2013-5-20
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ဖက်ဒရယ်အကြောင်း တိုင်းရင်းသားပြည်သူများ ပိုမိုနားလည်ရန် ရည်ရွယ်၍ ဖက်ဒရယ်ဂျာနယ် ပြည်တွင်းတွင် ပထမဦးဆုံး စတင်ထုတ်ဝေ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၈၁၄
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
နိုင်ငံတကာ အရေး
အိန္ဒိယစီးပွားရေး ချိနဲ့လာပြီလား

ဒီကနေ့လို ကမ္ဘာ့စီးပွားရေး ကျဉ်းထဲကျပ်ထဲရောက်နေချိန်မှာ အိန္ဒိယနိုင်ငံရဲ့ တိုးတက်မှုနှုန်း ၅.၃ ရာခိုင်နှုန်းသို့ ကျဆင်းသွားပြီလို့ ကြား လိုက်ရတဲ့သတင်းဟာ ရေးကြီးခွင် ကျယ် ပြောဆိုရမယ့်ကိစ္စမဟုတ်သလို ဖြစ်သွားတယ်။ ဘာထူးတာမှတ်လို့။
    ဒါပေမယ့်ထူးတယ်။
    ၂ဝ၁၁-၁၂ ဇန်နဝါရီ-မတ် သုံးလပတ်အတွက် ဂျီဒီပီတိုးတက်မှုနှုန်း ၅.၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားမှုဟာ သိပ်ပြီး အောက်ရောက်လွန်း တယ်။ မနှစ်က ဒီလိုကာလအတွက် တိုးတက်မှုနှုန်းတောင် ၉.၂ ရာခိုင်နှုန်း ရှိခဲ့တယ်။ နှိုင်းယှဉ်ကြည့်ရင် ကွာဟမှုကို အထင်အရှားတွေ့မြင်နိုင်တယ်။ ဒါက သုံးလပတ်အတွက်ပဲ ရှိသေးတယ်။ ၂ဝ၁၁-၁၂ ဘဏ္ဍာရေးနှစ် တစ်ခုလုံး အတွက်ဆိုရင် ဂျီဒီပီ တိုး တက်မှုနှုန်းက ၆.၅ ရာခိုင်နှုန်းပဲရှိ တယ်။ မနှစ်က ဘဏ္ဍာရေးနှစ် တစ်ခု လုံးအတွက် ဂျီဒီပီနှုန်းက ၈.၄ ရာခိုင် နှုန်းရှိခဲ့တယ်။ ဒီ ၆.၅ ရာခိုင်နှုန်း ဆိုတာက ဘဏ္ဍာရေးနှစ် ကိုးနှစ်ကာလအတွင်း အနိမ့်ဆုံးနဲ့အနှေးကွေး ဆုံး ဖြစ်ပါတယ်။ ဒါကြောင့် မထူး ခြားပေမယ့် ထူးခြားတယ်။
    အံ့ဘနန်းတိုးတက်ခဲ့တဲ့ အိန္ဒိယ စီးပွားရေးကြီး အခုလို ချည့်နဲ့ကျဆင်း သွားခဲ့တဲ့အတွက် ဖြစ်ပေါ်လာနိုင်တဲ့ လူမှုရေးနစ်နာဆုံးရှုံးမှု -Social Costs ဟာ ယူရိုဇုန်အတွင်း ဆုံးရှုံးမှုနစ်နာမှုထက် အဆပေါင်းများစွာ ကြီးမာနိုင်တယ်။ အိန္ဒိယနိုင်ငံရဲ့ ဂျီဒီပီတိုးတက်မှု နှုန်းဟာ ၂ဝဝ၄-ဝ၅ ဘဏ္ဍာရေးနှစ်က ၇ ရာခိုင်နှုန်းတိုးတက်ခဲ့တယ်။ ဒီဘဏ္ဍာရေးနှစ်အတွင်း ထူးခြားချက်က ကွန်ဂရက်ပါတီ- Congress Party  ဟာ မထင်မှတ်ဘဲ ရွေးကောက်ပွဲမှာ အမတ်နေရာအတော်များများ အနိုင်ရခဲ့တဲ့အတွက် လက်ဝဲပါတီတွေနဲ့ မဟာမိတ်ဖွဲ့ပြီး United Progre-ssive Alliance-UPA အစိုးရအဖွဲ့ ထူထောင်နိုင်ခဲ့တယ်။ Manmohan Singh  အိန္ဒိယဝန်ကြီးချုပ်သစ်ဖြစ်လာတယ်။ ၂ဝဝ၅-ဝ၆ ဘဏ္ဍာရေးနှစ်ကာလမှာ ဂျီဒီပီတိုးတက်မှုနှုန်းက ၉.