2014-10-15
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မန္တလေးတောင်ခြေက ဒုတိယအကြိမ် ရေချစ်သူ ရေဆေးပန်းချီပြပွဲ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 885
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သင့်အတွက် ဗေဒင်
၂၀၁၁ ခုနှစ်အတွက် ၁၂ရာသီ နက္ခတ်ဗေဒင် ဟောစာတမ်း

ပြိဿရာသီဖွား(မေ ၁၄ -ဇွန် ၁၃)
၁၉၃၅၊ ၁၉၃၈-၃၉၊ ၁၉၄၂-၄၃၊ ၁၉၄၆-၄၇၊ ၁၉၅ဝ-၅၁၊ ၁၉၅၄-၅၅၊ ၁၉၅၇-၅၉၊ ၁၉၆၁-၆၃၊ ၁၉၆၅-၆၇၊ ၁၉၆၉-၇၁၊ ၁၉၇၃-၇၅၊ ၁၉၇၇-၉၆ ခုနှစ်များတွင် နိရာယန တနင်္ဂနွေဂြိုဟ်သည် ဇွန် ၁၄ ရက်အထိ ရပ်တည်နေသဖြင့် ဖော်ပြပါနှစ်များအတွင်း ဇွန် ၁၄ ရက်မွေးသူသည် ပြိဿရာသီဖွားဖြစ်ရာ ပြိဿရာသီ ဟောကိန်းကို ဖတ်ရန်သတိပြုပါ။

စီးပွားရေး
၂ဝ၁၁၊ ဇန်နဝါရီမှ ၁ဝ-၁၁-၂ဝ၁၁ အတွင်း ငွေကြေး ဥစ္စာစီးပွား ကံမကောင်း၊ ငွေကြေးအကုန်အကျ အဆုံးအရှုံးများမည်။ လူခိုးလူလိမ် သတိပြုသင့်သည်။ ငွေကြေးဥစ္စာ စီးပွားနှင့် ပတ်သက်၍ အနှောင့်အယှက် အခက်အခဲ၊ နှောင့်နှေးကြန့်ကြာခြင်း ရှိမည်။ စီးပွားရေးကို တိုးချဲ့လုပ်ကိုင် ၍ မသင့်။ ပုံမှန်အတိုင်း အထူးသတိ ထား၍ ဆောင်ရွက်သင့်သည်။

စနေနေ့နံ သားသမီးနှင့် စီးပွားဖက်မသင့်။ စနေနေ့နှင့် ၈ ရက်၊ ၁၇ ရက်၊ ၂၆ ရက်များတွင် ငွေကြေး ဥစ္စာ စီးပွားနှင့် ပတ်သက်သော ကိစ္စများ ဆောင်ရွက်ခြင်း ရှောင်ရမည်။

၁-၆-၂ဝ၁၁ ကာလအတွင်း ငွေကြေးအကုန်အကျများခြင်း၊ ငွေကြေး အဝင်ထက် အထွက်ကများခြင်း၊ ငွေကြေးဥစ္စာစီးပွား လျော့ပါးပျက်ပြား ဆုတ်ယုတ်ခြင်း၊ လူခိုးလူလိမ်ခံရခြင်း၊ ဥစ္စာစီးပွား မဖြစ်ထွန်းခြင်း၊ ငွေကြေး အခက်အခဲရှိခြင်းစသည်ဖြင့် ဇာတာရှင်၏ အခြေအနေအရ အညံ့တစ်မျိုးမျိုး ဖြစ်ပေါ်တတ်သည်။

