2013-5-20
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ဖက်ဒရယ်အကြောင်း တိုင်းရင်းသားပြည်သူများ ပိုမိုနားလည်ရန် ရည်ရွယ်၍ ဖက်ဒရယ်ဂျာနယ် ပြည်တွင်းတွင် ပထမဦးဆုံး စတင်ထုတ်ဝေ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၈၁၄
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
နိုင်ငံတကာ အရေး
ဂလိုဘယ်စီးပွားရေး နေ၀င်ချိန်တန်ပြီလော

နိုင်ငံအချင်းချင်း တစ်နိုင်ငံနဲ့တစ် နိုင်ငံ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဆိုသလို အမှီသဟဲပြုပြီး နေကြတဲ့ ဂလိုဘယ်လိုက်ခေတ်ကြီးမှာ ကမ္ဘာ့ ဦးဆောင်နိုင်ငံကြီးတွေ အားလုံး တစ် ချိန်တည်း တစ်ပြိုင်တည်း စီးပွားရေး ဆုတ်ယုတ်ကျဆင်းလာမှုဟာ ကောင်း တဲ့အလားအလာတစ်ခု မဟုတ်ဘူး ဆိုတာကတော့ သေချာပါတယ်။
    ၂ဝဝ၈ ခုနှစ် အမေရိကန်ဘဏ္ဍာ ရေး ဗိုင်းဗိုင်းလဲသွားခဲ့တဲ့အတွက် စီပွားရေးပါ ဖရိုဖရဲဖြစ်နေချိန်မှာ ဥရောပရဲ့ စီးပွားရေးအခြေအနေက အခုလောက်မဆိုးရွားသေးတဲ့အပြင် တရုတ်၊ အိန္ဒိယနဲ့ ဘရာဇီးတို့လို ထွန်းသစ်စနိုင်ငံတွေရဲ့ စီးပွားရေးက ဒစ်ဂျစ်တယ်နှစ်လုံး တိုးတက်မှုနှုန်းနဲ့ တိုးတက်ခဲ့ကြတယ်။ ဒါကြောင့် ကမ္ဘာကြီးတစ်ခုလုံး အတိုင်းအတာနဲ့ ပြောရရင် သိပ်ပြီးဆိုးဆိုးရွားရွားကြီး မဖြစ်ခဲ့ဘူး။
    အဲဒီနောက်ပိုင်း ကမ္ဘာ့စီးပွားရေး အခြေအနေကောင်းလာနိုးနိုး မျှော်လင့် ခဲ့ကြတယ်။ ဒါပေမယ့် ၂ဝ၁၁ နွေရာသီမှာ ယူရိုဇုန်-Euro Zone  ကြွေးမြီပြဿနာ ဗလောင်ဆူလာခဲ့ တယ်။ ဂရိနိုင်ငံဟာ သူ့ရဲ့ကြွေးမြီတွေ ကို ပြန်လည်ပေးမှ ပေးဆပ်နိုင်ပါ့ မလားလို့ သံသယဝင်လာခဲ့ကြတယ်။ ယူရိုဇုန်ကွဲအက်တော့မလား စိုးရိမ်လာ ကြတယ်။ ဈေးကွက်တွေ မတည် မငြိမ် ကယောက်ကယက်ဖြစ်လာ ခဲ့တယ်။
    အမေရိကန်စီးပွားရေး မဆိုစ လောက် အခြေအနေတိုးတက် ကောင်း မွန်လာခဲ့တယ်။ ယူရိုဇုန်ကယ်တင်ရေး အတွက် ဂျာမနီဝန်ကြီးချုပ် Angela Merkel  က ဂရိနဲ့လက်တွဲ လုပ်ဆောင် မယ်လို့ ပြောကြားခဲ့တဲ့အတွက် လှုပ်လှုပ်ရွရွဖြစ်နေတဲ့ ဈေးကွက်တွေ ပြန်ငြိမ်သွားခဲ့တယ်။
    ၂ဝ၁၁ ခုနှစ် ဆောင်းဦးရာသီ ရောက်တော့ ဥရောပဘဏ်ပြဿနာ ဟာ အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ် သန်းကျော်လွှားပြီး အမေရိကန်ပြည် ထောင်စုသို့ ကူးစက်ပျံ့နှံ့လာလေ မလား စိုးရိမ်ထိတ်လန့်ဖြစ်လာခဲ့ကြ ပြန်တယ်။ ဈေးကွက်တွေ ကျဆင်း သွားပြန်တယ်။ ဒါပေမယ့် ဥရောပ ဗဟိုဘဏ်-European Central Bank-ECB  အမေရိကန်ဒေါ်လာ ၁.၄ ထရီလီယံလောက် ဘဏ်စနစ် ထဲကို ထည့်သွင်းအားဖြည့်ပေးခဲ့တဲ့ အတွက် ဈေးကွက်တွေ အေးအေး ဆေးဆေး ဖြစ်သွားပြန်တယ်။
