2013-5-20
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ဖက်ဒရယ်အကြောင်း တိုင်းရင်းသားပြည်သူများ ပိုမိုနားလည်ရန် ရည်ရွယ်၍ ဖက်ဒရယ်ဂျာနယ် ပြည်တွင်းတွင် ပထမဦးဆုံး စတင်ထုတ်ဝေ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၈၁၄
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
နိုင်ငံတကာ အရေး
ဝေဖန်ခံနေရတဲ့ ဂျာမဏီ ၀န်ကြီးချုပ်

ယူရိုငွေကြေးအနေနဲ့ ဒုက္ခအကြီးအကျယ်ရောက်ပြီး အခက်အခဲအမျိုးမျိုးနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခုလိုအချိန်အခါမှာ ယူရိုဇုန် အတွက် ဂျာမနီနိုင်ငံက ဟောကိန်းတစ်ခုထုတ်ခဲ့တယ်။ ယူရိုဇုန်အနေနဲ့ခြိုးခြံချွေတာရေးခယောင်းတောကြီးကို ဖြတ်သန်းကျော်လွှား ပြီးအခြေခံကျ တဲ့ ပြုပြင်ပြောင်းလဲရေးတွေ ဆောင် ရွက်ပြီးတဲ့တစ်နေ့မှာ ယူရိုဇုန်ဟာ ချမ်းသြာ<ွကယ်ဝလာပါလိမ့်မယ်တဲ့။ အဲဒီ အချိန်ကျရင် ကြွေးမြီတွေကိုလည်း ပြန်လည်ပေးဆပ်နိုင်တဲ့အပြင် ယှဉ်ပြိုင် နိုင်စွမ်းကလည်း ပိုမိုမြင့်မားလာမှာ ဖြစ်တယ် လို့ ဖော်ညွန်းတယ်။ ပြီး တော့ ဈေးကွက်တွေအနေနဲ့လည်း ကမ္ဘာ့စီးပွားရေးရဲ့ တကယ့်ပြဿနာ တွေဟာ ကြွေးပိနေတဲ့ အမေရိ ကန် ပြည်ထောင်စုနဲ့ ဂျပန်နိုင်ငံတွေသာ ဖြစ် တယ်ဆိုတာကို မြင်တွေ့လာကြမှာပါ လို့ အဲဒီဟောကိန်းက ညွှန်ပြခဲ့တယ်။
    ပြင်ပကမ္ဘာက ဂျာမန်နိုင်ငံကို ဝေဖန်ပြောဆိုမှုတွေ တိုးတက်လာလေ ဂျာမန်ထိပ်တန်းအရာရှိကြီးတွေက ဒီအမြင်ကို ပိုမိုဖက် တွယ်ထားလာလေ ပါပဲ။ ဒါပေမယ့် အခြားနိုင်ငံတွေက ဒီအမြင်အပေါ်မှာ သံသယရှိကြ တယ်။ ဘာကြောင့်လည်းဆိုတော့ ယူရိုပြဿနာ ဟာ သုံးနှစ်ထဲရောက် လာခဲ့ပေမယ့် အခြေအနေတွေက ပိုဆိုး လာတယ်။
    ပြီးခဲ့တဲ့ ဂရိရွေးကောက်ပွဲမှာ ခြိုးခြံချွေတာရေးကို ဆန့်ကျင်တဲ့ လက်ဝဲယိမ်းပါတီ ရှုံးနိမ့်ခဲ့တဲ့အတွက် ဂရိနိုင်ငံ အရည်ပျော် မကျခဲ့ပေမယ့် အနိုင်ရခဲ့တဲ့ ဗဟိုလက်ယာယိမ်း ဒီမိုကရေစီသစ်ပါတီရဲ့ ခေါင်းဆောင် Antonis Samaras  အစိုးရအဖွဲ့က လည်း ဂရိနိုင်ငံပြိုလဲမသွားအောင် ဟန့်တားနိုင်မယ့်ပုံမပေါ်ဘူး။ စပိန် နိုင်ငံကလည်း ဘဏ်တွေရဲ့ မတည် ငွေအရင်းအနှီးကို ပြန်လည်ဖြည့် တင်း ပေးနိုင်ဖို့အတွက် ယူရိုဇုန်မှ ချေးငွေ ယူရိုဘီလီယံ ၁ဝဝ လောက် လိုချင် တယ်။ ဥရောပကယ်တင်ရေး ရန်ပုံ ငွေတွေနဲ့ စပိန်နဲ့ အီတလီ အစိုးရ ဘွန်း တွေ Bonds  ကို ဝယ်ယူမယ်ဆိုတဲ့ အသံဗလံတွေလဲ ကြားနေကြရတယ်။
