသာ ပြီး ရက်ရောစွာပေးကမ်းတတ်သည်။ ဥပဓိရုပ်ကောင်း သည်။ ခရီးသွားခြင်း ကို နှစ်သက်သည်။ တိုင်းပြည်အပေါ် သစ္စာရှိသည်။
    ၄ရာသီ၊ ၂၆အံသာ၊ ၄ဝလိတ္တာ မှ ၅ရာသီ၊ ၁ဝအံသာ၊ ဝလိတ္တာ အတွင်း စန်းခေါ်တနင်္လာဂြိုဟ် ရပ်တည်လျှင် ဥတ္တရဖလဂုနီနက္ခတ် ဖွားဖြစ်သည်။
    ဥတ္တရဖလဂုနီနက္ခတ်နှင့် စန်း ယှဉ်ဖွားမြင်သူသည် ထင်ပေါ် ကျော် စောလိမ့်မည်။ ကိုယ်တိုင်ကြိုးပမ်းမှု ဖြင့် ပစ္စည်းဥစ္စာရရှိမည်။ ချမ်းသာ သုခရှိလိမ့်မည်။
    ၅ရာသီ၊ ၁ဝအံသာ၊ ဝလိတ္တာ မှ ၅ရာသီ၊ ၂၃အံသာ၊ ၂ဝလိတ္တာ အတွင်း စန်းခေါ်တနင်္လာဂြိုဟ် ရပ်တည်လျှင် ဟဿတနက္ခတ်ဖွား ဖြစ်သည်။
    ဟဿတနက္ခတ်နှင့် စန်းယှဉ် ဖွားမြင်သူသည် လုံ့လဝီရီယရှိ၏။ အသိÓဏ်ရှိ၏။ အရှက်အကြောက် မရှိ။ အရက်ကိုကြိုက်တတ်သည်။ ရက်စက်ကြမ်းကြုတ်သည်။ ခိုးဝှက် တတ်သည်။
    ၅ရာသီ၊ ၂၃အံသာ၊ ၂ဝလိတ္တာ မှ ၆ရာသီ၊ ၆အံသာ၊ ၄ဝလိတ္တာ အတွင်း စန်းခေါ်တနင်္လာဂြိုဟ် ရပ်တည်လျှင် စိတြနက္ခတ်ဖွား ဖြစ်သည်။
    စိတြနက္ခတ်နှင့် စန်းယှဉ်ဖွားမြင် သူသည် လှပသော အဝတ်အထည် ကို ဝတ်ဆင်လိမ့်မည်။ ပစ္စည်းများကို အသုံးပြုလိမ့်မည်။ လှပသော မျက်စိ နှင့် ကိုယ်ခန္ခာအစိတ်အပိုင်းများ ရှိလိမ့် မည်။
    ၆ရာသီ၊ ၆အံသာ၊ ၄ဝလိတ္တာ မှ ၆ရာသီ၊ ၂ဝအံသာ၊ ဝလိတ္တာ အတွင်း စန်းခေါ်တနင်္လာဂြိုဟ် ရပ်တည်လျှင် သွာတိနက္ခတ်ဖွား ဖြစ်သည်။
    သွာတိနက္ခတ်နှင့် စန်းယှဉ်ဖွား မြင်သူသည် ယဉ်ကျေးသိမ်မွေ့မည်။ အရောင်းအဝယ်ကျွမ်းကျင်မည်။ သနားကြင်နာတတ်သည်။ အပြောချို သာသည်။ ရက်ရက်ရောရော ပေးကမ်းစွန့်ကြဲတတ်သည်။
    ၆ရာသီ၊ ၂ဝအံသာ၊ ဝလိတ္တာ မှ ၇ရာသီ၊ ၃အံသာ၊ ၂ဝလိတ္တာ အတွင်း စန်းခေါ်တနင်္လာဂြိုဟ် ရပ်တည်လျှင် ဝိသာခါနက္ခတ်ဖွား ဖြစ်သည်။
    ဝိသာခါနက္ခတ်နှင့် စန်းယှဉ်ဖွား မြင်သူသည် မနာလိုဝန်တိုစိတ်ရှိသည်။ လိုချင်မျက်စိရှိသည်။ ဥပဓိရုပ်ကောင်း သည်။ စကားပြောလိမ္မာသည်။ ရန်လို တတ်သည်။