    ၂ဝ၁၁ ဆောင်းရာသီ ဂရိနိုင်ငံရဲ့ ကြွေးမြီပြဿနာကို EU က ကိုင် တွယ်ဖြေရှင်းဖို့ကြိုးပမ်းတယ်။ ဂရိ အနေနဲ့ ပြင်ပချေးငွေအပေါ် ပေးရတဲ့ အတိုးနှုန်းက မတရား ကြီးမြင့်တက် လာတယ်။ ထွန်းသစ်စနိုင်ငံတွေက အမေရိကန်စီးပွားရေး ကျဆင်းမသွား အောင် အထောက်အကူပေးနိုင်လိမ့် မယ်လို့ ရင်းနှီးမြှုပ်နှံသူတွေက မျှော် လင့်ခဲ့ကြတယ်။
    ၂ဝ၁၂ ခုနှစ် နွေဦးရာသီ အစော ပိုင်းရောက်လာတယ်။ အမေရိကန်နိုင် ငံရဲ့ စီးပွားရေးအတော်အတန် တိုး တက်လာတယ်။ အလုပ်လက်မဲ့နှုန်း ကျဆင်းလာတယ်ဆိုပေမယ့် ဝင်ငွေ က သိပ်ပြီးမြင့်တက်မလာဘူး။ ဥရော ပ နိုင်ငံတွေမှာတော့ အလုပ်လက်မဲ့နှုန်း မြင့်မားလာတယ်။ တရုတ်စီးပွားရေး ကျဆင်းလာနိုင်တယ်လို့ ခန့်မှန်းပြော ဆိုမှုတွေ ကြားလာရတယ်။ တရုတ် ပြည်မှာ လူမှုရေးမတည်ငြိမ်မှုတွေ တိုးတက်လာတယ်။ ဘောဂဗေဒ ပညာရှင်တွေက ဂရိ၊ အီတလီနဲ့ စပိန် နိုင်ငံတွေဟာ ယူရိုဇုန်မှ ထွက်သွားနိုင် တယ်လို့ ဟောကိန်းထုတ်လာကြ တယ်။ ဈေးကွက်တွေ ကသောင်း ကနင်းဖြစ်လာပြန်တယ်။ ရင်းနှီးမြှုပ်နှံ သူတွေဟာ သူတို့ရင်းနှီးမြှုပ်နှံငွေတွေ ကို ပြန်လည်ရုပ်သိမ်းလာကြတယ်။
    ၂ဝ၁၂ နွေဦးနှောင်းပိုင်းကာလ ဥရောပြေ<ွကးမြီပြဿနာဟာ ဆက်ပြီး ဖြစ်ပွားလျက်ရှိတယ်။ ယူရိုဇုန်ြေ<ွကး မြီတွေကို ဂျာမနီက တာဝန်ယူအာမခံ တော့မှ ဒီပြဿနာက ပြီးပြတ်နိုင် တယ်လို့ ယူဆလာကြတယ်။ အမေရိ ကန်စီးပွားရေးကလဲ ရှေ့မတက်နိုင်ဖြစ် နေချိန်မှာ တရုတ်စီးပွားရေး ကျဆင်း စပြုလာတာကြောင့် တရုတ်အစိုးရ အနေနဲ့ စီးပွားရေးနိုးထရှင်သန်ရေး အစီအမံတွေ အကြီးအကျယ် ပြန်လုပ် လာရတယ်။ ဒီကြားထဲ ထွန်းသစ်စ နိုင်ငံများဖြစ်ကြတဲ့ အိန္ဒိယနဲ့ ဘရာဇီး လဲ စီးပွားရေးကျဆင်းလာတယ်။
    ဒါကတော့ လောလောဆယ် မြင်တွေ့နေကြရတဲ့ ဂလိုဘယ်စီးပွား ရေးမြင်ကွင်း ဖြစ်ပါတယ်။ ဒီအထဲမှာ အရေးကြီးဆုံးကတော့ ဒီကနေ့အထိ ဖြေရှင်းလို့မရနိုင်ကြသေးတဲ့ ယူရိုဇုန်ရဲ့ြေ<ွကးမြီပြဿနာပါ။ ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေရှိပေမယ့် ဂျာမနီနိုင်ငံ ရေး ခေါင်းဆောင်တွေက လက်မခံနိုင် တဲ့အတွက် ပြဿနာဟာ အဆုံး မသတ်နိုင်ဘဲ ဖြစ်နေရတယ်။