    တကယ်တော့ ဒီလိုဆိုးရွားလာ တဲ့ အခြေအနေတွေကြောင့် အခြား နိုင်ငံတွေက ယူရိုဇုန်အပေါ် သံသယ ဖြစ်နေကြတယ်။ ယူ ရိုငွေကြေးရဲ့ နောက်ကွယ်မှာဘာရှိသလဲ။ ဘာက ယူရိုကိုထောက်ကူပေးနေသလဲ။ စော ကြောလာခဲ့ကြတယ်။ ဂျာမနီနိုင်ငံ လား။ ဥရော ပဗဟိုဘဏ် European Central Bank-ECB  လား။ ဒါမှ မဟုတ် ယူရိုရဲ့ နောက်ကွယ်မှာ ဘာမှ မရှိဘူးလား သိချင်လာကြ တယ်။
    ဘာကြောင့်လည်းဆိုတော့ ယူရိုဘွန်းတွေမှာ ရင်းနှီးမြှုပ်နှံထားကြသူ တွေဟာ သူတို့ငွေတွေ ပြန်ရနိုင်ပါ့ မလား။ သေချာ သိချင်ကြတယ်။ ပြန်ရရင်လည်း သူတို့က ယူရိုငွေနဲ့ပဲ ပြန်လိုချင်ကြတယ်။ တန်ဖိုးကျဆင်းနေမယ့် ဒရက်စ်မာ(ဂရိငွေကြေး Drachmas)၊ လိုင်ရာ(အီတလီငွေ ကြေး Liras)နဲ့ ပီဆီတာ(စပိန်ငွေ ကြေး Pesetas)တွေကို မလိုချင်ကြ ဘူး။ အမျိုးသားငွေကြေး ဆိုတာက အခွန်စည်းကြပ်ပိုင်ခွင့် အာဏာရှိကြ တဲ့ အမျိုးသားဘဏ္ဍာရေးဌာနတွေက ကျောထောက်နောက်ခံပေးထား တာသာ ဖြစ် တယ်။ ဒါပေမယ့် ယူရိုဆိုတာက တစ်ခုတည်းသော အစိုးရမရှိဘဲနဲ့ စုပေါင်းထုတ်ဝေထားတဲ့ တစ်ခုတည်း သော ငွေကြေးဖြစ်တယ်။
    ဂျာမနီဝန်ကြီးချုပ် Angela Merkel  က တစ်ခုတည်းသော ယူရို ငွေကြေးကို ဘတ်ဂျက်စည်းကမ်းတွေ လိုက်နာ ပြီး ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ ကတိကဝတ်ပေးထားကြတဲ့ယူရိုဇုန်အဖွဲ့ဝင်နိုင်ငံများအားလုံး က ကျော်ထောက်နောက် ခံပေးထား တဲ့ ငွေကြေးဖြစ်ကြောင်း ကမ္ဘာကို ပြသ လိုတယ်။
    ဒါပေမယ့် ကြွေးပိနေတဲ့ နိုင်ငံ တွေကို ခြိုးခြံချွေတာရေးလုပ်ပြီး ပြုပြင်ပြောင်းလဲရေးတွေ လုပ်ကြဖို့ တွန်းအားပေးနေတဲ့ Angela Merkel  အပေါ် ယူရိုဇုန်အဖွဲ့ဝင်နိုင်ငံတွေက အထင်အမြင်လွဲမှားပြီး အမျိုးမျိုးအဖုံဖုံစွပ်စွဲပြောဆိုနေကြတယ်။ ဥရောပ တစ်လွှားရေပန်းစားနေတဲ့ နိုင်ငံရေးစိတ်ကူးစိတ်သန်းထဲမှာ Merkel ဟာ ကြောက်စရာကောင်းတဲ့ သရဲကြီး တစ်ကောင်လို့မြင်နေ ကြ တယ်။
    ဇွန်လထုတ် ဗြိတိသျှမဂ္ဂဇင်း တစ်စောင်က Merkel ဟာ ဟစ်တလာပြီးနောက် ဂျာမနီနိုင်ငံမှာ အန္တရာယ်အကြီးမား ဆုံး ခေါင်းဆောင် တစ်ဦးဖြစ်တယ်လို့ ရေးသားခဲ့တဲ့ အပြင် အီရန်က Mahmoud Ahma-dinejad  နဲ့ မြောက်ကိုရီးယားက Kim Jong Un တို့လို ကမ္ဘာကြီးတည်ငြိမ် အေးချမ်းမှုကို ဖျက်ဆီးနိုင်စွမ်းအရှိဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်တယ်လို့တောင် ဝေဖန်ရေးသားခဲ့တာ