၅ ရာခိုင်နှုန်းတောင်ဖြစ်လာခဲ့ တယ်။ နှစ် အတွင်း ထူးခြားချက်ကတော့ အမျိုးသားကျေးလက်အလုပ်အကိုင်အာမခံ အက်ဥပဒေ- National Rural Employment Guarantee Act  ကို ပါလီမန်က ပြဋ္ဌာန်းပေးနိုင်ခဲ့တယ်။ ဒါဟာ အိန္ဒိယနိုင်ငံရဲ့အကြီးမားဆုံးကျေးလက် အလုပ် အကိုင်ဖော်ဆောင်ပေးတဲ့ အာမခံစီမံကိန်းကြီးဖြစ်တယ်။ ပြီး တော့ ဒီဘဏ္ဍာရေးနှစ်အတွင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ထပ်တိုး တန်ဖိုးခွန်- Value Added Tax-VAT  ကိုလဲ စတင်စည်းကြပ်ခဲ့တယ်။
    ၂ဝဝ၆-ဝ၇ ဘဏ္ဍာရေးနှစ်မှာတော့ ဂျီဒီပီတိုးတက်မှုနှုန်းက ၉.၆ ရာခိုင်နှုန်းအထိ မြင့်တက်သွားခဲ့တယ်။ အိန္ဒိယဂျီဒီပီသမိုင်းမှာ အမြင့်ဆုံးရောက်ခဲ့တဲ့နှစ်ပါပဲ။ နှစ်အတွင်း ထူးခြားချက်က စတော့ဈေးကွက် အညွှန်းကိန်းဟာ ပထမဆုံးအကြိမ် ၁ဝဝဝဝ ကိန်းဂဏန်း ကို ဖြတ်ကျော် တက်သွားခဲ့တယ်။ အကြောင်းက တော့ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံသူတွေ ရော ပြည်တွင်းက ရင်းနှီးမြှုပ်နှံသူတွေ ကပါ အလုအယက်ဈေးကွက်ထဲ ပါဝင်လာခဲ့ကြတဲ့အတွက် ဖြစ်ပါ တယ်။ ၂ဝဝ၇-ဝ၈ ဘဏ္ဍာရေးနှစ်မှာ ဂျီဒီပီတိုးတက်မှုနှုန်းက ၉.၃ ရာခိုင် နှုန်းရှိခဲ့တယ်။ ဒီနှစ်အတွင်းမှာ အိန္ဒိယ ဂျီဒီပီဟာ ပထမဆုံးအကြိမ် အမေရိ ကန်ဒေါ်လာ တစ်ထရီလီယံ ကိန်းဂဏန်း ကို ကျော်လွန်သွားခဲ့တယ်။ အိန္ဒိ ယစီးပွားရေးလုပ်ငန်းကြီးတွေ ဘယ် လောက်အထိ အောင်မြင်သလဲဆိုရင် Tata Steel  ဟာ အန်ဂလိုဒပ်ခ်ျ သတ္တု ထုတ်လုပ်ရေးကုမ္ပကြီး Corus ကို တောင် အမေရိကန်ဒေါ်လာ ၁၁.၃ ဘီလီယံနဲ့ ဝယ်ယူသိမ်းပိုက်နိုင်ခဲ့ တယ်။ ၂ဝဝ၈-ဝ၉ ဘဏ္ဍာရေးနှစ်မှာ အိန္ဒိယရဲ့ ဂျီဒီပီ တိုးတက်မှုနှုန်းက ၆.၇ ရာခိုင်နှုန်းအထိ ထိုးကျသွား တယ်။ အကြောင်းကတော့ အမေရိ ကန်ပြည်ထောင်စု နယူးယောက်မြို့ ရဲ့ ဝေါလ်စထရိ- Wall Street  က ဧရာမရင်းနှီးမြှုပ်နှံမှုဘဏ်ကြီး Lehman Brothers  ပြိုလဲသွားရာမှစတင်ကာ နှစ်ပေါင်း ၈ဝ ကာလအတွင်း ကမ္ဘာ့အကြီးမားဆုံး စီးပွားရေးကျဆုံးမှုကြီး ပေါ်ထွက်လာ ခဲ့တဲ့အတွက်ဖြစ် တယ်။ စက်မှုဖွံ့ဖြိုးပြီး ချမ်းသာတဲ့ အနောက် နိုင်ငံတွေမှာဆိုရင် စီးပွားရေး ကျဆင်း မှုကြောင့် အနုတ်လက္ခဏာ ဂျီဒီပီပြရ တဲ့အထိ ဆိုးရွားသွားတယ်။ အိန္ဒိယ တို့ တရုတ်တို့သာ စီးပွားရေးအခြေ အနေကောင်းခဲ့ကြတာ။ အိန္ဒိယမှာ စီးပွားရေးကျဆင်းမှုကို သိပ်ပြီး ဆိုးရွားမသွားရအောင်လို့ အစိုးရက အခွန်အတုပ်စည်းကြပ်ကောက်ခံမှုကို ဖြတ်တောက်လျှော့ချခဲ့ရပြီး အိန္ဒိယ ဗဟိုဘဏ် Reserve Bank of India-RBI  အတိုးနှုန်းတွေကို လျှော့ ချပေးခဲ့ရတယ်။ ဒါကြောင့် ခုသာခံ သာရှိခဲ့တယ်။ ၂ဝဝ၉-၁ဝ မှာ ဂျီဒီပီ တိုးတက်မှုနှုန်း ၈.