    ဟားဗတ်တက္ကသိုလ်က ဘောဂ ဗေဒပညာရှင် Ken Rogoff  က ဥရော ပရဲ့ ဖြစ်ရပ်ကို ခုလိုပုံခိုင်းပြောပြ တယ်။ သူတို့နှစ်ယောက် လက်ထပ် သင့်၊ မသင့် မဆုံးဖြတ်နိုင်ဖြစ်နေတဲ့ စုံတွဲ တစ်တွဲလိုပါပဲတဲ့။ သူတို့စုံတွဲ ဟာ လက်ထပ်သင့်၊ မသင့် မဆုံးဖြတ် ခင်မှာ ပူးတွဲဘဏ်စာရင်းတစ်ခုဖွင့်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဘယ်လို ဖြစ်လာမလဲလို့ အခြေအနေ စောင့် ကြည့်ကြဖို့ပေါ့။ ဖြစ်လာတဲ့ အခြေ အနေက တော်တော်ဆိုးရွားတယ်။ ဂျာမနီက ခြိုးခြံချွေတာသလောက် မြေထဲပင်လယ်ဒေသ သူ့ချစ်သူက လက်ဖွာတယ်။ ဘဏ်စာရင်းမှာရှိတဲ့ ငွေအားလုံး တစ်ပြားမကျန် အကုန်သုံး ပစ်တယ်။ အဆိုတော်မကလေး Lady Gaga  ရဲ့ သီချင်းစာသား အလကား ရသမျှ ရှင်ဟာအားလုံး ကိုယ်လိုချင် တယ်-I want your everything as long as it's free  ဆိုသလို ဖြစ်နေတယ်။
    ဒီတော့ ဒီစုံတွဲလိုပဲ ဥရောပအနေ နဲ့ လက်ထပ်ကြမလား ဒါမှမဟုတ် အဆက်ဖြတ်ကြမလား။ နှစ်ခုအနက် တစ်ခုရွေးစရာဖြစ်လာတယ်။ ဒီစုံတွဲ ရဲ့ ခွဲရေးတွဲရေးဟာ သူတို့ရဲ့ မိသားစုနဲ့ မိတ်ဆွေအပေါင်းသင်းတွေကို ဂယက်ရိုက်ခတ်နိုင်သလို ဥရောပရဲ့ ပြဿနာကလဲ ဥရောပသာမကဘဲ ကမ္ဘာတစ်ဝန်းလုံးကို ရိုက်ခတ်လာနိုင် တယ်။
    အမေရိကန်နိုင်ငံမှာ အလုပ် အကိုင်ရှားပါးနေမှုနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြားတဲ့အခါ ယူရိုဇုန် အားပျော့နေတဲ့အတွက် ဝယ်လိုအား ကျဆင်းပြီး အမေရိကန်ကုမ္ပဏီတွေ အရောင်းထိုင်းနေတာကြောင့်ဖြစ်တယ် လို့ အကြောင်းပြကြတယ်။ ရောင်းမ ကောင်းတော့ ဝင်ငွေနည်းတယ်။ ဝင်ငွေနည်းတော့ လုပ်ငန်းမတိုးချဲ့နိုင်။ လုပ်ငန်းမတိုးချဲ့ နိုင်တော့ အလုပ် သမားတွေနဲ့ ဝန်ထမ်းတွေ တိုးပြီးမခန့် နိုင်။ ဒါကြောင့်အလုပ်အကိုင် ရှားပါး ရခြင်းဖြစ်တယ်လို့ ထောက်ပြကြ တယ်။ ပြီးတော့ အမေရိကန်နိုင်ငံမှာ နိုးထရှင်သန်ရေး အစီအမံတွေမရှိ တော့တဲ့ နောက်ပိုင်းမှာ အမေရိကန် ကွန်ဂရက်လွှတ်တော်ကလဲ စီးပွားရေး တိုးတက်မှုအတွက် စီမံကိန်းတွေ လုပ်ဆောင်ဖို့ ပျက်ကွက်လျက်ရှိ တယ်။
