| |
Untitled Document
|
|
|
|
စွမ်းအင်ခေတ်အလှည့်အပြောင်း (ရေနံမှသည် သဘာဝဓာတ်ငွေ့ဆီသို့)
ကမ္ဘာ့စွမ်းအင်ပုံစံကို ကြည့်ရင် တစ်ဘက်က ရေနံအများအပြားထုတ် လုပ်တဲ့ ဆော်ဒီအာရေဗျလို နိုင်ငံတွေနဲ့ သဘာဝ ဓာတ်ငွေ့အမြောက်အမြား ထုတ်လုပ်တဲ့ ရုရှားလိုနိုင်ငံတွေကို တွေ့ရှိရပြီး အခြားတစ်ဘက်က အဲဒီ စွမ်းအင်တွေကို ဝယ်ယူ သုံးစွဲနေကြတဲ့ စက်မှုနိုင်ငံကြီးတွေဖြစ်တဲ့ အမေရိကန်၊ တရုတ်နဲ့ဂျာမနီလို နိုင်ငံတွေကို တွေ့ရမှာဖြစ်ပါတယ်။ အဲဒီ စွမ်းအင် ဈေးနှုန်း တွေ အဆမတန် တက်လာ ရင် ဝယ်ယူသုံးစွဲသူတွေကို ထိခိုက်စေ သလို ဈေးနှုန်းတွေထိုးကျသွားရင်လဲ ထုတ်လုပ် သူတွေကို ဆုံးရှုံး နစ်နာစေခဲ့ ပါတယ်။ အဲဒီပုံစံကြီးကို ဘယ်သူမှ အလျင်အမြန်ပြောင်းလဲသွားလိမ့်မယ် လို့ မမျှော်လင့်ခဲ့ကြပါဘူး။ ဒါပေမယ့် ယခုတော့ ပြောင်းလဲ မယ့်အခြေအနေတွေကို တွေ့လာရပြီ ဖြစ်ပါတယ်။ ကမ္ဘာမြေကြီး အောက် ပေထောင်ပေါင်းများ စွာ နက်တဲ့ နေရာတွေမှာရှိတဲ့ နုန်းကျောက်ခေါ် ယှေလကျောက်တွေအောက်မှာ ခိုအောင်းနေတဲ့ သဘာဝဓာတ်ငွေ့တွေ ကိုခေတ်မီ တူးဖော်စက်တွေနဲ့ တူးဖော် ထုတ်လုပ် အသုံးပြုနိုင်တယ်ဆိုတာကို တွေ့ရှိလာပါတယ်။ ယှေလကျောက် ဓာတ်ငွေ့ Shale-gas လို့ ခေါ်တဲ့ အဲဒီသဘာဝဓာတ်ငွေ့သိုက် အရင်း အမြစ်ကြီးတွေကို အမေရိကန်၊ ဥရောပ၊ တရုတ်၊ အာဂျင်တီးနားနဲ့ သြစတြေးလျနိုင် ငံတွေမှာ တွေ့ရှိထား ပါတယ်။ တရုတ်နိုင်ငံမှာရှိတဲ့ ယှေလ ကျောက်ဓာတ်ငွေ့သိုက် ပမာဏဟာ ကုဗမီတာ ၃၆.၁ ထရီလီယံ ရှိပြီး၊ အမေရိကန်မှာ ၂၄.၄ ထရီလီယံ၊ အာဂျင်တီးနားမှာ ၂၁.၉ ထရီလီယံ၊ ဥရောပမှာ ၁၈.၁ ထရီလီယံနဲ့ သြစ တြေးလျမှာ ၁၁.၂ ထရီလီယံရှိတယ် လို့ သိရပါတယ်။ အမေရိကန်နိုင်ငံမှာ အစိုးရ သုတေသနပညာရှင်တွေရဲ့ လမ်းညွှန် မှုနဲ့ ခေတ်မီမြေအောက်တွင်းတူး စက်ကြီးတွေအသုံးပြုပြီး တူးဖော်ခဲ့တဲ့ အတွက် ပုဂ္ဂလိက ရေနံကုမ္ပဏီကြီး တွေရဲ့ သဘာဝဓာတ်ငွေ့ တူးဖော် ထုတ်လုပ်တဲ့ လုပ်ငန်းကြီးဟာ လျင် မြန် စွာ ပြောင်းလဲတိုးတက်လာခဲ့ပါ တယ်။ အမေရိကန်နိုင်ငံမှာ လက်ရှိ သဘာဝဓာတ်ငွေ့ဈေးနှုန်းဟာ လွန်ခဲ့ တဲ့ ဆယ်နှစ်က ရှိခဲ့တဲ့ဈေးနှုန်းထက် တောင် လျော့နည်းခဲ့တယ်လို့ သိရပါ တယ်။ ယခုအခါ အမေရိကန်နိုင်ငံ ထက် ယှေလကျောက်ဓာတ်ငွေ့သိုက် ပမာဏ နှစ်ဆကျော်ရှိတဲ့ ဥရောပနဲ့ တရုတ်နိုင်ငံတွေမှာလဲ အမေရိကန်နိုင် ငံရဲ့ အောင်မြင်မှုကို အတုယူကာ ငွေကြေးဘီလီယံပေါင်းများစွာ ရင်းနှီး မြှုပ်နှံပြီး ယှေလကျောက်ဓာတ်ငွေ့ကို တူးဖော်ထုတ်လုပ်ဖို့ ကြိုးစားလာနေ ကြပါတယ်။ တရုတ်နိုင်ငံဟာ ၂ဝ၁၅ ခုနှစ် ရောက်ရင် ယှေလကျောက် ဓာတ်ငွေ့ကုဗမီတာ ၆.၅ ဘီလီယံ ထုတ်လုပ်သွားမယ်လို့ လွန်ခဲ့တဲ့ မတ်လအတွင်းက ကြေညာခဲ့ပါ တယ်။ အဲဒီလထဲမှာပဲ တရုတ်နိုင်ငံ ပိုင် China National Petroleum ကော်ပိုရေးရှင်းကြီးဟာ နိုင်ငံတကာ Shell ကုမ္ပဏီကြီးနဲ့ ယှေလကျောက် ဓာတ်ငွေ့အကျိုးတူ ဖက်စပ်ထုတ်လုပ် ဖို့ သဘောတူစာချုပ် ချုပ်ဆိုခဲ့တာတွေ့ ရပါတယ်။ ဥရောပကတော့ တရုတ် နိုင်ငံထက် လက်နှေးနေပါသေး တယ်။ ဒါပေမယ့် ပိုလန် လိုနိုင်ငံမှာ တော့ ယှေလကျောက်ဓာတ်ငွေ့တွေ ကို တူးဖော်ထုတ်လုပ်နေပြီလို့ သိရပါ တယ်။ အဲဒီရင်းနှီးမြှုပ်နှံမှုကြီးတွေ ကြောင့် ကမ္ဘာ့စွမ်းအင်လိုအပ်ချက်ကို အရှေ့အလယ်ပိုင်းနဲ့ အာဖရိကဒေသ တွေအပေါ် မှီခိုနေရတာ လျော့နည်း ကျဆင်း သွားစေနိုင် ပါတယ်။ နိုင်ငံတ ကာ စွမ်းအင်အေဂျင်စီ-IEA မှ ဘောဂ ဗေဒပညာရှင် SifFatih Birol က ''အမေ ရိကန်နိုင်ငံ ဟာ နိုင်ငံတကာစွမ်းအင် လိုအပ်ချက် ဖြည့်ဆည်းပေးဖို့ ယှေလ ကျောက်ဓာတ်ငွေ့ထုတ်လုပ်ပုံ နည်း ပညာကို ရှာဖွေပြီးပေး ခဲ့တယ်''လို့ ပြောပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်တုန်း က စွမ်းအင်ပညာရှင်တွေက အမေရိ ကန်နိုင်ငံအနေနဲ့ ပြည်တွင်းမှာ သဘာ ဝဓာတ်ငွေ့အရည် Liquefied natural gas-LNG ထုတ်လုပ်မှုတွေ ကျဆင်း နေတဲ့အတွက် ပြည်ပကနေ ဝယ်ယူ တင်သွင်းရဖို့ လိုအပ်လာနိုင်တယ်လို့ ခန့်မှန်းခဲ့ပါတယ်။ ဒါကြောင့် အမေရိ ကန်စွမ်းအင်ကုမ္ပဏီကြီးတွေဟာ ယှေလကျောက်ဓာတ်ငွေ့တွေကို ရနိုင် သလောက် ရှာဖွေ တူးဖော်လာတဲ့အတွက် ပြည်တွင်းမှာ LNG ဖူလုံလာတဲ့အပြင် ယခုအခါ ပြည်ပကိုတင်ပို့ဖို့အထိ ကြိုးစားလာကြပါ တယ်။ နိုင်ငံ တကာ စွမ်းအင်အေဂျင်စီ-IEA ရဲ့ ခန့်မှန်းချက် အရ ကမ္ဘာမှာ အမေရိကန်တစ်နိုင်ငံ တည်း ယှေလကျောက်ဓာတ်ငွေ့ ထုတ်လုပ်နိုင် တာမဟုတ်ဘဲ တခြား နိုင်ငံတွေမှာလဲ အမြောက်အများ ထုတ်လုပ်နိုင်တဲ့အတွက် အဲဒီဈေး