ကြိုက်ရာဂဏန်းကို တစ်ကြိမ် သာထောက်ပြီး သက်ဆိုင်ရာ ဟော ကိန်းကိုဖတ်ပါ။ သင်ကိုယ်တိုင် သင့် သဘောဆန္ဒ အရ ထောက် လိုက်သော ဂဏန်းက သင်၏ကံဇာတာကို ဖော်ပြ ပေးလိမ့်မည်။
ဂဏန်းကိုမထောက်မီ ဟော ကိန်းမဖတ်ရ။
ဟောကိန်းအားလုံးကို အစ အဆုံးဖတ်ပြီးမှ ရလဒ်ကောင်းထွက် မည့် ဂဏန်းကိုရွေးပြီးမထောက်ရ။ သစ္စာရှိပါစေ။
၁ မှ ၁၂ အထိ ဂဏန်း ၁၂ လုံးအနက် ဂဏန်းတစ်ခုခုကို မဲနှိုက် ရွေးချယ်နိုင်ပါက ပိုကောင်းပါသည်။
၁ ဂဏန်းထောက်မိသူ၏ ကံဇာတာ
စီးပွားရေးကောင်းမြဲကောင်း နေမည်။ သောကြာနေ့တွင် ထီထိုး ပါ။ အဝတ်အထည်၊ အလှကုန်၊ စိန် ရွှေရတနာ ရောင်းဝယ်လျင် အကျိုး အမြတ်ရမည်။ သောကြာနေ့နံ သား သမီးနှင့် စီးပွားဖက်ပါ။ အလုပ်အကြံ အစည်များ တိုးတက်အောင်မြင်မည်။
အချစ်ရေး၊ အိမ်ထောင်ရေး အခြေအနေကောင်း၏။ မိတ်ဆွေ ကောင်းတွေ့မည်။ ဗုဒ္ဓဟူးနေ့နံ သား သမီးနှင့်ပေါင်းပါ။ အင်္ဂါ၊ စနေနေ့နံ သားသမီးကို သတိထားပါ။
လူလိမ်ခံရတတ်သည်။ မည်သူ့ ကိုမျှ မယုံကြည်နှင့်။ ရာဟုနေ့နံ သား သမီး၊ ခြေလေးချောင်းနှင့် အနက် ရောင် ပစ္စည်း အဝင်မခံသင့်။
အိမ်၊ မြေ၊ ယာဉ်နှင့်ပတ်သက် သောကိစ္စများ ၁၉ ရက်မှ ၂၁ ရက် နေ့လယ် ၁ နာရီခွဲအတွင်း ကောင်း၏။ ရောဂါဘေး၊ ရန်သူဘေး၊ မတော်တ ဆဘေး၊ မှုခင်းပြဿနာသတိထားပါ။ တောင်အရပ်နှင့် အင်္ဂါနေ့ခရီးဝေးရှောင် ပါ။
၂ ဂဏန်းထောက်မိသူ၏ ကံဇာတာ
ရာဟုနံ သက်ရှိသက်မဲ့နှင့် အနက်ရောင်ပစ္စည်း၊ ခြေလေးချောင်း အတွက် ငွေကြေးကုန်ကျတတ် သည်။ ငွေကြေးဥစ္စာစီးပွားရေး အခြေ အနေတည်ငြိမ်မှုမရှိတတ်ချေ။ စက်၊ ရွှေ၊ လျှပ်စစ်ပစ္စည်း၊ အင်္ဂါနံနှင့် အနီ ရောင်ပစ္စည်း၊ ထီး၊ ဖိနပ်၊ စနေနံနှင့် အနက်ရောင်ပစ္စည်းထွက်တတ်သည်။ သို့မဟုတ် ¤င်းတို့နှင့် ပတ်သက်၍ အကုန်အကျများမည်။ သို့သော် ထီပေါက်ခြင်း၊ ထီပေါက်သကဲ့သို့ ငွေဝင်ခြင်းရှိမည်။
နစ်နာ၊ ပျက်ပြား၊ အငြင်းပွား နေသော အိမ်၊ မြေ၊ ယာဉ်၊ အမွေ စသည်တို့နှင့် ပတ်သက်သော ကိစ္စ များအဆင်ပြေမည်။ သို့သော် အင်္ဂါနှင့် စနေနေ့တွင် ဆောင်ရွက်ခြင်းရှောင် သင့်။ အလုပ်အကြံအစည်၊ ရာထူး ဂုဏ်ထူးတိုးတက်မည်။