၄ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့တယ်။ ၂ဝ၁ဝ-၁၁ ဘဏ္ဍာရေးနှစ် မှာလဲ တိုးတက်မှု နှုန်းက ၈.၄ ရာခိုင်နှုန်းပါပဲ။ ဒါပေမယ့် ဒီနှစ်ထဲမှာ ခြစားမှုတွေအမျိုးမျိုး ထွက် ပေါ်လာပြီး ပြဿနာအဖုံဖုံတက်လာ တော့တယ်။ ၂ဝ၁၁-၁၂ ဘဏ္ဍာရေး နှစ် မှာတော့ စောစောကပြောခဲ့တဲ့ အတိုင်း ဂျီဒီပီတိုးတက်မှုနှုန်းက ၆.၅ ရာခိုင်နှုန်း အထိ ထိုးစိုက်ကျဆင်းသွား ခဲ့တယ်။ အစိုးရအနေ နဲ့ ခြစားမှုနဲ့ အခြားသော ပြဿနာတွေကို တစ်နှစ်ပတ်လုံးလိုလို ဖြေရှင်းနေတာနဲ့ပဲ အချိန်ကုန်လူပန်းဖြစ်သွားခဲ့တယ်။ စီးပွားရေး ပြု   ပြင်ပြောင်းလဲရေး လုပ်ပေမယ့် ဟို ပါတီ ဒီပါတီတွေက ကန့်ကွက်ခဲ့ကြ တဲ့အတွက် ရှေ့မတိုးနိုင်ဖြစ်ခဲ့ရ တယ်။အခြားတစ် ဘက်မှာလဲ အိန္ဒိယရူပီး-Rupeeဟာ အမေရိကန်ဒေါ်လာနဲ့ လဲလှယ်ရာမှာ တန်ဖိုးအနိမ့်ဆုံးကျ ဆင်းသွားတယ်။ အိန္ဒိယရဲ့ စီးပွားရေး ကျဆင်းမှုဟာ ပြည်ပကြောင့် မဟုတ်ဘဲ ပြည်တွင်းရေးကြောင့် ဖြစ် တယ်လို့ ဝေဖန်သူတွေက သုံးသပ်ကြ ပါတယ်။ ၂ဝ၁၁-၁၂ ဘဏ္ဍာရေးနှစ် အတွင်း စီးပွားရေးကျဆင်းရတဲ့ အဓိ ကအကြောင်းရင်းဟာ ကုန်ချောထုတ် လုပ်တဲ့ကဏ္ဍရဲ့ လျှော့နည်းကျဆင်း မှုကြောင့်ဖြစ်တယ်လို့ ဝေဖန်သုံးသပ် သူတွေက ထောက်ပြကြတယ်။ အိန္ဒိယဂျီဒီပီထဲမှာ ကုန်ချောထုတ်လုပ် မှုကဏ္ဍရဲ့ ပါဝင်မှုဟာ ၁၇ ရာခိုင်နှုန်း ရှိတယ်။ ဇန်နဝါရီ-မတ်သုံးလပတ် အတွင်းမှာ -ဝ.၃ ရာခိုင်နှုန်း ကျုံ့ သွားခဲ့တယ်။ ၂ဝ၁၁-၁၂ အတွင်း ဝန်ဆောင်မှုကဏ္ဍက ၈.၅ ရာခိုင်နှုန်း အထိ အတော်အသင့် မြင့်တက်ခဲ့ပေ မယ့် မနှစ်က ကိန်းဂဏန်း ၉.၂ ရာခိုင်နှုန်းကိုတော့ လိုက်မမီခဲ့ဘူး။
    ကုန်ချောထုတ်လုပ်မှု ကဏ္ဍဟာ ဘာကြောင့်ဒီလောက်အထိ နှေးကွေး ကျဆင်းသွားရတာလဲ။ အိန္ဒိယဗဟို ဘဏ် RBI ကြောင့် လို့ ထောက်ပြကြ တယ်။ RBI က ငွေဖောင်းပွမှု ခေါင်း ထောင်လာမှာကြောက်ပြီး ဘဏ်တိုး နှုန်းတွေ ကို တောက်လျှောက်မြှင့်တင် ခဲ့တယ်။ ငွေချေးငှားရတဲ့ စရိတ်ကြီး မားလာပြီး ကုန်ချောထုတ်လုပ်မှု ကဏ္ဍကို အကြီးအကျယ်ထိခိုက် သွား တယ်။ ဒါကြောင့် တိုးတက်မှုနှေးကွေး ကျဆင်းသွားတယ်။ နောက်တစ်ချက်က လုပ်ငန်းရှင်တွေဟာ လုပ်ငန်းတိုးချဲ့မှုမလုပ်ခဲ့ကြတဲ့ အတွက်ကြောင့် လဲ တိုးတက်မှု တရားလွန်ကျ ဆင်းသွားခဲ့ရခြင်း ဖြစ်တယ်လို့ ထောက်ပြကြတယ်။