ထိုကာလအတွင်း ဗုဒ္ဓဟူးနေ့ မွန်းလွဲချိန်နောက်ပိုင်းမွေးရာဟုသား

၁-၁၂-၂ဝ၁ဝ မှ ၈-၁-၂ဝ၁၁ အတွင်း၊ ၂၇-၃-၂ဝ၁၁ မှ ၃-၅-၂ဝ၁၁ အတွင်း၊ ၂၆-၇-၂ဝ၁၁ မှ ၉-၉-၂ဝ၁၁ အတွင်း ကာလများ၌ အင်္ဂါနေ့နံ သားသမီးနှင့် စီးပွားဖက်ခြင်း မပြုသင့်။ လူခိုး လူလိမ် သတိပြုသင့်။ ငွေကြေးဥစ္စာ ပစ္စည်း၊ စီးပွား ရေးနှင့် ပတ်သက်၍ စကားများရခြင်း၊ စိတ်တိုဒေါသ ထွက်ရခြင်း၊ ခိုက်ရန် ဒေါသပဋိပက္ခ အမျိုးမျိုးနှင့် ရင်ဆိုင်ရခြင်း၊ အတိုက်အခံ စီးပွားရှာရခြင်း၊ မှုခင်းပြဿနာ ကြုံတွေ့ခြင်း စသည့် ဆိုးကျိုးများ ဖြစ်စေတတ်သည်။

အင်္ဂါနံနှင့် အနီရောင်ရှိသော ကုန် ပစ္စည်း၊ စက်နှင့် စက်ကိရိယာ၊ ဆေး နှင့် ဆေးကိရိယာ၊ မီးနှင့်ပတ်သက် သော ကုန်ပစ္စည်း၊ ပူ၊ စပ်၊ ခါးသောကုန်ပစ္စည်း၊ လျှပ်စစ်နှင့် အီလက်ထရွန်းနစ် ပစ္စည်း၊ မြေယာ၊ သံ၊ သံမဏိ၊ ကြေးနီ၊ ရွှေ စသည်တို့ကို အရောင်းအဝယ် မလုပ်သင့်။ ၄င်း အင်္ဂါနံ ကုန်ပစ္စည်းများအတွက် အကုန်အကျ အဆုံးအရှုံးများမည်။ မကောင်းကျိုးပေးတတ်သည်။

ထိုလပိုင်းအတွင်း အင်္ဂါနေ့နှင့် ၉ ရက်၊ ၁၈ ရက်နှင့် ၂၇ ရက်များ တွင် ငွေကြေးဥစ္စာ စီးပွားကိစ္စ မဆောင်ရွက်သင့်။

၁၄-၆-၂ဝ၁၁ မှ ၂၅-၇-၂ဝ၁၁ အတွင်း အင်္ဂါနံ ကုန်ပစ္စည်းနှင့် ရွှေထွက်တတ်သည်။ ပျောက်ဆုံး၊ ပျက် စီး ဆုံးရှုံးမှုရှိမည်။

၁၆-၆-၂ဝ၁၁ မှ ၁၆-၇-၂ဝ၁၁ အတွင်း ငွေကြေးဥစ္စာ စီးပွားဆိုင် ရာသောကရောက်ရတတ်သည်။ သို့မဟုတ် အဘ၊ အထက်လူကြီး၊ အကြီးအကဲ တနင်္ဂနွေနေ့နံ သား သမီးအတွက် ငွေအကုန်အကျများ မည်။

ထိုလပိုင်းအတွင်း တနင်္ဂနွေနှင့် ၁ ရက်၊ ၁ဝ ရက်၊ ၁၉ ရက်၊ ၂၈ ရက်များတွင် ငွေကြေးဥစ္စာ စီးပွားနှင့် ပတ်သက်သော ကိစ္စ မပြုသင့်။ တနင်္ဂနွေနံ သားသမီးနှင့် စီးပွားဖက်ခြင်း ရှောင်သင့်သည်။

၃ဝ-၁-၂ဝ၁၁ မှ ၂၄-၂-၂ဝ၁၁ အတွင်း၊ ၂၈-၆-၂ဝ၁၁ မှ ၂၂-၇-၂ဝ၁၁ အတွင်း၊ ၂၁-၁၁-၂ဝ၁၁ မှ ၁၄-၁၂-၂ဝ၁၁ အတွင်း ကာလ များ ၌ ငွေကြေး ဝတ်ကောင်း စားကောင်း ဝင်လိမ့်မည်။ ငွေကြေးဥစ္စာ စီးပွား ကိစ္စ အဆင်ပြေမည်။ ထိုကာလ အတွင်း သောကြာနေ့နှင့် ၆ ရက်၊ ၁၅ ရက်နှင့် ၂၄ ရက်များတွင် ထီ ကံစမ်းသင့်။ ငွေကြေး ဥစ္စာ စီးပွား ကိစ္စ လုပ်ဆောင်သင့်သည်။

သောကြာနေ့နံ သားသမီးနှင့် စီးပွားဖက်ပါက အကျိုးပေးမည်။ သောကြာနံနှင့် စိန်ရွှေကျောက်မျက်ရတနာ အဝတ်အထည်၊ ပန်းမျိုးစုံ၊ သစ်သီး မျိုးစုံ၊ မုန့်မျိုးစုံ၊ ဇိမ်ခံပစ္စည်း၊ အလှကုန်ပစ္စည်း၊ အမျိုးသမီးအသုံး အဆောင်ပစ္စည်း၊ တေးဂီတ အနုပညာပစ္စည်း၊ ယာဉ်အရောင်းအဝယ် လုပ်သူများ အကျိုးအမြတ်ရှိလိမ့် မည်။

၁၅-၄-၂ဝဝ၁ မှ ၉-၅-၂ဝ၁၁ အတွင်း အထက်ဖော်ပြပါ သော ကြားနံ ပစ္စည်းတစ်ခုခု ဝင်တတ် သည်။

၂ဝ၁၁ အတွင်း ၃-၅-၂ဝ၁၁ မှ စ၍ အိုးအိမ် အဆောက်အအုံ ဆိုင် ခန်း၊ အိပ်ခန်း၊ လယ်ယာခြံမြေ၊ ကျွဲ၊ နွား၊ မြင်း၊ ယာဉ်၊ ကား၊ မိဘ ဘိုးဘွားအမွေအနှစ် စသည်တို့နှင့် ပတ်သက်သော ကိစ္စများ အဆင်ပြေမည်။ အရောင်းအဝယ်၊ ငှားရမ်းပြုပြင် ဆောက်လုပ်ရတတ်သည်။

ထိုကာလအတွင်း ကြာသပ တေးနှင့် ၃ ရက်၊ ၁၂ ရက်၊ ၂၁ ရက်နှင့် ၃ဝ ရက်များတွင် ၄င်းကိစ္စ များဆောင်ရွက်သင့်သည်။

၁၄-၆-၂ဝ၁၁ မှ ၂၉-၆-၂ဝ၁၁ အတွင်း ငွေကြေးစီးပွားဆိုင်ရာ အသိ ဥာဏ်ပညာ ကောင်းရမည်။ အသိ အလိမ္မာကြောင့် ငွေကြေး ဝတ်ကောင်းစားကောင်း အထူးဝင် လိမ့် မည်။ ဗုဒ္ဓဟူးနံနှင့် အစိမ်းရောင် ကုန်ပစ္စည်း စာအုပ် စာရေးကိရိယာ ပညာရပ်ဆိုင်ရာ ပစ္စည်းလက်ဆောင် ရတတ်သည်။ စီးပွားရေး အဆင်ပြေမည်။ ထိုရက်ပိုင်းအတွင်း ဗုဒ္ဓဟူးနေ့နှင့် ၅ ရက်၊ ၁၄ ရက်နှင့် ၂၃ ရက်များတွင် ထီထိုးသင့်သည်။ ငွေကြေး ဥစ္စာ စီးပွားကိစ္စ ဆောင်ရွက်သင့်၏။ ဗုဒ္ဓဟူးနေ့နံ သားသမီးနှင့် စီးပွားဖက်ပါ။

ဗုဒ္ဓဟူးနံနှင့် အစိမ်းရောင် ပစ္စည်း၊ ပညာရေးဆိုင်ရာ ပစ္စည်း၊ စာအုပ်၊ စာပေ ထုတ်ဝေပုံနှိပ် ဖြန့်ချိ သူ၊ စာရေးကိရိယာ ရောင်းဝယ်သူ များ အကျိုးရှိလိမ့်မည်။