အချစ်ရေး၊ အိမ်ထောင်ရေး၊ အညံ့ကြုံမည်။ သားသမီးတို့၏ ကျန်း မာရေးဂရုစိုက်ပေးပါ။ ဆွေမျိုးသား ချင်း သို့မဟုတ် အိမ်နီးနားချင်းနှင့် စကားများရတတ်သည်။ ကျန်းမာရေး ကောင်းမည်။
၃ ဂဏန်းထောက်မိသူ၏ ကံဇာတာ
ငွေကြေးဥစ္စာစီးပွားနှင့် ပတ် သက်၍ အခက်အခဲ၊ အနှောင့်အ ယှက် အဆင်မပြေမှုကြုံတွေ့ရတတ် သည်။ လူခိုးလူလိမ်သတိပြုပါ။ ငွေ ကြေးဥစ္စာ စီးပွားကိစ္စစနေနေ့နှင့် စနေ နေ့နံသားသမီးကိုရှောင်ပါ။
အလုပ်နှင့်ပတ်သက်သော အပူ သောကကြုံမည်။ သို့သော် အလုပ် ကောင်းရတတ်ခြင်း၊ အလုပ်တိုးတက် အောင်မြင်ခြင်းရှိမည်။ အချစ်ရေး၊ ပညာရေး၊ သား သမီးရေးအတွက် စကားများရမည်။ အိမ်ထောင်ရေးတွင် အကောင်းနှင့် အဆိုးဒွန်တွဲနေမည်။ ကိုယ်ဝန်ဆောင်များခက်ခဲစွာ မွေးဖွား ရတတ်သည်။ ခရီးဝေးသို့မဟုတ် နိုင်ငံခြားခရီးကိစ္စ အဆင်ပြေမည်။ သို့မဟုတ် ဘာသာရေးကိစ္စ၊ ကုသိုလ် ကောင်းမှု ဆောင်ရွက်ရမည်။ ကျန်းမာ ရေးအညံ့မရှိချေ။
၎ ဂဏန်းထောက်မိသူ၏ ကံဇာတာ
ငွေကြေးဥစ္စာစီးပွားရေးနှင့် ပတ် သက်သော ဘေးရန်၊ ပဋိပက္ခ၊ အပြိုင် အဆိုင်၊ မှုခင်းပြဿနာသတိပြုပါ။ စက်၊ ရွှေ၊ လျှပ်စစ်ပစ္စည်း၊ ထီး၊ ဖိနပ် ဝင်တတ်သည်။ ငွေကြေးအကျိုး အမြတ်ရရှိရေးကိစ္စများ အဆင်ပြေ မည်။ အိမ်၊ မြေ၊ ကား အရောင်း အဝယ်လုပ်ရတတ်သည်။ သို့မဟုတ် ¤င်းတို့နှင့် ပတ်သက်၍ အကျိုး အမြတ်ရရှိမည်။
အလုပ်အပြောင်းအရွှေ့၊ အ ပြောင်းအလဲကြုံတတ်သည်။ ခရီး သွားရင်းအလုပ်ကောင်းရတတ်။ အချစ်ရေး၊ ပညာရေး နှောင့်နှေးမည်။ ချစ်သူနှင့်သဘောကွဲမည်။အိမ်ထောင် ရှင်များ အိမ်ထောင်ရေးကောင်းမည်။ စိတ်မငြိမ်၊ စိတ်ရှုပ်ထွေးမည်။ ခရီး ယာယီများမည်။
ဆွေမျိုးသားချင်းတို့နှင့် တွေ့ရ တတ်သည်။ သို့မဟုတ် ဆွေမျိုးသား ချင်းအကျိုးခံစားရလိမ့်မည်။ ကျန်းမာ ရေးကောင်းနေမည်။
၅ ဂဏန်းထောက်မိသူ၏ ကံဇာတာ