    ပြီးတော့ ကုမ္ပဏီတွေက ရင်းနှီး မြှုပ်နှံမှုသစ်တွေ တိုးမြှင့်လုပ်ကိုင်မှုလဲ ၂ဝ၁၁-၁၂ ဇန်နဝါရီ-မတ် သုံးလ ပတ်အတွင်း ဂျီဒီပီရဲ့ ၂၈.၆ ရာခိုင်နှုန်း အထိ ကျဆင်းသွားတယ်။ အိန္ဒိယမှာ ဒါကို စုစုပေါင်း ပုံသေအရင်းအနှီး ထူထောင်မှု- Gross Fixed Capital Formaton-GFCF  နဲ့ သွယ်ဝိုက်တိုင်း တာကြတယ်။ ဒီလိုကျဆင်းရတဲ့ အကြောင်းကတော့ အစိုးရမူဝါဒတွေ အလုပ်မဖြစ်တဲ့ အတွက်ဖြစ်တယ်။
    ကုန်စည်ထုတ်လုပ်ရေးကဏ္ဍ မှာ တိုးတက်မှုနှေးကွေးသွားတဲ့ အတွက် အလုပ်အကိုင် တိုးပွားရေး အခွင့်အလမ်းနည်းပါး သွားတယ်။ ကုမ္ပဏီကြီးတွေက ရင်းနှီးမြှုပ်နှံမှု အစီအမံတွေကို ရပ်တန့်လိုက်ကြတဲ့ အတွက် လုပ်ခလစာတိုးတက်ရရှိဖို့ အလား အလာနည်းသွားတယ်။ ဒါကြောင့်တစ်ခြားတစ်ဘက်မှာ ဝယ်လိုအားကျုံ့သွားတယ်။ ဝင်ငွေ ကောင်းလာဖို့ မျှော်လင့်ထားကြတဲ့ ကုမ္ပဏီတွေကို အထိနာစေတယ်။
    ဝင်ငွေမကောင်းတော့ ကုမ္ပဏီ တွေက အလုပ်သမားတွေကို လျှော့ ချကြတယ်။ အလုပ်လက်မဲ့ တိုးတက် လာတယ်။ ကုမ္ပဏီတွေ အလုပ် အကိုင်မကောင်းတာကြောင့် နောက် ထပ်ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ချင်ကြ ဘူး။ အစိုးရအတွက်လဲ အခွန်ဘဏ္ဍာ ရရှိမှုလျှော့နည်းသွားတယ်။ အစိုးရ ဟာ ဝင်ငွေလျှော့နည်းလာတဲ့အတွက် လူမှုဖူလုံရေးစရိတ်တွေ သိပ်ပြီးမသုံး စွဲနိုင်ဖြစ်လာတယ်။ အစိုးရအနေနဲ့ ပြည်တွင်းနဲ့ပြည်ပမှ ငွေပိုချေးငှားပြီး သုံးစွဲလာရတယ်။ အစိုးရရဲ့ ရသုံးမှန်း ခြေငွေစာရင်း ဘတ်ဂျက်ကမောက် ကမဖြစ် လာတယ်။ ဒီလိုဗလုံးဗထွေး ဖြစ်နေတဲ့ သံသရာဝဲသြဃက လွတ် မြောက်နိုင်တဲ့ နည်းလမ်းကတော့ အစိုးရအနေနဲ့ စီးပွားရေးပြန် လည် ကောင်းမွန်လာအောင် လုပ်ဖို့ပဲရှိတယ်။ ဒါပေမယ့် ဒီအတွက်သိပ်ပြီးအလား အလာမကောင်းဘူး။ အစိုးရ ကကော်ပို ရေးရှင်းကြီးတွေရဲ့ ပြီးခဲ့တဲ့လုပ်ငန်း ဆောင်ရွက်မှုတွေ အပေါ် နောက် ကြောင်းပြန် အခွန်ကောက်ခံမှုတွေ ပြုလုပ်လျက်ရှိ တယ်။ ရင်းနှီး မြှုပ်နှံသူ တွေအနေနဲ့ အထိတ်တလန့်ဖြစ်ပြီး အိန္ဒိယမှာ ရင်းနှီးတာတွေ မလုပ်တော့ ဘဲ ထွက်ခွာသွားနိုင်တယ်။