၇-၁-၂ဝ၁၁ မှ ၃ဝ-၁-၂ဝ၁၁ အတွင်း၊ ၁၁-၅-၂ဝ၁၁ မှ ၂၈-၅-၂ဝ၁၁ အတွင်း၊ ၁ဝ-၁ဝ-၂ဝ၁၁ မှ ၂၇-၁ဝ-၂ဝ၁၁ အတွင်း ကာလများ ၌ ဗုဒ္ဓဟူးနေ့နံ သားသမီးနှင့် စီးပွား မဖက်သင့်။ ဗုဒ္ဓဟူးနေ့နှင့် ၅ ရက်၊ ၁၄ ရက်နှင့် ၂၃ ရက်များတွင် ငွေ ကြေးဥစ္စာစီးပွားကိစ္စ ဆောင်ရွက်ခြင်း ရှောင်။ ကုန်ကူးသန်းရောင်းဝယ်ရေး မကောင်း။ ဗုဒ္ဓဟူးနံနှင့် အစိမ်းရောင် ရှိသော ကုန်ပစ္စည်း၊ ပညာရေးနှင့် ပတ်သက်သောပစ္စည်း၊ စာအုပ်၊ စာရေးကိရိယာ စသည်တို့ကို အရောင်း အဝယ်မလုပ်သင့်။ ၄င်းနံပစ္စည်းများ ထွက်ကိန်းရှိသည်။ ပျောက်ဆုံး၊ ပျက်စီး၊ ဆုံးရှုံးမှုရှိတတ်သည်။ ၄င်း နံပစ္စည်းများနှင့်အကျိုးမပေးတတ်ချေ။

ပေါင်းသင်းဆက်ဆံရေး
၉-၁-၂ဝ၁၁ မှ ၁၆-၂-၂ဝ၁၁ အတွင်း၊ ၁၇-၂-၂ဝ၁၁ မှ ၂၆-၃-၂ဝ၁၁ အတွင်း၊ ၁၄-၆-၂ဝ၁၁ မှ ၂၅-၇-၂ဝ၁၁ အတွင်း၊ ၃၁-၁ဝ-၂ဝ၁၁ မှ ၃၁-၁၂-၂ဝ၁၁ အတွင်း ကာလများ၌ ပေါင်းသင်းဆက်ဆံရေး မကောင်း။ ခိုက်ရန် ဒေါသ၊ ပဋိပက္ခဖြစ်မည်။ စကားများရမည်။ စိတ်ပျက်ရတတ်သည်။ မိတ်ဆွေဆိုးများကို သတိနှင့်ရှောင်သင့်သည်။

၎-၁ဝ-၂ဝ၁၁ မှ ၂၇-၁ဝ-၂ဝ၁၁ အတွင်း သောကြာနေ့နံ သားသမီးနှင့် မသင့်မြတ်တတ်ပေ။ ၁၈-၁ဝ-၂ဝ၁၁ မှ ၁၆-၁၁-၂ဝ၁၁ အတွင်း တနင်္ဂနွေနေ့နံ သားသမီးနှင့် ခိုက်ရန်ဖြစ်တတ်သည်။

၃-၅-၂ဝ၁၁ မှစ၍ မိတ်ဆွေ အကျိုးပေးမည်။ မိတ်ဆွေကောင်းနှင့် ပေါင်းဖက်ရတတ်သည်။ ပေါင်းသင်းဆက်ဆံရေး ကောင်းမည်။ ကြာသပတေးနေ့နံ သားသမီးမိတ်ဆွေ၏ ကူညီထောက်ပံ့မှုကို ရရှိမည်။

၂၂-၇-၂ဝ၁၁ မှ ၇-၈-၂ဝ၁၁ အတွင်း၊ ၃-၉-၂ဝ၁၁ မှ ၂၂-၉-၂ဝ၁၁ အတွင်း ပေါင်းသင်းဆက်ဆံ ရေးကောင်းမည်။ ဗုဒ္ဓဟူးနေ့နံသား သမီးနှင့် ပေါင်းသင်းဆက်ဆံလျှင် အကျိုးရှိမည်။

၁၆-၈-၂ဝ၁၁ ၉-၉-၂ဝ၁၁ အတွင်း မိတ်ဆွေသစ်တွေ့မည်။ သောကြာနေ့နံ သားသမီးနှင့် မိတ်ဆွေ ဖြစ်မည်။ မိတ်ဆွေများနှင့် ပျော်ရွှင် ရမည်။

၁၁-၁၁-၂ဝ၁၁ မှစ၍ စနေနေ့နံ သားသမီးနှင့် ပေါင်းသင်းဆက် ဆံရာတွင် အကျိုးမပေးတတ်ချေ။ သတိထားဆက်ဆံသင့်၏။ အလုပ်အကြံအစည်နှင့် ပတ်သက်၍ အပြိုင် အဆိုင် အတိုက်အခံဖြစ်မည်။