တွေ့ရတယ်။ ဂရိနိုင်ငံသတင်းစာတွေကဆိုရင် Merkel ကို နာဇီနဲ့ ခိုင်းနှိုင်းရေးသား ဖော်ပြကြတယ်။ ပြီးတော့ ဂရိနိုင်ငံကို သိမ်းပိုက်လိုတဲ့ ဖက်ဆစ်တစ်ဦး ဖြစ် တယ်လို့လည်း ဝေဖန်စွပ်စွဲခဲ့ကြသေး တယ်။
    သတင်းစာအချို့ကတော့ ရောမ မြို့မီးလောင်နေတဲ့အချိန်မှာ ဗျပ်စောင်း တီးနေတဲ့ နီရိုဘုရင်နဲ့ Merkel ကို ခိုင်းနှိုင်းဖော်ပြ တယ်။ နိုင်ငံရေးသမား တွေကတော့ Merkel ကို မညှာမတာ ဝေဖန်ကြတယ်။ ဇွန်လအတွင်းက မက္ကဆီကိုနိုင်ငံ Los Cabos  မြို့မှာ ကျင်းပခဲ့တဲ့ G-20 ထိပ်သီးအစည်း အဝေးမှာလည်း Merkel ဟာ အဝေ ဖန်ခံရတာပါပဲ။
    ဒါပေမယ့် ဇွန်လ ၂၈ နဲ့ ၂၉ ရက်နေ့များက ဘရပ်ဆဲလ်မြို့မှာ ကျင်းပခဲ့တဲ့ EU Summit မှာကျတော့ Merkel က ခပ်မာမာပဲ။ ထိပ်သီး အစည်းအဝေးကို ရောက်ရောက်ချင်းပဲ Merkel  က သူမရဲ့ဘဝတစ်လျှောက် မှာ သူမအနေနဲ့ ဥရောပကြွေးမြီ ကို ပေါင်း စုဖြေရှင်းတဲ့ အစီအစဉ်ကို လက် ခံမှာမဟုတ်ဘူးလို့ ခပ်တင်းတင်း ပြောကြားခဲ့တယ်။
    အစည်းအဝေးတက်ရောက် လာကြတဲ့ ဘယ်နိုင်ငံခေါင်းဆောင်က မှ Merkel ကို မေးခွန်းမထုတ်ရဲကြ ဘူး။ ကြွေးပြဿနာ တက်နေကြတဲ့ နိုင်ငံတွေကို ကယ်တင်ဖို့အတွက် ပူးပေါင်းပြီး ယူရိုဘွန်း Eurobond ထုတ်ဝေရေးကိစ္စကိုတောင် တိုက်တိုက် တွန်းတွန်း မတင်ပြရဲကြဘူး။ တင်ပြရင်လည်း ဂျာမနီက ချက်ချင်းဗီတို အာဏာသုံးပြီး ကန့်ကွက်မှာကို ကြိုတင်သိနေကြတယ်။
    ဒါနဲ့ အဲဒီပြဿနာကြီးကြီးကို ရှောင်ကွင်းပြီး၊ သေးသေးမွှားမွှား ပြဿနာကလေးကိုပဲ တင်ပြဆွေးနွေး ကြတော့တယ်။ ပမာအားဖြင့် အီတလီ နဲ့ စပိန်ကို ထုတ်ချေးမယ့် အရေးပေါ် ရန်ပုံငွေတွေကို အဲဒီနိုင်ငံတွေရဲ့ ဘဏ် တွေဆီ တိုက်ရိုက်ထုတ်ပေးဖို့ တင်ပြ ကြတယ်။ အစကနဦးမှာ Merkel က သဘောမတူပေမယ့် နောက်ပိုင်း မှာ သဘောတူခဲ့တယ်။
    ဒါပေမယ့် ဒီလိုသဘာတူ လိုက် လျောခဲ့တဲ့အတွက် ဂျာမနီသတင်းစာ တွေက အရှုံးသမားကြီး Merkel လို့ ရေးသားဖော်ပြခဲ့ကြတယ်။ တကယ် တော့ ဂျာမနီဝန်ကြီးချုပ်ဟာ ဥရောပ တစ်ခုလုံးကို ကယ်တင်မယ်ဆိုတဲ့ ဧရာမ အစီအမံ ကြီးကို လက်မခံဘဲ အသေးအမွှား အစီအစဉ်ကလေးကို အစားထိုးလက်ခံခဲ့ခြင်းသာ ဖြစ် တယ်။ အမြစ်မြေလှန်ပြုပြင်ပြောင်း လဲ ရေးတွေမလုပ်တဲ့ ရေရှည်မတည်တံ့နိုင် တဲ့ စနစ်တစ်ခုကို ဂျာမနီနိုင်ငံရဲ့ ဓန ဥစ္စာအသုံးပြုပြီး ထောက်ကန်ပေးဖို့ ဆိုတာ Merkel ဘက်က ကြည့်ရင် မဖြစ်နိုင်တဲ့ ကိစ္စတစ်ရပ်ဖြစ်တယ်။ ဂျာမနီနိုင်ငံအတွက် အန္တရာယ်ရှိ တယ်။