    ရူပီးငွေတန်ဖိုးကျဆင်းနေမှု ကလဲ အိန္ဒိယတစ်ဝန်းလုံးကို ဂယက် ရိုက်ခတ်လျက်ရှိတယ်။ ရူပီးတန်ဖိုး ကျတာကြောင့် ပြည်ပမှ သွင်းကုန်တွေ ဈေးကြီးသွားပြီး ပြည်ပချေးငွေအပေါ် ပေးရတဲ့ အတိုးကဲမြင့်တက်သွား တယ်။ နိုင်ငံခြားမှာ သားသမီးတွေကို ပညာသင်ကြားရန်စေလွှတ် ထားကြတဲ့ မိဘများအတွက် ပိုပြီးအကျပ်တွေ့ နိုင်တယ်။ စီးပွားရေးကျဆင်းမှု နဲ့ မြင့်တက်လာ တဲ့ ငွေဖောင်းပွမှုတို့ အကြား စစ်ပွဲဟာ အိန္ဒိယဗဟိုဘဏ် ကို ဘဏ်တိုးနှုန်းမြှင့်တင်ရေးဆီသို့ တွန်းပို့လိုက်တယ်။ RBI ရဲ့ ဒီလုပ်ရပ် က စားသုံးမှု Consumption ကို အ ကြီးအကျယ်ထိခိုက်တယ်။ စားသုံး မှုဟာ တကယ်တော့ အိန္ဒိယတိုး တက်မှုဇာတ်လမ်းရဲ့ ဗိမာန်ကြီးပါပဲ။ ပုဂ္ဂလိက စားသုံးမှုဟာ ၂ဝ၁ဝ-၁၁ မှာ ၈.၁ ရာခိုင်နှုန်းရှိခဲ့ရာက ၂ဝ၁၁-၁၂ မှာ ၅.၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားတယ်။
    အများအားဖြင့် ဗဟိုဘဏ်တွေ ဟာ ပြည်တွင်းဈေးနှုန်းတည်ငြိမ်ရေး အတွက် ငွေဖောင်းပွမှုကို ထိန်းချုပ် တတ်ကြတယ်။ ဒီလိုလုပ်ဆောင်နိုင်ဖို့ ဗဟိုဘဏ်တွေက ငွေကြေးလက်နက် တွေ- Monetary Tools အသုံးပြုပြီး ဝယ်လိုအား Demand ကို ဖျစ်ညှစ်ပစ်တယ်။ ဘဏ်တိုးနှုန်းတွေ မြှင့် တင်တယ်။ ငွေချေးငှားရတဲ့စရိတ်ကြီး မားသွားတယ်။ ဒီတော့ သုံးစွဲမှုကို လျှော့ချကြတယ်။ ဝယ်လိုအား ကျ ဆင်းသွားတယ်။ အိန္ဒိယနိုင်ငံ စီးပွား ရေး ပြန်လည်ကောင်းမွန်လာဖို့ အတွက်ဆိုရင် ဗဟိုဘဏ်က ဘဏ် တိုးနှုန်းကို တစ်ရစ်ချင်းပြန်လျှော့ချဖို့ ပဲရှိတယ်။ အိန္ဒိယဗဟိုဘဏ်အနေနဲ့ ငွေဖောင်းပွမှုကို ထိန်းချုပ်ဖို့ ကြိုးပမ်း ပေမယ့် လက်တွေ့မှာတော့ သိပ်ပြီး အောင်မြင်မှုမရှိပါဘူး။ အိန္ဒိယ ပြည်သူ တွေရဲ့ လူနေမှုစရိတ်- Cost-of-living ကို ဖော်ညွန်းတဲ့ စားသုံး သူဈေး နှုန်းဖောင်းပွမှု- Consumer Price Inflation  ညွှန်းကိန်းအရဆိုရင် ဖောင်း ပွမှုဟာ ဧပြီလအတွင်းက ပျမ်းမျှ ၁ဝ.၃၆ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်။ မြို့ပြမှာဆိုရင် ၁၁.၁ဝ ရာခိုင်နှုန်းနဲ့ ကျေးလက်မှာဆိုရင် ၉.၈၆ ရာခိုင်နှုန်း အထိ မြင့်မားခဲ့တယ်။
