24-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
၂ဝ၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ သြဂုတ်လ ၃ ရက်နေ့အထိ လေးလတာကာလအတွင်း တာချီလိတ်နယ်စပ်ဝင်ပေါက်မှ နိုင်ငံတကာ ခရီးသွားဧည့်သည်ရှစ်ထောင့်ငါးရာကျော်ဝင်ရောက်လည်ပတ်ခဲ့
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
နိုင်ငံတကာ အရေး
အိမ်ရာရောင်းချရမှု ထိပ်ဆုံးမှာရှိတဲ့ စပိန်

၂ဝ၁၇ ဧပြီမှာ စပိန်က ပရော့ပါတီတို့ဟာ ရောင်းချရမှု အမြင့်ဆုံး ဖြစ်နေကြောင်းသိရပါတယ်။ ဥရောပမှာ ရောင်းချရမှု အမြင့်ဆုံးတက် လာတာ မော်လတာဖြစ်ပြီး အဆင့် ၂၄ ကနေ ၁၁ ထိတက်လာခဲ့ပါတယ်။ ဘူဂေးရီးယားကလည်း အဆင့် ၁၁ ကနေ ၄ နေရာကို ခုန် တက်ခဲ့ပါတယ်။ စပိန်အိမ်ရာ ပရော့ ပါတီတို့ဟာ ဝယ်ယူရန် စုံစမ်းမှု ခုနစ် ခုမှာ တစ်ခုက ရောင်းချခဲ့ရကြောင်းသိရပါတယ်။

စပိန်မှာ ဈေးအကြီးဆုံးပေးဝယ် နေတာ ဗြိတိန်ကလူတွေဖြစ်ပါတယ်။ အလားတူ ဘူဂေးရီးဟားကလည်း စီးပွားရေးတိုးတက်မှုနဲ့အတူ အိမ်ရာဈေးနှုန်းတွေမှန်မှန်တက်နေပါတယ်။ ဒါကြောင့်ဗြိတိန်ဝယ်သူ တွေဟာဘူဂေးရီးယားမှာလည်းဝယ်ယူဖို့ အခွင့်အလမ်းပြည်ပရင်းနှီး  မြှုပ်နှံသူတွေဟာ ဆိုက်ပရပ်စ်ကိုလည်း စိတ်ဝင်စားမှုတိုးလာနေပါ တယ်။ စပိန်မှာအိမ်ရာ ရောင်းချမှုရဲ့ ၁၃.၂၅ ရာခိုင်နှုန်းဟာ ပြည်ပက ရောင်းဝယ်မှုတွေဖြစ်တဲ့အထိ တက်ခဲ့တာပါ။  မော်လ်တာကတော့ ထိပ်ဆုံး ၂ဝ နေရာထဲကို ၂ဝ၁၆ သြဂုတ်လက ရောက်ခဲ့ပြီး ဆိုက်ပရပ်စ်ကလည်း ခုချိန်မှာ အဆင့် ၅ နေရာအထိ တက်ခဲ့ပါတယ်။ ကိတ်ဗာဒီကျွန်းစု နံပါတ် ၆ နေရာကနေ အီတလီ၊ အင်ဒိုနီးရှားတို့ကို ဦးဆောင်နေပါတယ်။ ပြင်သစ်နဲ့ ယူအေအီးတို့ကလည်း အဆင့် ၁ဝအတွင်း ဝင်ခဲ့ကြောင်းပါ။

 

Source : Property news.

ကိုမင်း
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.