    ၇ရာသီ၊ ၃အံသာ၊ ၂ဝလိတ္တာ မှ ၇ရာသီ၊ ၁၆အံသာ၊ ၄ဝလိတ္တာ အတွင်း စန်းခေါ်တနင်္လာဂြိုဟ် ရပ်တည်လျှင် အနုရာဓနက္ခတ်ဖွား ဖြစ်သည်။
    အနုရာဓနက္ခတ်နှင့် စန်းယှဉ်ဖွား မြင်သူသည် ပစ္စည်းချမ်းသာမည်။ တိုင်းတစ်ပါးတွင် နေထိုင်ရလိမ့်မည်။ ဆာလောင်မွတ်သိပ်မှုကို မခံနိုင်။ ခရီး သွားခြင်းကို နှစ်သက်သည်။
    ၇ရာသီ၊ ၁၆အံသာ၊ ၄ဝလိတ္တာ မှ ၈ရာသီ၊ ဝအံသာ၊ ဝလိတ္တာ အတွင်း စန်းခေါ်တနင်္လာဂြိုဟ် ရပ်တည်လျှင် ဇေဋ္ဌနက္ခတ်ဖွား ဖြစ်သည်။
    ဇေဋ္ဌနက္ခတ်နှင့် စန်းယှဉ်ဖွားမြင် သူသည် မိတ်ဆွေနည်းမည်။ ရောင့်ရဲ လွယ်မည်။ ပေးကမ်းစွန့်ကြဲမည်။ စိတ် အလွန်ဆတ်သည်။
    ၈ရာသီ၊ ဝအံသာ၊ ဝလိတ္တာ မှ ၈ရာသီ၊ ၁၃အံသာ၊ ၂ဝလိတ္တာအတွင်း စန်းခေါ်တနင်္လာဂြိုဟ်ရပ်တည်လျှင် မူလနက္ခတ်ဖွား ဖြစ်သည်။
    မူလနက္ခတ်နှင့် စန်းယှဉ်ဖွားမြင် သူသည် မာနကြီးမည်။ ပစ္စည်းဥစ္စာ ချမ်းသာမည်။ စိတ်သဘောထား ပျော့ပျောင်းမည်။ စိတ်တည်ကြည်၍ ဇိမ်ခံတတ်သည်။
    ၈ရာသီ၊ ၁၃အံသာ၊ ၂ဝလိတ္တာ မှ ၈ရာသီ၊ ၂၆အံသာ၊ ၄ဝလိတ္တာ အတွင်း စန်းခေါ်တနင်္လာဂြိုဟ် ရပ်တည် လျှင် ပြုဗ္ဗာသာဠ်နက္ခတ်ဖွား ဖြစ်သည်။
    ပြုဗ္ဗာသာဠ်နက္ခတ်နှင့် စန်းယှဉ် ဖွားမြင်သူသည် ချစ်ဖွယ်သော ဇနီး မယားကိုရတတ်သည်။ မာနကြီးလိမ့် မည်။ မိတ်ဆွေမြဲမည်။
    ၈ရာသီ၊ ၂၆အံသာ၊ ၄ဝလိတ္တာ မှ ၉ရာသီ၊ ၁ဝအံသာ၊ ဝလိတ္တာ အတွင်း စန်းခေါ်တနင်္လာဂြိုဟ် ရပ်တည်လျှင် ဥတ္တရာသာဠ်နက္ခတ် ဖွားဖြစ်သည်။
    ဥတ္တရာသာဠ်နက္ခတ်နှင့် စန်း ယှဉ်ဖွားမြင်သူသည် ယဉ်ကျေးသိမ်မွေ့ လိမ့်မည်။ ရိုးသားဖြောင့်မတ်မည်။ မိတ်ဆွေပေါများမည်။ ကျေးဇူးသိ တတ်သည်။ ထင်ပေါ်ကျော်စောလိမ့် မည်။
    ၉ရာသီ၊ ၁ဝအံသာ၊ ဝလိတ္တာ မှ ၉ရာသီ၊ ၂၃အံသာ၊ ၂ဝလိတ္တာ အတွင်း စန်းခေါ်တနင်္လာဂြိုဟ် ရပ်တည်လျှင် သရဝဏ်နက္ခတ်ဖွား ဖြစ်သည်။
    သရဝဏ်နက္ခတ်နှင့် စန်းယှဉ် ဖွားမြင်သူသည် ပညာရှိလိမ့်မည်။ စိတ် သဘောထားကြီးသော မယားကို ရလိမ့်မည်။ ပစ္စည်းဥစ္စာရှိ၍ ထင်ပေါ် ကျော်စောလိမ့်မည်။