သက်သာတဲ့သဘာဝဓာတ်ငွေ့တွေဟာ ကျောက်မီးသွေးလောင်စာအစား ကမ္ဘာ့လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရာ မှာ အဓိကစွမ်းအင်ကြီးဖြစ် လာပြီး ရွှေခေတ် ကို ရောက်ရှိ လာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဒါကြောင့် စွမ်းအင်အလွန်လိုအပ်နေတဲ့ ဥရောပနဲ့ တရုတ်နိုင်ငံတွေ အတွက် ယှေလ ကျောက် ဓာတ်ငွေ့သိုက်ကြီး တွေ့ရှိနေ လို့ သူတို့ရဲ့ စွမ်းအင်လိုအပ်ချက်ကို သဘာဝဓာတ်ငွေ့တွေနဲ့ ဖြည့်ဆည်း ပေးလာနိုင်စရာရှိပါတယ်။ ဒါပေမယ့် မြေအောက်ရေအရင်း အမြစ်တွေကို ညစ်ညမ်းမှုရှိစေတဲ့ပြဿနာကြောင့် တချို့အမေရိကန် ဒေသတွေ မှာတောင် ယှေလဓာတ် ငွေ့ထုတ်လုပ်မှုဟာ နှောင့်နှေးခဲ့ရပါ တယ်။ လူဦးရေထူထပ်တဲ့ ဥရောပ မှာဆိုရင် ပိုဆိုးပါတယ်။ ပြင်သစ်နဲ့ ဘူဂေးရီးယားနိုင်ငံတွေမှာဆိုရင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကြောင့် ယှေလဓာတ်ငွေ့တူးဖော်ထုတ်ယူခွင့်ကို တားမြစ်ထားပါတယ်။ ဒါ့အပြင် အမေရိကန်နိုင်ငံမှာ ပုဂ္ဂလိကမြေတွေ ပေါ်မှာ ယှေလဓာတ်ငွေ့တူးဖော်ခွင့်ပြု ထားပြီး အဲဒီအတွက် မြေပိုင်ရှင်တွေ ကို အကျိုးခံစားခွင့်ပြုထားပါတယ်။ ဒါပေမယ့် ဥရောပမှာတော့ တူးဖော် ခွင့်ကို အစိုးရကသာ ဆောင်ရွက်နေ ပြီး ပုဂ္ဂလိကမြေတွေပေါ် မှာ ဆောင် ရွက်ခွင့် မပြုဘူးလို့သိရပါတယ်။ တရုတ်နိုင်ငံမှာတော့ အဲဒီအတားအဆီး မျိုးတွေ မရှိပေမယ့် ယှေလကျောက် ဓာတ်ငွေ့သိုက်တွေဟာ ပိုပြီးနက်တဲ့ မြေအောက်တွေမှာ တည်ရှိနေတဲ့ အတွက် တူးဖော်ထုတ်လုပ်ရာမှာ ကုန်ကျစရိတ်ပိုများ ပါတယ်။ ဒါ့အပြင် အဲဒီဓာတ်ငွေ့ သိုက်တွေဟာ လူတွေနေ ထိုင်ရာဒေသနဲ့ ဝေးကွာတဲ့ဒေသတွေမှာ ရှိနေတဲ့အပြင် တူးဖော်ရာမှာ လိုအပ်တဲ့ ရေ အများအပြားရရှိဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဗြိတိန်နိုင်ငံမှာ တော့ ယှေလကျောက်ဓာတ်ငွေ့တူးဖော် ရာမှာ မြေငလျင်လှုပ်တဲ့ပြဿနာနဲ့ ကြုံတွေ့နေရပါတယ်။ ဗြိတိသျှစွမ်းအင် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Cuadrilla Resources ဟာ အင်္ဂလန်အနောက် မြောက်ဒေသမှာ ယှေလကျောက် ဓာတ်ငွေ့တွင်းတွေကို တူးဖော်ခဲ့ရာ အဲဒီဒေသတစ်ဝိုက်မှာ အသေး စား မြေငလျင်နှစ်ကြိမ်လှုပ်ခဲ့တဲ့အတွက် တူးဖော်တာကိုရပ်ဆိုင်းထားလိုက်ရ ပါတယ်။ ဗြိတိသျှ သဘာဝ ပတ်ဝန်း ကျင်ထိန်း သိမ်းရေးအဖွဲ့တွေကလဲ မြေအောက်ရေအရင်းအမြစ်တွေ ညစ် ညမ်းစေတာကို ထောက်ပြပြီး ကန့် ကွက်လာပါတယ်။ ပိုလန်၊ ရိုမေးနီးယားနဲ့ ယူက ရိန်းနိုင်ငံတွေမှာတော့ စွမ်းအင်အတွက် ရုရှားနိုင်ငံရဲ့ သဘာဝဓာတ်ငွေ့အပေါ် များစွာမှီခိုနေရမှုကနေ လွတ်မြောက်ဖို့ အတွက် ယှေလကျောက်ဓာတ်ငွေ့တူးဖော်တဲ့လုပ်ငန်းကို တိုးချဲ့လုပ်ကိုင်လာနေကြတာ တွေ့ရပါ တယ်။ ယှေလ ကျောက်ဓာတ်ငွေ့သိုက် အကြီးဆုံးရှိတဲ့ ပိုလန်နိုင်ငံမှာဆိုရင် ပြည်ပ ကုမ္ပဏီပေါင်းတစ်ရာကျော်ကို တူးဖော်ခွင့်ပြုထားတယ်လို့ သိရပါတယ်။ နိုင်ငံတကာစွမ်းအင်အေဂျင်စီမှ ကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ Anne Sophie Corbeau က ပိုလန်နိုင်ငံဟာ ရုရှားနိုင်ငံက သဘာဝဓာတ်ငွေ့တွေ အပေါ် မှီခိုနေရတာကို လွတ်ကင်းစေ ချင်ပါတယ်။ နိုင်ငံတွင်း ယှေလ ကျောက် ဓာတ်ငွေ့တူးဖော်တာကို ပိုလန်ပြည်သူတွေ အများစုက တခြားနိုင်ငံတွေမှာထက် လိုလား ထောက်ခံကြတာကို တွေ့ရတယ်လို့ ပြောပါတယ်။ တရုတ်နိုင်ငံ မှာတော့ အဲဒီစိန်ခေါ်မှုတွေ မရှိပါဘူး။ ၂ဝ၂ဝ ပြည့်နှစ်ရောက်ရင် ယှေလကျောက် ဓာတ်ငွေ့ ကုဗမီတာဘီလီယံ ၆ဝ အထိ တူးဖော် ထုတ်လုပ်နိုင်အောင် တရုတ်အစိုးရဟာ အစိုးရပိုင်ရေနံ ကုမ္ပဏီတွေနဲ့ အဲဒီလုပ်ငန်းမှာ အတွေ့ အကြုံရှိတဲ့ Shell လို နိုင်ငံတကာ ကုမ္ပဏီကြီးတွေနဲ့ ဖက်စပ်လုပ်ကိုင်ကြ ဖို့ အားပေးနေပါတယ်။ Shell ကုမ္ပဏီကြီးရဲ့ ဘဏ္ဍာရေးအရာရှိချုပ် Simon Henry က လွန်ခဲ့တဲ့နှစ် အတွင်းမှာ ကျွန်တော်တို့ ကုမ္ပဏီဟာ တွင်းပေါင်းဆယ်တွင်း တူးဖော်ပြီးပါ ပြီ။ ယခုနှစ်မှာတော့ အဲဒီတွင်းအရေ အတွက်ထက် နှစ်ဆတူးဖော်နိုင် အောင် ဆောင်ရွက်နေတယ်လို့ ပြောပါ တယ်။ ဒါကြောင့်ကမ္ဘာမှာ တိုးတက် ရရှိလာ တဲ့ ယှေလကျောက်ဓာတ်ငွေ့ တွေကြောင့် သဘာဝဓာတ် ငွေ့တူးဖော် ထုတ်လုပ်တဲ့ လုပ်ငန်းကြီးဟာ ရွှေ ခေတ် ကိုရောက်ပြီလို့ အာမ မခံနိုင် သေးပေမယ့် ယခုအခါ ကမ္ဘာကြီး ဟာ သဘာဝဓာတ်ငွေ့ စွမ်းအင် ခေတ်ထဲကို အသေအချာဝင်ရောက် နေပြီလို့ ဆိုနိုင်ကြောင်းပါခင်ဗျာ။ မောင်ပုဆိုးကြမ်း Ref : The Golden Age. Time.
မောင်ပုဆိုးကြမ်း |
| |
|
|
|
|
|
Untitled Document
|
|
|