    အိန္ဒိယနိုင်ငံရဲ့ လောလော လတ် လတ် စီးပွားရေးကျဆင်းမှုဟာ ကမ္ဘာ့ စီးပွားရေးကျဆင်းမှုနဲ့ နှီးနွယ်ဆက်စပ် မှု အထိုက်အလျောက်ရှိတယ် ဆိုပေ မယ့် အဓိကအားဖြင့် ပြည်တွင်းရေး ပြဿနာတွေနဲ့ ဆက်စပ်မှုရှိတယ်။ ကွန်ဂရက်ဦးဆောင်တဲ့ ညွန့်ပေါင်း အစိုးရအဖွဲ့က စီးပွားရေးအခြေအနေ ပြန်လည်ကောင်းမွန်လာမှာပါလို့ ထပ် တလဲလဲပြောဆိုနေပေမယ့် ကောင်းမွန် လာမယ့် အလားအလာက သိပ်မရှိ ဘူး။ ဘာကြောင့်လဲဆိုတော့ ပြဿနာ တွေက စီးပွားရေးဘက်မှာရော နိုင်ငံ ရေးဘက်မှာပါ တစ်ပုံတစ်ခေါင်းဖြစ် နေတယ်။ အစိုးရအနေနဲ့ ဈေးကွက် ထဲက ငွေချေးယူမှုသိပ်များနေတယ်။ ပုဂ္ဂလိ စီးပွားရေး လုပ်ငန်းတွေ က ချေးငှားဖို့တောင် မကျန်ဘူး။ ပြီးတော့ ငွေဖောင်းပွမှုက မြင့်မားနေတယ်။ အစိုးရအနေနဲ့ ပြန်လည်ပြုပြင်ရေး စီမံကိန်းကြီးတွေ မလုပ်တာ နှစ်အတော်ကြာပြီ။ ၂ဝ၁၄ ခုနှစ် မှာ ရွေးကောက်ပွဲရှိနေလေတော့ ကွန် ဂရက်ပါတီအနေနဲ့ အရေး စွန့်ပြီး   ပြုပြင် ရေးစီမံကိန်းကြီးတွေ လုပ်ရဲမှာမဟုတ် ဘူး။
    အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးကျဆင်း မှုကို ကုစားနိုင်တဲ့နည်းလမ်းတွေ ရှိ တယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေက လဲ ထောက်ပြကြ တယ်။ ပြည်တွင်း မီဒီယာတွေကလဲ ဖော်ထုတ်တင်ပြ ကြတယ်။ ဝန်ကြီးချုပ်မန်မိုဟန်ဆင်း အစိုးရက ကိုယ်တိုင်ကလဲ မသိ မဟုတ် သိတယ်။ ဒါပေမယ့် လုပ်လို့ ကိုင်လို့မရဖြစ်နေတယ်။ ပဲ့နင်းဦး ထောင်၊ ဦးနင်းပဲ့ထောင်ဆိုသလို စီမံ ချက်တွေလုပ်တိုင်း မဟာမိတ်ပါတီ တွေကပဲဖြစ်ဖြစ်၊ အတိုက်အခံ ပါတီ တွေကပဲဖြစ်ဖြစ် ဒါမှမဟုတ် ပြည်သူ တွေကပဲဖြစ်ဖြစ် တစ်နည်းမဟုတ် တစ်နည်းကန့်ကွက်ကြတယ်။
    အစိုးရအနေနဲ့ ဂျီဒီပီရဲ့ဆယ်ပုံ တစ်ပုံလောက်ရှိတဲ့ ဘတ်ဂျက်လိုငွေ ပြမှု- Budget Deficit  ကို ဖြတ် တောက်လျှော့ချဖို့လိုတယ်။ ဒီအတွက် အစိုးရက လောင်စာဆီထောက်ပံ့ ကြေးတွေ- Fuel Subsidies ပေးနေမှု ကို ဖြတ်တောက်ရ မယ်။ ဖြတ်တောက်မှုလုပ်တာနဲ့ လောင်စာဆီဈေး နှုန်းမြင့်တက်လာတယ်။ ပြည်သူတွေ က ကန့်ကွက်ကြတယ်။ ဒါကြောင့် အစိုးရ က လောင်စာဆီ ထောက်ပံ့ ကြေးကို လျှော့မချရဲဖြစ်နေတယ်။
   အိန္ဒိယနိုင်ငံဟာ ဂလိုဘယ်စီး ပွားရေးနဲ့ ဆက်နွယ်မှုရှိတဲ့အတွက် ၂ဝဝဝ ပြည့်နှစ်လောက်ကစပြီး အိန္ဒိယပြည်တွင်း ကို နိုင်ငံခြားတိုက် ရိုက် ရင်းနှီးမြှုပ်နှံမှုတွေ- Foreign Direct Investments-FDIs တောက် လျှောက်စီးဝင်ခဲ့တယ်။ စုစုပေါင်း FDI  စီးဝင်မှု အမေရိကန်ဒေါ်လာ ၂၄၇ ဘီလီယံလောက်ရှိနိုင်တယ်လို့ ခန့်မှန်း ကြတယ်။ ဒါပေမယ့် မနှစ်ကစပြီး င်္FDI  စီးဝင်မှုလျော့နည်း သွားတယ်။ ၂ဝဝ၈-၂ဝဝ၉ မှာ FDI အမေရိကန် ဒေါ်လာ ၄၂ ဘီလီယံနီးပါးရှိခဲ့ရာက ၂ဝ၁ဝ-၁၁ မှာ ဒေါ်လာ ၃၃ ဘီလီယံ လောက်ပဲ စီးဝင်ခဲ့တော့တယ်။