    အခြားဥရောပနိုင်ငံတွေနဲ့ နှိုင်း ယှဉ်ကြည့်ရင် ဂျာမနီရဲ့ အခြေအနေက ကောင်းတယ်။ ဘာကြောင့်လဲဆိုတော့ ဂျာမနီနိုင်ငံဟာ အခြားသော ဥရောပ နိုင်ငံတွေနဲ့မတူတဲ့ မူဝါဒတွေကို ကျင့်သုံးတဲ့အတွက် ဖြစ်တယ်။ ဂျာမ နီဟာ ဥရောပကို ကျော်လွန်ပြီးကြည့် တတ်တယ်။ ဒါပေမယ့် အခြားသော ဥရောပနိုင်ငံတွေရဲ့ ပြဿနာတွေဟာ ဂျာမနီရဲ့ တိုးတက်ကြီးပွားရေးကို ထိခိုက်စေနိုင်တယ်။
    ဂလိုဘယ်စီးပွားရေး ဝရုန်းသုန်း ကား ဖြစ်နေတာဟာ Merkel ကြောင့် လို့ အချို့က အပြစ်တင်ကြတယ်။ သူမက လက်ဖျစ် တစ်ချက်တီးလိုက် ရုံနဲ့ ဥရောပပြဿနာ ပြေငြိမ်းသွားနိုင်တယ်လို့ ယူဆကြတယ်။ ဒါကြောင့် Merkel ကို ပြည်သူ့ရန်သူနံပါတ်တစ် လို့မြင်ကြပြီး တစ်ချိန်တည်းမှာပဲ ကမ္ဘာကြီးကို ကယ်တင်နိုင်သူအဖြစ် လည်း ယူမှတ်ကြတယ်။
    တကယ်တော့ Merkel ဟာ အာဏာရှင်မဟုတ်ပါဘူး။ ဒါပေမယ့် သူမဟာ သူမအလိုကျအပေးအယူ လုပ် ညှိနှိုင်းနိုင်စွမ်း လည်းရှိတယ်။ ဒါကြောင့်လည်း လူအများက သူမ အပေါ် မကျေမနပ်ဖြစ်နေကြခြင်း ဖြစ် တယ်။ ဒါတွေနဲ့ပတ်သက်ပြီး သူမ အနေနဲ့ ပွင့်ပွင့်လင်းလင်း ရှင်းလင်း ပြောကြားခဲ့ပြီးဖြစ်တယ်။ ပေါ်တူဂီက ဂရိနိုင်ငံအထိ ကြွေးပင်လယ်ထဲမှာ ရုန်းကန်လှုပ်ရှား ကူးခပ်နေ ကြရတဲ့ ဥရောပတောင်ပိုင်းနိုင်ငံများအရေးကို လွယ်ကူသက်သာသွားအောင် ထောက်ကူပေးဖို့ ဂျာမနီနိုင်ငံကို တိုက် တွန်းပြော ဆိုနေကြသူများကို ဝန်ကြီး ချုပ် Merkel က အသေအချာရှင်း လင်းပြောကြားတင်ပြခဲ့ပြီးလည်း ဖြစ် တယ်။
    Merkel က ဂျာမနီနိုင်ငံအနေနဲ့ လွန်ခဲ့တဲ့ နှစ်နှစ်ကာလအတွင်းမှာ အခြားသော အီးယူနိုင်ငံတွေနဲ့ တွဲဖက် ပြီး ကယ်တင်ရေး အစီအမံအမျိုးမျိုးနဲ့ ထောက်ကူပေးခဲ့တယ်။ ဂျာမနီနိုင်ငံ က ပေးခဲ့တဲ့ စုစုပေါင်း အထောက် အပံ့ဟာ အမေရိ ကန်ဒေါ်လာဘီလီယံ ၅ဝဝ တောင်ရှိတယ်။
    တကယ်ကို အခြားဥရောပနိုင်ငံ တွေဟာ အစီအမံညံ့ဖျင်းလို့  ပြဿနာ တက်ခဲ့ရင် သူတို့ကိုယ်တိုင် တာဝန် ယူလုပ်ဆောင် ကြ ဖို့လိုတယ်။ အမှန် တကယ် ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ လိုအပ်တယ်။ ဒီလိုမှမဟုတ်ရင် အကူအညီအထောက် အပံပေး တဲ့နိုင်ငံ အတွက် အန္တရာယ်များတယ်။ ဂရိလို နိုင်ငံတွေက ကြွေးတင်လာတိုင်း ဂျာမနီနိုင်ငံရဲ့ ကူညီကယ်တင်မှု ကို စောင့်စားမျှော် လင့်နေကြမယ်ဆိုရင် အဲဒီနိုင်ငံတွေက သူတို့ရဲ့ အမူအကျင့် တွေကို ပြောင်းလဲဖို့ဘာမှလုပ်ကြမှာ မဟုတ်ဘူး။
