24-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
၂ဝ၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ သြဂုတ်လ ၃ ရက်နေ့အထိ လေးလတာကာလအတွင်း တာချီလိတ်နယ်စပ်ဝင်ပေါက်မှ နိုင်ငံတကာ ခရီးသွားဧည့်သည်ရှစ်ထောင့်ငါးရာကျော်ဝင်ရောက်လည်ပတ်ခဲ့
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
နိုင်ငံတကာ အရေး
ထိုင်းထိပ်တန်း Developer များ ပြည်ပလုပ်ငန်းတွေနဲ့ ဖက်စပ်လုပ်ကိုင်

ထိုင်းက အိမ် ခြံ မြေဈေးကွက် ၂ဝ၁၇ မှာ တက်လာခြင်းနဲ့အတူ ပြည်တွင်း developer တွေဟာ ပြည်ပလုပ်ငန်းတွေနဲ့ ဖက်စပ်အဖြစ် ပရို ဂျက်များစွာ လုပ်ကိုင်လာကြပါတယ်။ ဘန်ကောက်ရှိ လူအများသွားလာရာ လမ်းကြောင်းနဲ့ နီးတဲ့ နေရာများက မြေကွက်များမှာ ပရိုဂျက်များပြုလုပ် ဖို့ developer များအကြား ယှဉ်ပြိုင် နေကြတာပါ။ ထိုင်း AP ကုမ္ပဏီဟာ ဂျပန် မစ်ဆူဘီရှိ အိမ် ခြံ မြေနဲ့ ဖက်စပ်အဖြစ် ၂ဝ၁၄ က စတင် သဘောတူခဲ့ပြီး ကွန်ဒိုပရိုဂျက် ဒီနှစ်ထဲမှာ လုပ်ကိုင်နေပါတယ်။  Ananda ခေါ် ထိုင်း နံပါတ် တစ် developer ကလည်း ဂျပန်မစ်ဆူ အိဖူဒိုဆန်နဲ့ မျိုးစုံပါဝင်တဲ့ ပရို ဂျက်ကို စတင်နေပါတယ်။ ကွန်ဒို အခန်းများ၊ ရုံးခန်းများ၊ Service Apartment များ ပါဝင်မှာပါ။ Senaကလည်း ဂျပန်ဟန်ကျူ အိမ် ခြံ မြေလုပ်ငန်းနဲ့ တန်ဖိုးကြီး ကွန်ဒို ပရိုဂျက်ကို ဘန်ကောက်မြို့တွင်းမှာ လုပ်ကိုင်မှာပါ။ ဝိုရာလပ် ပရော့ပါတီ လုပ်ငန်းကလည်း ဂျပန်ရှင်ဝါဂရုပ်နဲ့ အဆင့်မြင့် ကွန်ဒိုပရိုဂျက် ဘန် ကောက်မြို့တွင်းမှာ လုပ်မှာပါ။ အလားတူ တရုတ်လုပ်ငန်းများနဲ့ ဖက်စပ်တည်ထောင်လာတဲ့ ထိုင်း Developer  တွေမှာ ချင်းမိုင်နဲ့ ဖူးခက်တို့မှာ ကွန်ဒိုနဲ့ အခြားမျိုး စုံပါပရိုဂျက်တွေလုပ်မယ့် ချန်အစ္စရာ က တရုတ် တီအန်ယွန်ဆောက်လုပ် ရေးနဲ့ ဖက်စပ်လုပ်ခဲ့ပါတယ်။ Supali က သြဇီလုပ်ငန်းနဲ့ ဖက်စပ်လုံးချင်း အိမ်များ လုပ်မှာဖြစ်သလို Siameseအက်ဆက်ကလည်း ဂျပန်ကုမ္ပဏီ ဆီ ကီအီဓာတုလုပ်ငန်းနဲ့ လုံးချင်း အိမ်များဆောက်လုပ်ဖို့ စီစဉ်နေကြ ကြောင်း သိရပါတယ်။

Source; Property news.
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.