    FDI စီးဝင်မှု- Inflow သာ လျှော့ နည်းသွားတာမဟုတ်ဘဲ ၂ဝ၁၁ မှာ FDI ယိုစီးမှု Outflow ကလဲ အမေရိ ကန်ဒေါ်လာ ၁၁ ဘီလီယံနည်းပါးရှိခဲ့ တယ်။ အိန္ဒိယစီးပွားရေး နှေးကွေး လာမှုနဲ့ အစိုးရရဲ့ မလှုပ်နိုင် မယှက်နိုင် ဖြစ်လာမှုတို့ကြောင့် FDI တွေ အိန္ဒိယ နိုင်ငံကို စွန့်ခွာနေကြတယ်။ မန်မိုဟန် ဆင်းအစိုးရကိ FDI ပြန်လည်စီးဝင်နိုင် အောင်လို့ Wal Mart တို့လို လက်လီ ကုန်တိုက်ကြီးတွေကို နိုင်ငံထဲဆွဲသွင်း ဖို့ ကြိုးပမ်းခဲ့ပေမယ့် ကန့်ကွက်မှုတွေ ကြောင့် အစီအစဉ်ကို ဖျက်သိမ်းခဲ့ရ တယ်။
    တကယ်တော့ အိန္ဒိယမှာ ပြုပြင်ပြောင်းလဲမှုတွေ အတော်များ များလုပ်စရာရှိတယ်။ အခွန်စည်းကြပ် မှုကို ပြောင်းလဲ ရမယ်။ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်း တွေကို ပြင်ဆင်ရမယ်။ နောက် ကြောင်းပြန် အခွန်ကောက်တာ မျိုးကို ရှောင်ကြဉ်သင့်တယ်။ အခြေခံ အ ဆောက်အအုံ တည်ဆောက်ရေး စီမံ ကိန်းတွေကို အလျင်အမြန် အကောင် အထည်ဖော် သင့်တယ်။ အဂတိလိုက် စားမှုတွေကို ဖော်ထုတ်ဖမ်းဆီးအရေး ယူဖို့လိုတယ်။ ဒီလုပ်ငန်းစဉ်တွေဟာ အစိုးရရဲ့ မူဝါဒတွေနဲ့ ဆက်စပ်နေတဲ့ အပြင်မပြုပြင်နိုင်စရာအကြောင်း မရှိဘူး။ ဒီတော့ ဝန်ကြီးချုပ်အနေနဲ့ ဘာကြောင့်မလုပ်တာလဲ။ နက်ရှိုင်း တဲ့ နိုင်ငံရေးပြဿနာတွေကြောင့်လို့ ထောက်ပြရမှာပါပဲ။ နိုင်ငံတော် ယန္တရားကြီးက ဟောင်းမြင်းနေပြီ။ ခေတ်မမီတော့ဘူး။ ကြိုးနီ စနစ်ကို မကျော်လွှားနိုင်တဲ့အပြင် အစိုးရကလဲ စီးပွားရေးကို တစ်စိတ်တစ်ပိုင်းအား ဖြင့် ချုပ်ကိုင်ထားချင်သေးတယ်။ လက်မ လွှတ်ချင်ဘူး။
    အိန္ဒိယဗျူရိုကရေစီက ယိုယွင်း ကျဆင်းလာနေပြီး နိုင်ငံရေးကလဲ အစိတ်စိတ်အမြွှာမြွှာအက်ကွဲနေတယ်။ အာဏာရ ကွန်ဂရက်ပါတီနဲ့ အတိုက် အခံဘာရက်တီယာဂျာနာတာပါတီ- Bharatiya Janata Party-BJP  တွေ ကို ထောက်ခံသူ နည်းပါးလာတယ်။ ပြည်နယ်ပါတီတွေ အင်အားကောင်း လာတယ်။ ပြည်သူတွေအနေနဲ့ ပြုပြင် ပြောင်းလဲရေး- Reform နဲ့ တိုးတက် မှု- Growth ကို ဆက်စပ်နားလည်ကြ ခြင်းမရှိသလို မြင်တွေ့နေကြရတယ်။