ကြာသပတေးနံသက်ရှိ သက်မဲ့ နှင့် အဝါရောင်ပစ္စည်း၊ သောကြာနံ သက်ရှိသက်မဲ့နှင့် အဝတ်အထည်၊ အလှကုန်၊ စိန်ရွှေရတနာ ထွက်တတ် သည်။ သို့မဟုတ် ¤င်းတို့နှင့်ပတ် သက်၍ အကုန်အကျအဆုံးအရှုံးရှိ မည်။ ငွေကြေးအကုန်အကျများမည်။
အိမ်၊ မြေ၊ ယာဉ်၊ အမွေစသည် တို့နှင့် ပတ်သက်၍ ကောင်းကျိုးရော ဆိုးကျိုးပါပေးတတ်သည်။
အလုပ်အကြံအစည်များ နှောင့် နှေးခြင်း၊ ပျက်ပြားခြင်း၊ ဘေးရန်ပဋိ ပက္ခ၊ မှုခင်းပြဿနာ ကြုံတွေ့ခြင်း စသည် တို့ ဖြစ်ပေါ်လာတတ်သည်။
အချစ်ရေးကြောင့် ဘေးဒုက္ခ ရောက်တတ်သည်။ အိမ်ထောင်ဖက် နှင့် ခိုက်ရန်စကားများရမည်။ ချစ်သူ အိမ်ထောင်ဖက် သို့မဟုတ် သား သမီး၏ ကျန်းမာရေးသတိပြုပါ။ မိမိ ကျန်းမာရေးကိုလည်း ဂရုစိုက်ပေးပါ။
၆ ဂဏန်းထောက်မိသူ၏ ကံဇာတာ
စီးပွားရေးအခြေအနေ ကောင်းမြဲ ကောင်းမည်။ ကြာသပတေးနေ့တွင် ထီထိုးပါ။ ထီမပေါက်လျှင် ထီပေါက် သကဲ့သို့ ငွေဝင်တတ်သည်။ ဗုဒ္ဓဟူးနံ သက်ရှိသက်မဲ့နှင့် အစိမ်းရောင်ပစ္စည်း ထွက်တတ်သည်။ သို့မဟုတ် ¤င်းတို့ အတွက်သောကရှိမည်။ အိမ်၊ မြေ၊ ယာဉ်၊ အမွေကိစ္စများအဆင်မပြေဖြစ် တတ်သည်။ အရောင်းအဝယ်မလုပ် သင့်သေး။ ဘေးရန်အနှောင့်အယှက် မှုခင်းပြဿနာနှင့် မကင်းချေ။
အလုပ်အကြံအစည်များ ပျက် ပြားခြင်း၊ ဘေးရန်မှုခင်းပြဿနာ ပေါ်ခြင်းရှိမည်။ ဖခင် သို့မဟုတ် တနင်္ဂနွေနေ့နံ သားသမီး၏ ကျန်းမာ ရေးဂရုစိုက်ပေးပါ။
အိမ်ထောင်ရေးတွင် စိတ်ဆင်းရဲ ရမည်။ သို့မဟုတ် အိမ်ထောင်ဖက် ၏ ကျန်းမာရေးယိုယွင်းတတ်သည်။ အိမ်တွင်းရေး ပဋိပက္ခများရှိမည်။
ရောဂါဘေး၊ ရန်သူဘေး၊ မတော်တဆဘေး စိုးရိမ်စရာမရှိချေ။
၇ ဂဏန်းထောက်မိသူ၏ ကံဇာတာ
ကြာသပတေးနံ သက်ရှိသက်မဲ့ နှင့် အဝါရောင်ပစ္စည်း၊ သောကြာနံ သက်ရှိသက်မဲ့နှင့် အဝတ်အထည်၊ အလှကုန်၊ စိန်ရွှေရတနာ စသည်တို့ ဝင်ကိန်းရှိနေဆဲဖြစ်သည်။ သို့မဟုတ် ¤င်းတို့နှင့်ပတ်သက်၍ အကျိုးအမြတ် နှင့် အလိုဆန္ဒပြည့်ဝမည်။
အိမ်၊ မြေ၊ ယာဉ်ဝင်မည်။ သို့ မဟုတ် ¤င်းတို့နှင့်ပတ်သက်၍ အကျိုးအမြတ်ရခြင်း၊ အဆင်ပြေခြင်း၊ အလိုဆန္ဒပြည့်ဝခြင်းရှိမည်။