    ပြီးတော့ လောလောလတ်လတ် ဖြစ်ပေါ်လျက်ရှိတဲ့ ပြဿနာဇစ်မြစ် က ဆက်လက်မထိန်း ထားနိုင် လောက်အောင် မြင့်မား တဲ့ ကြွေးမြီ ပမာဏဖြစ်တယ်။ ဒါကြောင့် ကယ်တင်ရေး ရန်ပုံငွေအတွက် ပိုပြီးငွေချေး ရတာတွေအပြင် တုပထားတဲ့ နိုးထ ရှင်သန်ရေး အစီအမံတွေဟာ တကယ် တော့ အခြေခံအားဖြင့် ကောင်းမွန် ခြင်းမရှိဘူးလို့ Merkel က သူမရဲ့ အမြင်ကို ရှင်းလင်း တင်ပြခဲ့ပြီးဖြစ် တယ်။
          G-20 အစည်းအဝေး တက် ရောက်ဖို့ မက္ကဆီကိုနိုင်ငံကို မထွက်ခွာ မီမှာ Merkel က ၂ဝဝ၈ ခုနှစ် မတိုင်မီ အမေရိကန်နိုင်ငံ မှာ ဖြစ်ပေါ်ခဲ့တဲ့ အိမ်ရာမြေပေါင်နှံ ငွေချေးငှားမှု အထူး တလည်တိုးတက်ကောင်းမွန်မှုကို သာဓကတင်ပြီး ထောက်ပြခဲ့သေး တယ်။ ကျွန်မတို့အနေနဲ့ ပြည်သူတွေ ကို အထင်အမြင်လွဲမှားစေနိုင်တဲ့ အမေရိကန်စီးပွားရေး မော်ဒယ်တွေကို အလိုမရှိဘူးလို့ သူမက ပြတ်ပြတ် သားသား ပြောကြားခဲ့တယ်။ ဒီလို ပြောလို့ အမေရိကန်တွေက သဘော ကျချင်မှကျမယ်။ ဒါပေမယ့် ဒီလို တစ်တစ် ခွခွ ပြောတာမျိုးကို ဂျာမန် တွေက သဘောကျကြတယ်။ ဒါကြောင့် ဒီနှစ်အစောပိုင်းမှာဆိုရင် Merkel ကို လူကြိုက် များပြီး ပြည်သူ ၆၄ ရာခိုင်နှုန်းက ထောက်ခံကြတယ်။
    ဒီလိုဆိုလို့ Merkel ကို သဘော မကျကြတဲ့ မဲဆန္ဒရှင်တွေ မရှိဘူးလို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ ဒီနှစ် ကျင်းပ တဲ့ ပြည်နယ်ရွေးကောက်ပွဲ တွေမှာ သူမရဲ့ Christian Democ-ratic Union  ဟာ ပြည်နယ်အတော် များများမှာ အရေးနိမ့် လျက်ရှိတယ်။ အထွေထွေရွေးကောက်ပွဲက ၂ဝ၁၃ ခုနှစ်မှာ ကျင်းပဖို့ရှိနေတော့ သိပ်ပြီး မလိုတော့ဘူး။
    ပြီးတော့ သူမရဲ့ ဥရောပမူဝါဒ အပေါ် ပြည်တွင်းက ကန့်သတ်ချုပ် ချယ်ဖိအားပေးတာတွေလည်း ရှိနေ တယ်။ သူမရဲ့ငွေကြေးထောက်ကူ ကယ်တင်မှုတွေနဲ့ ပတ်သက်ပြီး တရားဝင်မှု ရှိ၊ မရှိ ဖက်ဒရယ်ဖွဲ့စည်း ပုံ တရားရုံး- Federal Constitutional Court  မှာ တရားစွဲဆိုစိန်ခေါ်မှု တွေလည်း ရှိနေတယ်။
    တကယ်တော့ စပိန်၊ ဂရိနဲ့ ကြွေးပိနေတဲ့ အခြားဥရောပနိုင်ငံတွေ ကို Merkel အနေနဲ့ ခြိုးခြံချွေတာရေး အစီအမံတွေနဲ့ တွဲဖက်ပြီး ကယ်တင် ရေးလုပ်ခဲ့တာတွေကို ဂျာမနီ မဲဆန္ဒရှင် ပြည်သူတွေက အပြစ်မမြင်ခဲ့ကြ ဘူး။ ဘာကြောင့်လည်းဆိုတော့ လွန်ခဲ့ တဲ့ ဆယ်စုနှစ်တစ်ခုလောက်က ဂျာမန်ပြည်သူတွေကိုယ်တိုင်ကလည်း ခြိုးခြံချွေတာရေး ဆေးခါးကြီးကို သောက်ခဲ့ကြရတယ်။ ဒါကြောင့် လည်း ဂျာမနီနိုင်ငံဟာ အခုအခါ စီးပွား ရေးကောင်းမွန်နေတာဖြစ်တယ်။