    လောလောဆယ် ဥရောပရဲ့ ဘဏ်ပြဿနာဟာ အမေရိကန်နိုင်ငံ ကို ရောက်လာနိုင် မရောက်လာနိုင် အသေအချာမခန့်မှန်းနိုင်ကြသေးဘူး။အရေးထဲ လျင်လျင်မြန်မြန် အရှိန် အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်လာခဲ့ကြတဲ့ တရုတ်၊ အိန္ဒိယနဲ့ ဘရာဇီးတို့လို ထွန်းသစ်နိုင်ငံကြီးတွေကလဲ အရှိန် ပျက်ပြီး နှေးကွေးကျဆင်းလာကြ တယ်။ ဒီနိုင်ငံတွေဆီ ပို့ကုန်တွေ တင်ပို့ရောင်းချပြီး စီးပွားပြန်တက် အောင်လုပ်ဖို့ စီစဉ်ထားတဲ့ အမေရိကန် နိုင်ငံလဲ အခက်တွေ့သွားတယ်။
    ဂလိုဘယ်စီးပွားရေးမှာ ဖိုခ နောက်သုံးခုနဲ့ အလားသဏ္ဌာန်တူတဲ့ နယ်ပယ်သုံးခုရှိတယ်။ အမေရိကန် ပြည်ထောင်စု၊ ဥရောပနဲ့ တရုတ်ဦး ဆောင်တဲ့ ထွန်းသစ်စနိုင်ငံတွေ ဖြစ်ပါတယ်။ ၂ဝဝ၈ ခုနှစ် ဘဏ္ဍာရေး အကျပ်အတည်းကာလတုန်းက ဒီ ဖိုခနောက်သုံးခုအနက် အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပနှစ်ခု ကျိုးပဲ့ သွားခဲ့ကြပေမယ့် ထွန်းသစ်စနိုင်ငံတွေ က အကောင်းပကတိအတိုင်း မားမားမတ်မတ် ရပ်တည်ကျန်ရစ်ခဲ့ တယ်။ သုံးခုစလုံး ကျိုးပဲ့မသွားခဲ့ဘူး။ ဒါပေ မယ့် အခုတော့ ဖိုခနောက် သုံးခုစလုံး ယိုင်တီးယိုင်တိုင်ဖြစ်လာ တယ်။ ဒီလိုအချိန်မှာ ဥရောပပြဿနာ က သိပ်ပြီးအရေးကြီးလာတယ်။ ဥရောပပြိုလဲ သွားရင် ဂလိုဘယ်စီးပွား ရေးတစ်ခုလုံး ပြိုလဲသွားနိုင်တယ်။
    ဒါကြောင့် ဈေးကွက်တွေဟာ မတည်မငြိမ်ဖြစ်နေရတာပါ။ Dow Jones စက်မှုပျမ်းမျှ အညွှန်းကိန်းက ၃ဝဝ ပွိုင့်လောက် ပြုတ်ကျသွား တယ်။ ဥရောပနဲ့အာရှက အညွှန်း ကိန်းတွေကလဲ တလိမ့်ခေါက်ကွေး ကျဆင်းသွားတယ်။ ဒီလိုကသောင်း ကနင်း ဖြစ်နေရတဲ့ကြားထဲမှာ အရေး ပါတဲ့အချက်တစ်ချက်ရှိတယ်။ ဒါပေ မယ့် ဒီအချက်ကို သိပ်ပြီး ဆွေးနွေး ပြောဆိုကြခြင်းမရှိဘူး။
    အဲဒီအချက်ကတော့ ဂလိုဘယ် စီးပွားရေးကျဆင်းမှုမှာ တစ်ခုမက သော နည်းလမ်းအမျိုးမျိုးနဲ့ တစ်ချိန် တည်း တစ်ပြိုင်တည်း ချိန်ကိုက်မှု ရှိနေတယ်ဆိုတဲ့ အချက်ဖြစ်တယ်။ ကမ္ဘာ့အဓိက ဈေးကွက်တွေနဲ့ စီးပွား ရေးတွေရဲ့ ကံကြမ္မာတွေဟာ နီးနီး ကပ်ကပ် ဆက်စပ်လျက်ရှိတဲ့အပြင် ပြဿနာအရပ်ရပ်ရဲ့ ဇာစ်မြစ်ကလဲ အတူတူပါပဲ။ ဒါကတော့ အလုပ် မဖြစ်တဲ့ နိုင်ငံရေး Dysfunctional Politics  ဖြစ်တယ်။
    ဈေးကွက်တွေ ငြိမ်သက်သွား အောင်၊ ပြီးတော့ နိုင်ငံတွေအနေနဲ့ ဒစ်ဂျစ်နှစ်လုံးအထိ စီးပွားရေး ကျဆင်းမသွားရအောင် ရှောင်လွှဲနိုင်တဲ့၊ စီးပွားရေးအရ ဖြေရှင်းနိုင်တဲ့ နည်း လမ်းတွေ ရှိနေတယ်။ ဘာမရှိသလဲ ဆိုတော့ ဒီဖြေရှင်းနည်းတွေကို ကျင့် သုံးချင်တဲ့စိတ်ဓာတ် မရှိတာဖြစ် တယ်။ ဥရောပဟာ ဘဏ္ဍာရေးအရ ပေါင်းစည်းဖို့ လိုအပ်နေတယ်။ ဒီလို