မိမိတာဝန်ယူဆောင်ရွက်သည့် လုပ်ငန်းများတွင် ဘေးရန်မှုခင်း ပြဿနာမကင်းသော်လည်း အောင် မြင်လိမ့်မည်။ အချစ်ရေး၊ အိမ်ထောင် ရေး ကောင်းမြဲကောင်းမည်။ အချစ် ရေးတွင် စနေနေ့နံ သားသမီးက နှောင့် ယှက် တတ်သည်။ ဆွေမျိုးသားချင်း နှင့် အဆင်မပြေဖြစ်တတ်၊ စကား များရတတ်သည်။ ခရီးတို-ခရီးဝေးမ ကောင်း။ ဖျားနာတတ်သည်။
၈ ဂဏန်းထောက်မိသူ၏ ကံဇာတာ
အကျိုးအမြတ်ရရှိပြီး ဝင်ငွေ ကောင်းလိမ့်မည်။ ငွေကြေးဥစ္စာ ပစ္စည်း၊ စီးပွားရေးနှင့်ပတ်သက်သော အလိုဆန္ဒပြည့်ဝမည်။
အိမ်၊ မြေ၊ ယာဉ်၊ အမွေ စသည့် ကိစ္စများနှင့်ပတ်သက်၍ အဆင်ပြေ အောင်မြင်မှုရမည်။ အလိုရှိသော အလုပ်၊ ရာထူး၊ ဂုဏ်ထူး၊ ဂုဏ်သိက္ခာ အဆင့်အတန်းကိုရရှိတတ်သည်။ သောကြာနေ့တွင် လုပ်ကိုင်ကြံစည်ပါ။
ချစ်သူတွေ့မည်။ အချစ်ရေး အဆင်ပြေမည်။ ပညာရေးကောင်း မည်။ သားသမီးအကျိုးပေးတတ် သည်။ အိမ်ထောင်ရေးအထူးအထွေ ပြဿနာမရှိ။ အိမ်တွင်းရေးသာယာ အေးချမ်းမည်။
ခရီးဝေး သို့မဟုတ် နိုင်ငံခြား ခရီးသွားလျှင် အကျိုးမရှိ။ အဆင် မပြေတတ်ချေ။ ကျန်းမာရေးအထူး အထွေအညံ့မရှိချေ။
၉ ဂဏန်းထောက်မိသူ၏ ကံဇာတာ
ဗုဒ္ဓဟူးနံသက်ရှိသက်မဲ့နှင့် အစိမ်းရောင်ပစ္စည်းထွက်ကိန်းရှိသည်။
သို့မဟုတ် ၄င်းနံအတွက် အကုန် အကျများခြင်း၊ သောကရောက်ခြင်းရှိ မည်။ ငွေကြေးအကုန်အကျများ တတ်သည်။ လူခိုး လူလိမ်သတိထား ပါ။ ငွေကြေးဥစ္စာစီးပွားအတွက် ခိုက် ရန်၊ မှုခင်းပြဿနာဖြစ်မည်။
အိမ်၊ မြေ၊ ယာဉ်၊ အမွေစသည့် ကိစ္စများနှင့်ပတ်သက်၍ အနှောင့်အ ယှက်မကင်းသော်လည်း အဆင်ပြေ အောင်မြင်မှုရလိမ့်မည်။ အလုပ်အကြံ အစည်များ ကောင်းမွန်တိုးတက် အောင်မြင်မှုရှိမည်။ ကောင်းသော အလုပ်အပြောင်းအရွှေ့ကြုံနိုင်သည်။ အချစ်ရေး၊ အိမ်ထောင် ရေးကောင်း မည်။
အထက်လူကြီး၊ ဖခင်၊ တနင်္ဂနွေ နေ့နံ သားသမီးတို့အတွက် သောက ရှိမည်။ ကျန်းမာရေးသတိရှိသင့်သည်။
၁ဝ ဂဏန်းထောက်မိသူ၏ကံဇာတာ