    လောလောဆယ် ဂျာမနီနိုင်ငံရဲ့ အမျိုးသားဘတ်ဂျက်လိုငွေပြမှုဟာ တစ်ရာခိုင်နှုန်းလောက်ပဲရှိတယ်။  စားသုံးသူသုံးစွဲမှု ကလည်း မြင့်တက် လာတယ်။ အလုပ်လက်မဲ့နှုန်းက လည်း ၆.၇ ရာခိုင်နှုန်းပဲရှိတယ်။ ဒါလည်းပြဿနာမဟုတ်ဘူး။ အရည် အချင်းပြည့်ဝတဲ့ လုပ်သားများ အတွက်အလုပ်က မရှားဘူး။ ရှာရ ဖွေရလွယ်ကူတယ်။
    ဒါပေမယ့် အကန့်အသတ်တွေ ကတော့ ရှိတယ်။ ဂျာမနီနိုင်ငံဟာ အခြားသော ဥရောပနိုင်ငံတွေအပေါ် အားထားမှီခိုနေမှုကို တဖြည်းဖြည်း လျှော့ချလျက်ရှိတယ်။ ဒါပေမယ့် ယူရို ပြိုလဲရင်တော့ ဂျာမနီနိုင်ငံလည်း အထိနာမှာပဲ။ Merkel အနေနဲ့ ဥရောပပေါင်းစည်းရေးဟာ ရှေ့ဆက် လုပ်သင့်တဲ့ကိစ္စဖြစ်တယ်လို့ ခံယူထား တယ်။ ဒါပေမယ့် အခြားဥရောပနိုင်ငံ တွေက ဒီကိစ္စ အပေါ် အေးတိအေး စက်လုပ်နေကြတယ်။ ဘာကြောင့်လည်း ဆိုတော့ ဂျာမနီအပေါ် သိပ်ပြီး သံသယဖြစ်နေကြတဲ့ အတွက်ပါပဲ။
    ဒီကနေ့ ဂျာမနီဟာ စီးပွားရေး အရ တောင့်တင်းခိုင်မာနေရတဲ့ အကြောင်းရင်းက လွန်ခဲ့တဲ့ဆယ်စုနှစ် က ပြုပြင်ပြောင်းလဲရေးတွေ လုပ်ခဲ့ တဲ့အတွက် ဖြစ်တယ်လို့ထောက်ပြကြ တယ်။ အစကနဦးမှာ ဂျာမနီနိုင်ငံဟာ ခါးသီးတဲ့အမှန်တရားနဲ့ ရင်ဆိုင်ကြုံ တွေ့ ခဲ့ရတယ်။ ဘာလင်တံတိုင်းကြီး ပြိုလဲသွားတဲ့နောက်ပိုင်း၊ အနောက် ဂျာမနီဟာ အရှေ့ဂျာမနီရဲ့ ပြိုလဲပျက် စီးနေတဲ့
စီးပွားရေးကို ကယ်တင်ဖို့ အတွက် အမေရိကန်ဒေါ်လာနှစ်ထရီ လီယံလောက် ကုန်ကျခဲ့တယ်။ ဒီလို ကယ်တင်ခဲ့ရမှုက ဂျာမနီနိုင်ငံရဲ့ အားအင်ကို ကုန်ခန်းစေခဲ့တယ်။ ပထမဦးစွာ ပြုပြင်ပြောင်းလဲရေးတွေ မလုပ်ဘဲ နဲ့ အောင်မြင်မှုမရှိတဲ့ စီးပွားရေးကို ကယ်တင်ရ တာဟာ အလုပ်မဖြစ်ဘူး။ ငွေတွေကိုလွင့်ပစ်သလိုပဲ အကျိုးမရှိ ဘူးဆိုတဲ့ သင်ခန်းစာကို ဂျာမနီတွေ နားလည် သဘောပေါက် သွားခဲ့ကြ တယ်။ ဒါကြောင့် ဂျာမနီနိုင်ငံဟာ ယှဉ်ပြိုင်နိုင်စွမ်း ပြန်ရှိလာအောင် လုပ်သားတွေရဲ့ လုပ်ခကို တိုးမပေး ဘဲ ပြုပြင်ပြောင်း လဲရေးတွေ အားသွန် ခွန်စိုက်လုပ်ခဲ့ကြတယ်။ ဒါမှပဲ စီးပွား ရေးက ပြန်လည်ဦးမော့လာခဲ့တယ်။