ပေါင်းစည်းရေးကို ဦးဆောင်ရမယ့် နိုင်ငံက စီးပွားရေးအင်အား တောင့် တင်းခိုင်မာတဲ့ ဂျာမနီနိုင်ငံဖြစ်တယ်။ ဒါပေမယ့် အခုထိ ဒီလိုပေါင်းစည်းမှု ဖြစ်မလာသေးဘူး။ ပေါင်းစည်းမှု ဖြစ်မလာတဲ့အပြင် ဥရောပနိုင်ငံတွေ ကြားမှာ အစိတ်စိတ်အမြွှာမြွှာ အက် ကွဲလာတယ်။ ဒါကို Balkanizing လို့ခေါ်တယ်။ ဘော်လကန်ဒေသလို ဖြစ်လာတယ်။
    အမေရိကန်နိုင်ငံမှာ ဧရာမ ရင်းနှီးမြှုပ်နှံမှုဘဏ်ကြီး Lehman Brothers  ပြိုလဲမှုကြောင့် ဘဏ္ဍာရေး အကျပ်အတည်းဆိုက်သွားသလိုမျိုး၊ ဥရောပမှာ ဖြစ်လာစရာအကြောင်းမရှိ ဘူး။ ဒါပေမယ့်အဲသလို ဥရောပမှာလဲ ဖြစ်ရင်ကောင်း မှာပဲလို့ အချို့ကဆို တယ်။ ဘာကြောင့်လဲဆိုတော့ ဒါမှပဲ ဥရောပခေါင်းဆောင်တွေက ပြဿနာ ကို အချိန်မဆွဲဘဲ ကသောကမျောနဲ့ မြန်မြန်ဆန်ဆန် ဖြေရှင်းကြမှာ။ အလျင်အမြန်လုပ်ကြရမယ့်ကိစ္စကို အချိန်ဆွဲဖြေရှင်းနေတော့ ဂရိနိုင်ငံက ဒယိမ်းဒယိုင်ဖြစ်လာတယ်။ စပိန်က ညှိုးခြောက်ခြောက်ဖြစ်လာတယ်။ အီတလီက ချီတုံချတုံနဲ့ ဘာလုပ်ရမှန်း မသိ ဖြစ်လာတယ်။
    ထွန်းသစ်စနိုင်ငံတွေရဲ့ တိုးတက် မှုဟာ ကမ္ဘာရဲ့ အခြားဒေသတွေဆီ က စီးပွားရေးကျဆင်းမှုကို မထေမိ နိုင်တော့ဘူး။ တရုတ်အစိုးရအနေနဲ့ စီးပွားရေးနိုးထရှင်သန်လာရေးအတွက် စီမံကိန်းတွေ ချမှတ်လုပ်ကိုင်လျက်ရှိ တယ်။ ဘာကြောင့်လဲဆိုတော့ နှစ် ကုန်ပိုင်းလောက်မှာ ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျိုရိုအပြောင်းအလဲကရှိနေ တယ်။ နိုးထရှင်သန်ရေး စီမံကိန်းဆို တာကလဲ အမေရိကန်နိုင်ငံကလို ခဏ တဖြုတ် စီးပွားရေးတိုးတက်အောင် လုပ်တဲ့ဟာမျိုးပါ။ စဉ်ဆက်မပြတ် တိုးတက်အောင်လုပ်တဲ့ စီမံကိန်းမျိုး ဖြစ်ဟန်မတူပါဘူး။
    တကယ်ဆိုရင် အမေရိကန်နိုင်ငံ မှာက ကောင်းမွန်တဲ့ စီးပွားရေးအခြေ ခံတွေရှိတယ်။ စားသုံးသူများရဲ့ ကြွေးမြီတွေ ကျဆင်းလာတယ်။ သုံးစွဲ မှုတွေ မြင့်တက်လာတယ်။ အမေရိကန်ပြည်တွင်းမှာ သဘာဝဓာတ်ငွေ့ သိုက်တွေ တွေ့ရှိ ထုတ်လုပ်လာနိုင် တယ်။ ဒါကြောင့် ရေနံဈေးနှုန်းသက် သာပြီး အလုပ်အကိုင်တွေလဲ တိုးပွား လာနိုင်တယ်။ အိမ်ရာဆောက်လုပ်ရေး လုပ်ငန်းတွေ ထိုးကျနေမှုကလဲ အောက်ဆုံးရောက်သွားခဲ့ပြီဖြစ်တဲ့ အတွက် ပြန်လည်ဦးမော့လာစရာပဲ ရှိတော့တယ်။ ဒီလိုအလားအလာ ကောင်းတွေ ရှိတဲ့အချိန်မှာ ပါတီစွဲ နိုင်ငံရေးက တစ်မှောင့်။