    အိန္ဒိယနိုင်ငံမှာ ပြုပြင်ပြောင်းလဲ ရေးကို လူကြိုက်နည်းတယ်။ တိုး တက်ချင်ကြပေမယ့်  ပြုပြင်ပြောင်းလဲ ရေးမလုပ်ချင်ကြဘူး။ တစ်လောက ဝန်ကြီးချုပ် မန်မိုဟန်ဆင်းကိုယ်တိုင် က သူ့အနေနဲ့ အိန္ဒိယနိုင်ငံတိုးတက် အောင် လုပ်နိုင်ပါတယ်လို့ြေ<ွကးကြော် ခဲ့တယ်။ ဒါပေမယ့် သူက တိုးတက် ချင်ရင် ဆုံးဖြတ်ချက်တွေ ရဲရဲရင့်ရင့် ပြတ်ပြတ်သားသား ချမှတ်လုပ်ဆောင် ကြဖို့ လိုတယ် လို့ ထောက်ပြခဲ့တယ်။ ကွန်ဂရက်ပါတီက အပြတ်မလုပ်ရဲ ဘူး။ မစွန့်စားရဲဘူး။ လာမယ့်ရွေး ကောက်ပွဲကို ထည့်သွင်းစဉ်းစားကြ တယ်။
    နိုင်ငံရေးနယ်ပယ်မှာက တိုင်း ပြည်အကျိုးအတွက်လို့ အော်ကြီး ဟစ် ကျယ်ပြောဟောနေကြပေမယ့် အခြား တစ်ဘက်မှာလဲ မိမိပါတီအကျိုး အတွက် ဆင်ကြံကြံနေကြတယ်။ အခုတစ်လော ၂ဝ၁၄ ရွေးကောက်ပွဲ ကို မျှော်မှန်းပြီး အိန္ဒိယနိုင်ငံမှာ တစ်ပါတီနဲ့ တစ်ပါတီ လက်သီးပုန်း ထိုးနေကြတယ်။ အာဏာရ ကွန် ဂရက်ပါတီ ပြုတ်ကျရေးအတွက် ပါတီအသီးသီးက ပေါ်ပေါ်ထင်ထင် တစ်မျိုး၊ ပုန်းလျှိုးကွယ်လျှိုးတစ်နည်း နဲ့ အခွင့်သာရင်သာသလို ထိုးနှက် တိုက်ခိုက်လာကြတယ်။ ကွန်ဂရက် ပါတီနဲ့ မဟာမိတ်ဖွဲ့ ထားတဲ့ အချို့ပါ တီငယ်တွေကတောင် ကွန်ဂရက်ပါ တီကို ထိုးနှက်လာကြတယ်။
    မကြာသေးမီက လူထုခေါင်း ဆောင်တစ်ဦးက ဝန်ကြီးချုပ် မန်မို ဟန်ဆင်းကို လာဘ်စားမှုနဲ့ ပတ်သက် တယ်ဆိုပြီး စွဲချက်တင် ခဲ့သေးတယ်။ ဝန်ကြီးချုပ်က ဒါကို သက်သေ အထောက်အထားခိုင်ခိုင်လုံလုံ ပြနိုင် ခဲ့မယ်ဆိုရင် သူ ရာထူးက ချက်ချင်း နုတ် ထွက်ပေးမယ်လို့ တန်ပြန်စိန်ခေါ် ခဲ့ပါသေးတယ်။ အိန္ဒိယနိုင်ငံရေး ဘယ်လောက်အခြေအနေဆိုးရွား လာ သလဲဆိုတာ တင်ပြတာပါ။ အိန္ဒိယမှာ က ဝန်ကြီးချုပ်မန်မိုဟန်ဆင်းကို လာဘ်စားမှုကင်းသူအဖြစ် နိုင်ငံရေး လောကတစ်ခုလုံးက အသိအမှတ်ပြုခံ ထားရသူပါ။ ထားပါတော့။
    ၂ဝ၁၁-၁၂ မှာ ဂျီဒီပီတိုးတက်မှု နှုန်း ၆.၅ ရာခိုင်နှုန်းအထိ ကျဆင်း သွားတော့ လာမယ့် ၂ဝ၁၂-၁၃ ဘဏ္ဍာရေးနှစ်မှာ အစိုးရအဖွဲ့က ပြော သလို ပြန်လည်ကောင်းမွန် တိုးတက် နိုင်ပါ့မလား။ ၂ဝ၁၂-၁၃ အတွက် ဂျီဒီပီတိုးတက်မှုနှုန်း ခန့်မှန်းချက်တွေ က အဖွဲ့အစည်းတစ်ခုနဲ့တစ်ခု ကွာ ခြားကြတယ်။ အိန္ဒိယဘဏ္ဍာရေး ဝန်ကြီးဌာနက တိုးတက်မှုနှုန်းကို ၇.၆ ရာခိုင်နှုန်း ခန့်မှန်းတယ်။ အိန္ဒိယဗဟိုဘဏ်က ၇.၃ ရာခိုင်နှုန်းလို့ ခန့်မှန်းတယ်။ ကမ္ဘာ့ဘဏ်ကတော့ ၇.ဝ နဲ့ ၇.၅ အတွင်းရှိနိုင်တယ်လို့ဆို တယ်။ အာရှဖွံ့ဖြိုးရေးဘဏ်- ADB ကတော့ ၇.ဝ ရာခိုင်နှုန်းဖြစ်နိုင်ပါသတဲ့။
မင်းရွှေမောင်
Ref: Hindustan Tirnes,
June 1 and June 6, 2012.

မင်းရွှေမောင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.