    ဒုတိယအပြောင်းအလဲတစ်ခု ကတော့ ကော်ပိုရိတ်ဂျာမနီဟာ လွန်ခဲ့ တဲ့ ဆယ်နှစ်လောက်စပြီး ဖောက် သည်သစ်တွေ ရှာဖွေခဲ့ခြင်းဖြစ်တယ်။ ဥရောပဈေးကွက်တွေဟာ တိုးတက် မှုမရှိတော့တဲ့အတွက် ဥရောပရဲ့ အပြင်ဘက် ထွက်ပြီး ဈေးကွက် သစ်တွေ ရှာဖွေခဲ့ကြတယ်။ အထူးသဖြင့် တော့ ထွန်းသစ်စ ဈေးကွက်တွေ Emerging Markets  တွေနဲ့ အမေရိ ကန်ပြည်ထောင်စု ကို ဂျာမနီရဲ့ ထုန် ကုန်တွေ တင်ပို့ရောင်းချခဲ့တယ်။ အမြတ်အစွန်းလည်း တစ်ပုံတစ်ခေါင်း ရရှိခဲ့တယ်။
    ဂျာမနီနိုင်ငံက အကြီးမားဆုံးနဲ့ လူသိအများဆုံး ကားထုတ်လုပ်ရေး ကုမ္ပဏီကြီးတွေဖြစ်တဲ့ BMW  နဲ့ Volkswagen ဟာ သူတို့ကားတွေကို အဓိကတရုတ်ပြည် တင်ရောင်းခဲ့ တယ်။ BMW ဆိုရင် ၂ဝဝ၃ ခုနှစ် လောက်ကစပြီး တရုတ်ပြည်မှာ တရုတ်ကုမ္ပဏီတစ်ခုနဲ့ စပ်တူလုပ်ပြီး ကားပစ္စည်းအစိတ်အပိုင်းတွေကို စုစည်းတပ်ဆင်တဲ့လုပ်ငန်း လုပ်ကိုင်ခဲ့ တယ်။ တရုတ်ပြည် တင်ပို့ရောင်းချ တဲ့ လုပ်ငန်းဟာ ရာခိုင်နှုန်းအားဖြင့် ငါးနှစ်ကာလအတွင်း နှစ်ဆတိုးမြင့် သွားခဲ့တယ်။
    အင်ဂျင်နီယာလုပ်ငန်းတွေမှာ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်တဲ့ Siemens ကုမ္ပဏီဆိုရင်လည်း သူတို့ ရဲ့ ဝင်ငွေ အတော် များများကို အမေရိ ကားနိုင်ငံတွေနဲ့ အာရှနိုင်ငံတွေဆီက ရရှိခဲ့တယ်။ သူတို့လောက် ကြီးကျယ် တဲ့ လုပ်ငန်း မဟုတ်ပေမယ့် ဝက်အူချောင်း ထုတ်လုပ်ရောင်းချတဲ့ Westfleisch ကုမ္ပဏီတောင်မှ တရုတ်နဲ့ရုရှားကို တင်ပို့ရောင်းချလို့ အမြတ်အစွန်းကို ၂ဝ ရာခိုင်နှုန်း လောက် မြင့်တက်သွားခဲ့တယ်။ မနှစ် ကဆိုရင် ဝက်ကောင်ရေ ခုနစ်သန်း သတ်ပြီးဝက်အူချောင်းတွေ ထုတ်လုပ် တင်ပို့ရောင်းချခဲ့ရပါသတဲ့။
    အခြားတစ်ဘက်မှာ ဥရောပ အတွင်း ဂျာမနီရဲ့ တင်ပို့ရောင်းချရမှု ကလဲ မြင့်တက်လာခဲ့တယ်။ ဒါပေ မယ့် စုစုပေါင်းရဲ့ ရာခိုင်နှုန်းအရ ပြော ရင် ကျဆင်းသွားတယ်။ လောလော ဆယ်မှာ အခြားသော ဥရောပနိုင်ငံ များကို ဂျာမနီရဲ့တင်ပို့ရောင်းချမှုဟာ ၄၂ ရာခိုင်နှုန်းပဲရှိတယ်။
    ဂျာမနီရဲ့ ဘဏ္ဍာရေးဈေးကွက် ကလည်း အထူးတလည် အောင်မြင် လျက်ရှိတယ်။ ကြွေးပိနေကြတဲ့ ဥရောပတောင် ပိုင်းဒေသက ငွေရှင် ကြေးရှင်တွေဟာ သူတို့နိုင်ငံတွေက ဘဏ်တွေကို စိတ်မချလို့ သူတို့ရဲ့ ငွေတွေကို ဂျာမနီနိုင်ငံမှာ ရွှေ့ပြောင်း ထားရှိကြတယ်။ ဒီတော့ ဂျာမနီ ဘဏ်တွေမှာ ငွေတွေပြည့်လျှံနေ တယ်။ ဥရောပတောင်ပိုင်းကနိုင်ငံတွေ ရဲ့ ငွေတွေနဲ့ ဂျာမနီနိုင်ငံက အလုပ် ဖြစ်နေတယ်။ တစ်နည်းပြောရင် ကောင်းစားနေတယ်။