    အာဏာရပါတီနဲ့ အတိုက်အခံ ပါတီကြားမှာ ညှိနှိုင်းမရဖြစ်နေတယ်။ ဒီနှစ်ကုန်ပိုင်းမှာ ဘုရှ်ကာလအခွန် ဖြတ်တောက်မှုနဲ့ ဝန်ထမ်းလစာ အခွန် ကင်းလွတ်ခွင့်ပြုမှု သက်တမ်းတွေ ကုန်ဆုံးတော့မယ်။ တစ်ချိန်တည်းမှာ ပဲ ကွန်ဂရက်လွှတ်တော်မှာ ကြွေးမြီ ကန့်သတ်ချက်ဘောင် Debt Ceiling  တိုးမြှင့်ရေးနဲ့ပတ်သက်ပြီး နှစ်ပါတီ အကြား အချေအတင်ဆွေးနွေးကြရ ဖွယ် ရှိနေတယ်။ အမေရိကန်နိုင်ငံရဲ့ ဘဏ္ဍာရေးဟာ ချောက်ထဲကျလုလု ပြန်ဖြစ်လာနိုင်တယ်။ ဒီလိုနဲ့ပဲ အမေရိ ကန်စီးပွားရေးတိုးတက်မှုနှုန်းဟာ ၂ ရာခိုင်နှုန်း အဆင့်ကနေ မတက်နိုင် တော့ဘူး။
    ဥရောပမှာလဲ စီးပွားရေးကျဆင်း လာနေတယ်။ ၂ဝ၁၂ ခုနှစ်မှာ ၂ ရာခိုင် နှုန်းလောက် တိုးတက်ရင်တောင် ဝမ်း သာကြရမလိုဖြစ်နေတယ်။ ဥရောပ ပြဿနာကို Hedge Fund ရာဇာ george Soros  က ''ဘဏ္ဍာရေးပြဿ နာ မဟုတ်ပါဘူး။ နိုင်ငံရေးပြဿနာ ပါ''လို့မှတ်ချက်ချခဲ့တယ်။ ဥရောပမှာ ပြဿနာမြင့်တက်လာနေမှုဟာ ဖြေ ရှင်းလို့ မရနိုင်တဲ့ အကြောင်းအချက် တွေကြောင့်မဟုတ်ဘဲ ဥရောပနိုင်ငံရေး သမားကြီးတွေအနေနဲ့ လူမှုပြောင်းလဲ ရေး အင်အားစုတွေအပေါ် နားလည် ပေးဖို့ ပျက်ကွက်မှုကြောင့် ဖြစ်ရတဲ့ ကိစ္စပါလို့ အချို့ကထောက်ပြကြ တယ်။
    ၁၉၉၉ ခုနှစ် ဥရောပစီးပွားရေး ကောင်းမွန်စဉ်က တစ်ဝက်တစ်ပျက် ပေါင်းစည်းမှုနဲ့ ဖန်ဆင်းပုံဖော်ခဲ့တဲ့ ယူရိုငွေကြေးဟာ စီးပွားရေးကျဆင်း နေချိန်မှာ ပေါင်းစည်းမှုရဲ့ လိုအပ်ချက် တွေကို မြင်တွေ့လာကြရတယ်။ တစ်ခုတည်းသော ငွေကြေးကို သုံးစွဲ မိလျက်သားဖြစ်နေကြတဲ့အတွက်လဲ စီးပွားရေးကျဆင်းနေကြတဲ့ အဖွဲ့ဝင် နိုင်ငံတွေဟာ သူ့ဟာသူ ထွက်ပေါက် ပိတ်မိနေကြတယ်။
    ဥရောပသမဂ္ဂ စီးပွားရေးထဲမှာ အတောင့်တင်းဆုံးဖြစ်တဲ့ ဂျာမနီနိုင်ငံ ဟာ ယူရိုဘွန်း- Eurobond ထုတ်ဝေ ရေးအတွက် သဘောမတူရကောင်း လားဆိုပြီး ပြစ်တင်ဝေဖန်ခံနေရတယ်။ ယူရိုဘွန်းတွေ ထုတ်ဝေရင် ယူရိုဇုန် အဖွဲ့ဝင်အားလုံးက တာဝန်ခံကြရမယ် ဆိုပေမယ့် ဂျာမနီနိုင်ငံက အဓိက တာဝန်ယူလာရနိုင်တဲ့အတွက် ဂျာမနီ အနေနဲ့ မဝံ့မရဲဖြစ်နေတယ်။ ပြီးတော့ ကြွေးပိနေတဲ့ ဂရိနိုင်ငံကို ခါးရိုးကျိုး မတတ် ခြိုးခြံချွေတာရေးလုပ်ဖို့ ဖိအား ပေးတဲ့အတွက်လဲ ဂျာမနီနိုင်ငံအပေါ် အကောင်းမမြင်ကြဘူး။