၁၈-၈-၂ဝ၁၁ မှ ၁၇-၉-၂ဝ၁၁ အတွင်းမိတ်ဆွေ အထူး အကျိုးပေးလိမ့်မည်။ ယခင်က မသင့် မြတ်သူများနှင့် ပြန်လည် ဆက်ဆံ ရေးကောင်းလာမည်။ တနင်္ဂနွေနံ သာ သမီးနှင့် ပေါင်းသင်းဆက်ဆံလျှင် ကောင်းကျိုးပေးတတ်သည်။

၂-၅-၂ဝ၁၁ အတွင်း ညီအစ်ကို မောင်နှမဆွေမျိုး၊ အိမ်နီးနားချင်းတို့နှင့် အထူးအဆင်ပြေမည်။

ပညာရေး
၁ဝ-၁၁-၂ဝ၁၁ အထိအတွင်း ပညာရေးနှင့် ပတ်သက်၍ မကောင်းကျိုး အညံ့ကြုံမည်။ ပညာရေးထိ ခိုက်မည်။ ပြည်ပနိုင်ငံရပ်ခြားတွင် သွားရောက်ပညာ သင်ကြားလိုသူများ အခါအခွင့်မသင့်သေးချေ။ ပညာရေးနှင့် အကျိုးမပေးသော နှစ်ပိုင်းကာ လဖြစ်သည်။ အသိဥာဏ် ပညာ ဆုတ်ယုတ်မည်။

ပညာရေးနှင့်ပတ်သက်သော ကိစ္စများအား စနေနေ့နှင့် ၈ ရက် ၁၇ ရက်နှင့် ၂၆ ရက်များတွင် ဆောင်ရွက်ခြင်းရှောင်သင့်။

၇-၁-၂ဝ၁၁ မှ ၃ဝ-၁-၂ဝ၁၁ အတွင်း၊ ၁၁-၅-၂ဝ၁၁ မှ ၂၈-၅-၂ဝ၁၁ အတွင်း၊ ၁ဝ-၁ဝ-၂ဝ၁၁ မှ ၂၇-၁ဝ-၂ဝ၁၁ အတွင်းကာလများ၌ ပညာရေး ထိခိုက်မည်။ ထိုကာလ များ၌ ဗုဒ္ဓဟူးနေ့နှင့် ၅ ရက်၊ ၁၄ ရက်နှင့် ၂၃ ရက်များတွင် ပညာရေး နှင့် ပတ်သက်သော ကိစ္စများ ဆောင်ရွက်ရန်မသင့်။

၂-၆-၂ဝ၁၁ မှစ၍ ၂ဝ၁၁ အတွင်း စိတ်မငြိမ်ထွေရာလေးပါး စိတ်ကူးများနေခြင်း၊ စိတ်ရှုပ်ထွေးနေ ခြင်းကြောင့် ပညာရေးကို စိတ်မဝင် စားဖြစ်နေလိမ့်မည်။

ငယ်ရွယ်သူ အပျို၊ လူပျိုတို့ အဖို့ အချစ်ရေး အဆင်မပြေမှုကြောင့်လည်း ပညာရေးကို ထိခိုက်စေတတ်သည်။

၁၇-၂-၂ဝ၁၁ မှ ၅-၃-၂ဝ၁၁ အတွင်း၊ ၁၄-၆-၂ဝ၁၁ မှ ၂၉-၆-၂ဝ၁၁ အတွင်း၊ ၂၃-၉-၂ဝ၁၁ မှ ၉-၁ဝ-၂ဝ၁၁ အတွင်း ကာလများ ၌ ပညာရေးကိစ္စများကို အထူးကြိုး စား အားထုတ်သင့်သည်။