    အခြားသော ဥရောပနိုင်ငံတွေက စီးပွားရေးအကျပ်အတည်းနဲ့ရင်ဆိုင်နေရချိန်မှာ ဂျာမန်စီးပွားရေး က ဒေါင်ဒေါင်မြည်ကောင်းနေလေတော့ ဂျာမနီ နိုင်ငံရဲ့ ဝန်ကြီးချုပ်ဖြစ်တဲ့ Angela Merkel  လည်း အမျိုးမျိုးဝေဖန် စွပ်စွဲ ပြောဆို ခံနေ ရရှာ တယ်။ ကမ္ဘာက တောင် Merkel အပေါ် အမြင် မကြည်ဖြစ်နေတယ်။
    ယူရိုငွေကို ဒီကနေ့အထိ ကမ္ဘာ့ နိုင်ငံတွေက သီးသန့်အရန်ငွေကြေး reserve currency  အဖြစ် ကိုင်ဆောင် ထားကြပေမယ့် ယူရိုငွေကြေးကို ဆက်လက်ကိုင်စွဲအသုံးပြုသင့်သလား ဆိုတဲ့ ကိစ္စကိုလည်း ဥရောပမှာ အကြီးအကျယ်ဝေဖန်ဆွေးနွေးလာနေ ကြတယ်။
    မကြာသေးမီက ဂျာမန်ဗဟို ဘဏ်ကောင်စီဝင်ဟောင်းတစ်ဦးဖြစ် တဲ့ Thilo Sarrazin u Europe Doesn't Need the Euro  ဆိုတဲ့ စာအုပ်တစ်အုပ်ရေးသားထုတ်ခဲ့တယ်။ လူကြိုက်အများဆုံး စာအုပ်လည်းဖြစ် တယ်။ သူကတော့ ရှင်းရှင်းပဲ။ ဥရောပအတွက် ယူရိုငွေ မလိုအပ် ဘူးလို့ ရေးသားတင်ပြခဲ့တယ်။
    ဂျာမန်ပြည်သူအတော်များများ က သူတို့ရဲ့ အမျိုးသားငွေကြေးဖြစ် တဲ့ ဒွိုက်ခ်ျမက်- Deutsche mark ကိုပဲ သဘောကျ ကြ တယ်။ တစ်ခုတည်းသောငွေကြေးဖြစ်တဲ့ ယူရိုငွေကြေးကိုပြောင်းလဲအသုံးပြုတာဟာ မှားတာပဲလို့ ဂျာမန်ပြည်သူထက် ဝက်လောက် က ယူဆကြတယ်။
  ယူရိုဇုန်အတွင်း လက်ရှိအခြေအနေအရ ဂရိနိုင်ငံဟာ ယူရိုဇုန်မှ ထွက်ခွာသွားသင့်တယ်လို့ ဂျာမန်ပြည်သူ ၇ဝ ရာခိုင်နှုန်းလောက်က သုံးသပ်တယ်။ ပြီးတော့ ဂရိနိုင်ငံဟာ သူရဲ့အြေ<ွကးတွေကို ပြန်ဆပ်နိုင်မယ့် အလားအလာလည်း သိပ်မရှိဘူး။ ယူရိုဇုန်အတွင်းမှာ ဂရိတို့ပေါ်တူဂီတို့ ကစပြီး အီတလီ၊ စပိန်စတဲ့ နိုင်ငံကြီး တွေအထိ တစ်စတစ်စပြဿနာတွေ တက်လာတယ်။ တစ်နည်းပြောရင် တော့ ယူရိုဇုန်အခြေအနေဆိုးရွား လာ တယ်။ ပြင်သစ်ရဲ့အခြေအနေက လည်း သိပ်ကောင်းတာမဟုတ်ဘူး။
    ဒီတော့ ယူရိုဇုန်အနေနဲ့ ဒါမှ မဟုတ် ဥရောပသမဂ္ဂ- European Vrien  အနေနဲ့ အခုထက်ပိုပြီး ပေါင်း စည်းရေးလုပ်နိုင်ရင်လုပ် မလုပ်နိုင်ရင် တော့ တစ်စစီတစ်စစီ ပြိုကွဲသွားနိုင် တယ်။ တရုတ်၊ အိန္ဒိယတို့လို ထွန်းသစ်စနိုင်ငံတွေရဲ့ စီးပွားရေး ကျဆင်းနေချိန် အမေရိကန်စီးပွားရေး ကလည်း ပြန်လည်ဦးမော့မလာနိုင် သေးတဲ့အချိန်မှာ ဥရောပပြိုလဲပြီး ကမ္ဘာ့စီးပွားရေးပျက်ကိန်း ဆိုက် ရင် တော့ Angela Merkel ကြောင့်လို့ လက်ညှိုးထိုးကြမှာ သေချာတယ်။
မင်းရွှေမောင်
Ref : Time, July 16, 2012

မင်းရွှေမောင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.