    ယူရိုဇုန်ဟာ တစ်ဝက်တစ်ပျက် ပေါင်းစည်းမှုဖြစ်တဲ့ ငွေကြေးပေါင်း စည်းတာတစ်ခုနဲ့ မလုံလောက်တော့ ဘဲ ဘဏ္ဍာရေးနဲ့ နိုင်ငံရေးပါ ပေါင်း စည်းဖို့ လိုအပ်လာပြီလို့ ထောက်ပြ လာကြတယ်။ ဒီလိုမပေါင်းစည်းဘဲနဲ့ တော့ ယူရိုဟာ မတည်ငြိမ်နိုင်ဘူးလို့ Ken Rogoft  က ဆိုတယ်။ ဂရိကစ ခဲ့တဲ့ ကြွေးမြီဟာ အခုတော့ အီတလီ စပိန်တို့လို နိုင်ငံကြီးတွေအထိ ပျံ့နှံ့ လာပြီး ဧရာမကြွေးတောင်ကြီးဖြစ် လာတယ်။
    ဂလိုဘယ်စီးပွားရေးနယ်ပယ် ထဲမှာ တကယ့်ထိတ်လန့်ချောက်ချား ဖွယ်ကောင်းတဲ့ဖြစ်ရပ်က ထွန်းသစ်စ ဈေးကွက်တွေရဲ့ စီးပွားရေး နှေးကွေး ကျဆင်းလာခြင်းဖြစ်တယ်။ တရုတ် နိုင်ငံဟာ အမေရိကန်ပြည်ထောင်စု ပြီးနောက် ဒုတိယဂလိုဘယ်တိုး တက်မှု မောင်းနှင်အား အင်ဂျင်တစ်ခု ဖြစ်ခဲ့တယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုလောက်က ရင်းနှီးမြှုပ်နှံသူတွေ ဟာ တရုတ်ပြည်မှာ နိုင်ငံရေးအရ ဘာအန္တရာယ်မှ မရှိနိုင်ဘူးလို့ ယူဆခဲ့ ကြတယ်။ မကြာသေးမီကမှ ဒီယူဆ ချက် မှားမှန်းသိလာကြတယ်။
    တရုတ်ပြည်အနောက်ပိုင်း ချုံချိန်းမြို့-Chongqing ရဲ့ ပါတီ အကြီးအကဲ ပိုရှိလိုင်-Bo Xilai ဟာ တစ်လောက ရာထူးမှ ပြုတ်ကျသွား ခဲ့ပြီး ညှဉ်းပန်းနှိပ်စက်မှုနဲ့ အရေးယူ ခံနေရတယ်။ သူ့မိန်းမကိုတော့ လူသတ်မှုနဲ့ ဖမ်းဆီးစစ်ဆေးလျက်ရှိ တယ်။ ဒါက တရုတ်ပြည်ရဲ့ ဖွံ့ဖြိုး တိုးတက်မှုမော်ဒယ်မှာ အပြစ်အနာ အဆာရှိနေတာကို ဖော်ညွှန်းပြသနေ တယ်။ ချုံချိန်း စီးပွားရေးမော်ဒယ်ဆို တာက တရုတ်ပြည်ရဲ့ စံချိန်စံညွှန်း တစ်ခုပါ။    အိမ်ရာမြေစီမံကိန်းဟာ အထူးအောင်မြင်ခဲ့တယ်။ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေလဲ အကြီး အကျယ် တိုးတက်ခဲ့တယ်။ ဒါပေ မယ့် အခြားတစ်ဘက်မှာ သဘာဝပတ် ဝန်းကျင် ပြုန်းတီးလာတယ်။ ဒီလို နည်းနဲ့ တရုတ်ပြည်ဟာ ရေရှည်မတိုး တက်နိုင်ဘူးလို့ တရုတ်ဝန်ကြီးချုပ် ဝန်ကျားပေါင်  - Wen Jiabao  ကိုယ်  တိုင်က မိန့်ကြားခဲ့တယ်။
    တရုတ်ပြည်ဟာ စီးပွားရေးနဲ့ နိုင်ငံရေးကို ပြုပြင်ပြောင်းလဲဖို့လိုပြီ။ မပြောင်းလဲရင် ဒုတိယအကြိမ် ယဉ်ကျေးမှုတော်လှန်ရေး-Cultural Revolution  ဖြစ်လာနိုင် တယ်လို့ ဝန်ကြီးချုပ်က သတိပေးခဲ့တယ်။