အလုပ်အကြံအစည်
၁၃-၂-၂ဝ၁၁ မှ ၁၄-၃-၂ဝ၁၁ အတွင်း အလုပ်အကိုင် အကြံအစည်များ တိုးတက်ကောင်းမွန်လိမ့်မည်။ အလုပ်အကြံအစည်နှင့် ပတ်သက်၍ အထက်လူကြီး အကြီးအကဲ သို့မဟုတ် တနင်္ဂနွေနေ့နံ သားသမီး၏ ကူညီထောက်မမှု ရရှိမည်။ ထိုကာလအတွင်း တနင်္ဂနွေနှင့် ၁ရက်၊ ၁ဝ ရက်၊ ၁၉ ရက်နှင့် ၂၈ ရက်များ တွင် အလုပ်အကြံအစည်များ အကောင်အထည်ဖော်လုပ်ဆောင်သင့် သည်။

၁၇-၂-၂ဝ၁၁ မှ ၂၆-၃-၂ဝ၁၁ အတွင်း အလုပ်အကြံ အစည်နှင့် ပတ်သက်၍ အပြိုင်အဆိုင် အတိုက်အခံ လုပ်ကိုင်ကြံစည်ရတတ်သည်။ ဘေးရန်ပဋိပက္ခ ခိုက်ရန်ဒေါသလည်း မကောင်းတတ်ချေ။ ဇာတာရှင်၏ လုပ်ကိုင်သော လုပ်ငန်းစဉ်အလျောက် မှုခင်းကိစ္စ ကြုံရတတ်သဖြင့် အထူးသတိထား လုပ်ကိုင်ကြံစည်သင့်။

ထိုကာလအတွင်း အင်္ဂါနေ့နှင့် ၉ ရက်၊ ၁၈ ရက်နှင့် ၂၇ ရက် များတွင် အလုပ်အကြံအစည် မပြု သင့်။ အင်္ဂါနေ့နံ သားသမီးနှင့် အကျိုးမပေးတတ်သဖြင့် ပူးတွဲလုပ် ကိုင်ကြံစည်ခြင်း ရှောင်သင့်သည်။

၂၂-၃-၂ဝ၁၁ မှ ၁၄-၄-၂ဝ၁၁ အတွင်း အလုပ်အကြံအစည်များ တိုးတက်ကောင်းမွန်မည်။ လခစားဖြစ်လျှင် ရာထူးတက်ခွင့်ကြုံတတ် သည်။ ကုန်သည်နှင့် ကိုယ်ပိုင်လုပ် ငန်းလုပ်သူများ လုပ်ငန်းအောင်မြင် ကောင်းမွန်မည်။ တိုးချဲ့လုပ်ကိုင်ကြံ စည်ရတတ်သည်။

အထက်လူ၊ အောက်လူများနှင့် သည်းခံပြီး လုပ်ကိုင်သင့်သည်။ ထိုကာလအတွင်း အလုပ်မရှိသူများ အလုပ်ကောင်းရတတ်သည်။ သောကြာနေ့နှင့် ၆ ရက်၊ ၁၅ ရက်နှင့် ၂၄ ရက်များတွင် အလုပ်အကြံ အစည်ပြုသင့်၏။ သောကြာနေ့နံသား သမီးနှင့် ပေါင်းသင်းလုပ်ကိုင် ကြံစည်ရမည်။

၂ဝ၁၁ အတွင်း ၂-၆-၂ဝ၁၁ နောက်ပိုင်း အလုပ်အပြောင်းအလဲ အပြောင်းအရွှေ့ကြုံလိမ့်မည်။

အချစ်ရေး၊ အိမ်ထောင်ရေး
၂ဝ၁၁ အတွင်း ၁ဝ-၁၁-၂ဝ၁၁ အထိ အချစ်ရေး၊ အိမ်ထောင်ရေး မကောင်း။ အညံ့ကြုံတွေ့မည်။ ချစ်သူစုံတွဲများ အချစ်ရေး အဆင်မပြေ ဖြစ်တတ်သည်။ စေ့စပ်လက်ထပ်လို သူများ စေ့စပ်ရေး လက်ထပ်ရေး ပျက်တတ်သည်။ အိမ်ထောင်ရှင်များ လင်နှင့်မယား၊ လျှာနှင့်သွားအဖြစ်မှ ကျော်ကာ လမ်းခွဲရတတ်သည်။ သို့မဟုတ် တစ်မြို့တစ်နယ်စီ ခွဲခွာ နေရတတ်သည်။ အိမ်ထောင်ရေး သုခနှင့် မပြည့်ဝတတ်ချေ။