    ၉ရာသီ၊ ၂၃အံသာ၊ ၂ဝလိတ္တာ မှ ၁ဝရာသီ၊ ၆အံသာ၊ ၄ဝလိတ္တာ အတွင်း စန်းခေါ်တနင်္လာဂြိုဟ် ရပ်တည်လျှင် ဓနသိဒ္ဓနက္ခတ်ဖွား ဖြစ်သည်။
    ဓနသိဒ္ဓနက္ခတ်နှင့် စန်းယှဉ်ဖွား မြင်သူသည် ပစ္စည်းဥစ္စာ ချမ်းသာပြီး ရက်ရက်ရောရော ပေးကမ်းလိမ့်မည်။ သတ္တိရှိမည်။ ဂီတကိုနှစ်သက်သည်။ လောဘကြီးလိမ့်မည်။
    ၁ဝရာသီ၊ ၆အံသာ၊ ၄ဝလိတ္တာ မှ ၁ဝရာသီ၊ ၂ဝအံသာ၊ ဝလိတ္တာ အတွင်း စန်းခေါ်တနင်္လာဂြိုဟ် ရပ်တည်လျှင် သတဘိသျှနက္ခတ်ဖွား ဖြစ်သည်။
    သတဘိသျှနက္ခတ်နှင့် စန်းယှဉ် ဖွားမြင်သူသည် ယုံကြည်ရလိမ့်မည်။ မိန်းမနှင့်ပတ်သက်၍ ကံဆိုးလိမ့်မည်။ ရန်သူကိုအောင်နိုင်လိမ့်မည်။ စွန့်စား လိမ့်မည်။ အခဲမကျေဖြစ်လိမ့်မည်။
    ၁ဝရာသီ၊ ၂ဝအံသာ၊ ဝလိတ္တာ မှ ၁၁ရာသီ၊ ၃အံသာ၊ ၂ဝလိတ္တာ အတွင်း စန်းခေါ်တနင်္လာဂြိုဟ် ရပ်တည်လျှင် ပြုဗ္ဗဘဒြပိုဒ်နက္ခတ်ဖွား ဖြစ်သည်။
    ပြုဗ္ဗဘဒြပိုဒ်နက္ခတ်နှင့် စန်းယှဉ် ဖွားမြင်သူသည် ဝမ်းနည်းကြေကွဲရ လိမ့်မည်။ မိန်းမများနှင့် ပတ်သက်၍ ပစ္စည်းပျောက် ဆုံးလိမ့်မည်။ ပစ္စည်း ဥစ္စာချမ်းသာလိမ့်မည်။ လုပ်ငန်းကျွမ်း

ကျင်လိမ့်မည်။ နှမြောတွန့်တိုတတ် သည်။
    ၁၁ရာသီ၊ ၃အံသာ၊ ၂ဝလိတ္တာ မှ ၁၁ရာသီ၊ ၁၆အံသာ၊ ၄ဝလိတ္တာ အတွင်း စန်းခေါ်တနင်္လာဂြိုဟ် ရပ်တည်လျှင် ဥတ္တရဆဒြပိုဒ်နက္ခတ် ဖွား ဖြစ်သည်။
    ဥတ္တရဘဒြပိုဒ်နက္ခတ်နှင့် စန်း ယှဉ်ဖွားမြင်သူသည် စကားပြောလိမ္မာ မည်။ ပျော်ရွှင်ရလိမ့်မည်။ ကလေး များစွာရလိမ့်မည်။ သီလသမာဓိနှင့် ပြည့်စုံလိမ့်မည်။
    ၁၁ရာသီ၊ ၁၆အံသာ၊ ၄ဝလိတ္တာ မှ ဝရာသီ၊ ဝအံသာ၊ ဝလိတ္တာ အတွင်း စန်းခေါ်တနင်္လာဂြိုဟ် ရပ်တည်လျှင် ဟုဝတိနက္ခတ်ဖွား ဖြစ်သည်။
    ဟုဝတိနက္ခတ်နှင့် စန်းယှဉ်ဖွား မြင်သူသည် ခန္ဓာကိုယ်အချိုးအစား ကျလိမ့်မည်။ ထင်ပေါ်ကျော်စောလိမ့် မည်။ သတ္တိရှိလိမ့်မည်။ သန့်ရှင်းလိမ့် မည်။ ပစ္စည်းဥစ္စာချမ်းသာလိမ့်မည်။

မောင်မောင်မြင့်သန်းမောင်
 

Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.