    တရုတ်ပြည်မှာ ပြုပြင်ပြောင်းလဲ ရေးလုပ်မယ်ဆိုရင် လုပ်သားတွေနဲ့ ဝန်ထမ်းတွေရဲ့ လုပ်ခလစာကို တိုးမြှင့် ပေးဖို့လိုတယ်။ ပြီးတော့ စားသုံးသူ တွေကို ပိုမိုစားသုံးဖို့လဲ တိုက်တွန်း ရမယ်။ တရုတ်ပြည်မှာက နောင်ရေး စိတ်မအေးရလို့ စားသုံးတာထက် ငွေစုဆောင်းမှုက ပိုများတယ်။ နောက် တစ်ချက်က ပညာတတ်လူလတ် တန်းစားတွေကို လွတ်လပ်ခွင့် ပိုပေး ရန်လဲ လိုတယ်။ အမေရိကန်နိုင်ငံမှာ လို တရုတ်ပြည်မှာလဲ ပါတီတွင်း ရွေးကောက်ပွဲတွေရှိနေတော့ ဒီနှစ်ထဲ မှာ အမှန်တကယ် ပြုပြင်ပြောင်းလဲရေး တွေ လုပ်နိုင်ကြမှာမဟုတ်ဘူး။
    ပေါ်လစ်ဗျူရို-Politburo သစ် က အာဏာလွှဲပြောင်းမယူမီမှာ တရုတ်ပြည်စီးပွားရေး ကျဆင်းသွား ပြီး ဆူပူအြုံ<ွကမှုတွေ ဖြစ်လာမှာ စိုးရိမ်တဲ့အတွက် ကွန်မြူနစ်ပါတီက စီးပွားရေးနိုးထရှင်သန်ရေး အစီအစဉ် တွေ ချမှတ်လုပ်ကိုင်ဆောင်ရွက်လျက် ရှိတယ်။ ဒါပေမယ့် ပြုပြင်ပြောင်းလဲ ရေးတွေ လုပ်တာတော့ မဟုတ်ပါ ဘူး။ မော်ဒယ်ဟောင်းကို မွမ်းမံရုံ လောက်ပါ။ လာမယ့် ရှည်လျားပြီး ပူပြင်းတဲ့နွေရာသီမှာ နောက်ထပ် ရှော့ခ်အမျိုးမျိုးနဲ့ ကြုံတွေ့လာရနိုင် တယ်လို့ အချို့က ဟောကိန်းထုတ်ကြ တယ်။ ပိုပြီးအတိအကျပြောရင် ဂလို ဘယ်စီးပွားရေးမှာ လာမယ့်သုံးလဟာ အဆုံးအဖြတ်ပေးနိုင်တယ်လို့ ထောက် ပြကြတယ်။ ယူရိုဇုန်ခေါင်းဆောင်တွေ ဟာ ယူရိုဇုန်မှ ဂရိထွက်မသွားရအောင် နည်းလမ်းပေါင်းစုံနဲ့ ဖုတ်ပူမီးတိုက် ကြိုးပမ်းနေကြတယ်။ လွန်ခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့က ဒုတိယအကြိမ် ကျင်း ပတဲ့ ဂရိရွေးကောက်ပွဲမှာ ကွန်ဆာ ဗေးတစ်ပါတီတွေ မဲအများဆုံးရပြီး လက်ဝဲယိမ်းပါတီ ရှုံးနိမ့်သွားခဲ့တာ ဟာ သူတို့အတွက် ဝမ်းမြောက်ဖွယ် သတင်းကောင်း တစ်ခုပါပဲ။
    ဒါပေမယ့် ယူရိုဇာတ်လမ်းက ပြီးပြတ်သွားမှာ မဟုတ်သေးပါဘူး။ ဒီနှစ်အမေရိကန်နိုင်ငံရဲ့ တိုးတက်မှု နှုန်း ၂ ရာခိုင်နှုန်းက အကောင်းဆုံး စံချိန်ဖြစ်နေတယ်။ ဒါပေမယ့် ဥရောပ အနေနဲ့ သူရဲ့ ကြွေးမြီအရှုပ်ထုပ်ကို မရှင်းလင်းနိုင်ရင် အမေရိကန် စီးပွား ရေးလဲ နှစ်ကျော့ပြန် ကျဆင်းသွားနိုင် တယ်။ ယူရိုပြိုလဲသွားလို့ကတော့ အနောက်နိုင်ငံတွေရဲ့ စီးပွားရေး ဇာတ် သိမ်းပြီ။ ဒါမှမဟုတ် ယူရိုပြိုလဲမသွား ရအောင် ဥရောပနိုင်ငံရေး ခေါင်း ဆောင်ကြီးတွေ တစ်ချီတစ်မောင်း စမ်းကြလေမလား။
    ဒါမှမဟုတ် Ken Rogoft  ပြောပြ တဲ့ စုံတွဲပုံပြင်လို လက်တွဲကြမလား၊ လမ်းခွဲကြမလား။
မင်းရွှေမောင်
Ref: Rana Foroohar: "Your global economic mess is now being served", Time, June 18, 2012

မင်းရွှေမောင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.