သားသမီးလိုချင်သူ အိမ်ထောင်ရှင် အမျိုးသမီးများအဖို့ သားသမီး မရရှိနိုင်သေး။ ကိုယ်ဝန်ဆောင် အမျိုးသမီး ဖြစ်ပါက ကိုယ်ဝန်ပျက် တတ်သည်။ သို့မဟုတ် အလွယ်တကူ မမွေးဖွားနိုင်ချေ။

၂ဝ၁၁ အတွင်း ၂-၆-၂ဝ၁၁ မှစ၍ မကောင်းကျိုးများ မိမိတို့၏ အခြေအနေအလျောက် ကြုံတွေ့လိမ့် မည်။

ထိုကာလအတွင်း စေ့စပ်လက်ထပ်ရန် မသင့်သေး။ လက်ထပ်ပါက စလယ်ဝင် ဖင်မမဲခင်က ကွဲချက်နာတတ်သည်။ အိမ်ထောင်ရှင်များ တစ်ဦးနှင့်တစ်ဦး စိတ်ရှည်၊ သည်းခံ ခွင့်လွှတ်ပြီး ပေါင်းသင်းသင့်သည်။

ကျန်းမာရေး
၂ဝ၁၁ အတွင်း ၁-၆-၂ဝ၁၁ အထိ ကျန်းမာရေးကို အထူးဂရု စိုက်သင့်သည်။ ထိုကာလအတွင်း ရာဟုနံ သက်ရှိသက်မဲ့နှင့် အနက်ရောင် ပစ္စည်း၊ ခြေလေးချောင်း တိရစ္ဆာန်ဝင်လျှင် ကျန်းမာရေးထိခိုက် စေတတ်သည်။ အစားအသောက် ဆင်ခြင်သင့်သည်။ သန့်ရှင်းလတ် ဆတ်သော အစားအစာများကိုသာ စားသုံးသင့်သည်။ အစားမှား အစာအဆိပ်သင့်တတ်၍ ဖြစ်သည်။ အဆိပ်ရှိသော သတ္တဝါဘေးနှင့် ခြေလေးချောင်း တိရစ္ဆာန်ဘေးကို အထူး သတိထားသင့်သည်။ အထိအခိုက် အရှအနာဖြစ်လျှင် မပေါ့ဆနှင့်။ အနာပိုးဝင်ပြီး ကျန်းမာရေးကို ထိ ခိုက်စေတတ်သည်။

၃-၅-၂ဝ၁၁ မှ စ၍ ကျန်းမာရေး အခြေအနေ တဖြည်းဖြည်း ကောင်းမွန်လာပြီး ဒုတိယ နှစ်ဝက်အတွင်း ကျန်းမာရေး စိုးရိမ်စရာ မလိုတော့ချေ။ မကျန်းမာပါက ဆေးကုသ ပျောက်ကင်းနိုင်သည်။ သို့သော် မပေါ့ဆသင့်။ စိတ်မကြည်မလင်၊ စိတ်ရှုပ်ထွေး နေတတ်သည်။ စိတ်ထောင်းကိုယ်ကြေ မဖြစ်စေရန် ဂရု စိုက်သင့်သည်။

ဘေးရန်ခရီး
၂ဝ၁၁ အတွင်း ဘေးရန် အထွေထွေအနက် ရောဂါဘေးကို ပိုဂရုစိုက်သင့်၏။

၁-၅-၂ဝ၁၁ အထိ ခရီးတို၊ ခရီးယာယီ သွားရကိန်း ရှိသည်။ ခရီးဝေး သို့မဟုတ် နိုင်ငံခြားခရီးသွား ရောက်လိုသူများ အခြေအနေ အချိန် အခါမပေးပေ။

၂-၆-၂ဝ၁၁ မှစ၍ ၂ဝ၁၁ အတွင်း အနောက်တောင်အရပ် ခရီး ရှောင်သင့်။ ဗုဒ္ဓဟူးနေ့ မွန်းလွဲချိန် နောက်ပိုင်း ခရီးသွားလာခြင်း ရှောင် ရမည်။ အသွားမတော် တစ်လှမ်း ဖြစ်တတ်သည်။

ဆက်လက်ဖော်ပြပါမည်။

မောင်မောင်မြင့်သန်းမောင်
 

Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.