အင်္ဂါနံသက်ရှိသက်မဲ့နှင့် စက်၊ ရွှေ၊ စနေနံသက်ရှိသက်မဲ့နှင့် အနက် ရောင်ပစ္စည်းထွက်တတ်သည်။ သို့ မဟုတ် အင်္ဂါနှင့် စနေနေ့သားသမီး ကျန်းမာရေးအညံ့ကြုံမည်။ ငွေကြေး အစုလိုက်အပုံလိုက်ဝင်မည်။ ထီ ပေါက်ခြင်း၊ ထီပေါက်သကဲ့သို့ ငွေဝင် ခြင်း၊ အမွေရခြင်းရှိမည်။ အိမ်၊ မြေ၊ ယာဉ်နှင့်ပတ်သက်၍ ကောင်းကျိုးရှိ မည်။ အလုပ်အကြံ အစည်နှင့်ပတ် သက်၍ အနှောင့်အယှက်မကင်း သော်လည်း အောင်မြင်မှုရမည်။ အလုပ်အကြံအစည်ပြောင်းလဲရတတ် သည်။ အိမ်ထောင်ဘက် ကျန်းမာရေး ချူချာမည်။ အိမ်တွင်းရေးသာယာ အေးချမ်းမည်။ တနင်္ဂနွေ၊ ဗုဒ္ဓဟူးနေ့ နံ သားသမီးတို့နှင့် သဘောကွဲမည်။ ကျန်းမာရေးဦးစားပေးသင့်သည်။
၁၁ ဂဏန်းထောက်မိသူ၏ကံဇာတာ
ငွေကြေးဥစ္စာစီးပွားရေးနှင့် ပတ်သက်၍ ကုသိုလ်ကံဆက်လက် ကောင်းနေမည်။ တနင်္ဂနွေနံသက်ရှိ သက်မဲ့နှင့် ဗုဒ္ဓဟူးနံ သက်ရှိသက်မဲ့ ဝင်မည်။ သို့မဟုတ် ¤င်းနံများနှင့် ပတ်သက်၍ အကျိုးအမြတ်ရှိမည်။
အိမ်၊ မြေ၊ ယာဉ်၊ အမွေ စသည့် ကိစ္စများနှင့်ပတ်သက်၍ ဘေးရန်၊ ပဋိ ပက္ခမှုခင်းပြဿနာ ကြုံတတ်သည်။ အရောင်းအဝယ် မလုပ်သင့်သေး။
အချစ်ရေး၊ ပညာရေး၊ သား သမီးရေး ကောင်းမည်။ စေ့စပ်လက် ထပ်ရေး အဆင်မပြေနိုင်သေး။ လင် မယားသဘောကွဲ မည်။ ဆွေမျိုးသား ချင်းတို့နှင့် ဆက်ဆံရေးပြေလည်မည်။
အလုပ်အကြံအစည် မကောင်း။ တိုးချဲ့ရန်မသင့်။ ခရီးတို၊ ခရီးဝေး နိုင်ငံခြားခရီးအဆင်ပြေမည်။ ကျန်းမာ ရေးမကောင်း။ ထိခိုက်ဒဏ်ရာရမည်။
၁၂ ဂဏန်းထောက်မိသူ၏ကံဇာတာ
စီးပွားရေးတွင် အကျိုးအမြတ် ရလျက် ဝင်ငွေကောင်းမည်။ စုတ် ကောင်းလာဘ်ကောင်းဝင်မည်။
အိမ်၊ မြေ၊ ယာဉ်၊ အမွေ စသည့် ကိစ္စများနှင့်ပတ်သက်၍ အရောင်း အဝယ်မလုပ်သင့်သေး။ အနှောင့်အ ယှက်တွေ့ မည်။ နှောင့်နှေးမည်။ အဆင်မပြေဖြစ်တတ်သည်။
အလုပ်အကြံအစည်နှင့် ပတ် သက်၍ ခိုက်ရန်၊ ပဋိပက္ခ၊ အပြိုင်အ ဆိုင်မှုခင်းပြဿနာရှိတတ်သည်။ မိတ် ပျက်မည်။ ပေါင်းသင်း ဆက်ဆံရေး အဆင်မပြေဖြစ်မည်။ စပ်တူလုပ်ငန်း အကျိုးမပေးတတ်ချေ။
လင်မယားသဘောကွဲတတ် သည်။ အခြေအနေအရ အိမ်ထောင် ကွဲပျက်သည့်အထိ မဖြစ်စေရန် သတိ ပြုပါ။ ခရီးတို၊ ခရီးဝေး သို့မဟုတ် နိုင်ငံခြားခရီးကိစ္စ နှောင့်နှေးပြီးမှ အဆင်ပြေမည်။ ကျန်းမာရေးကောင်း နေမည်။







