| |
Untitled Document
|
|
|
|
တူနီရှားနိုင်ငံ၌ ဆူပူမှုထပ်မံဖြစ်ပွား
တူနီးရှားနိုင်ငံ၌ ဖေဖော် ဝါရီလ ၈ ရက်နေ့က ဆန္ဒပြသူ များနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ရင်ဆိုင်မှုဖြစ်ပွားကာ ရုန်းရင်းဆန် ခတ်မှု ဖြစ်ခဲ့သည်။ ဖေဖော်ဝါရီလ ၆ ရက် နေ့က တူနီးရှားနိုင်ငံ၏ အတိုက် အခံခေါင်းဆောင် ချိုကရီဘာလိတ် - Chokri Belaid လုပ်ကြံ သတ် ဖြတ်ခံရပြီးနောက် ယခုကဲ့သို့ ပြည် သူအများက မကျေမနပ်ဖြစ်ကာ ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။ ဖေဖော်ဝါရီလ ၆ ရက် နေ့မှ စတင်ခဲ့သော ထြ<ွကမှုသည် ဖေဖော်ဝါရီလ ၈ ရက်၊ သောကြာ နေ့အထိ အေးချမ်းမသွားခဲ့ပေ။ အတိုက်အခံခေါင်းဆောင် ဘာလိတ် လုပ်ကြံသတ်ခံရခြင်း သည် အစ္စလာမ်ပါတီ- Ennada ပါတီခေါင်းဆောင်သော အစိုးရ၌ လုံးဝတာဝန်ရှိသည်ဟု ပြည်သူ များက ယုံကြည်နေကြသည်။တူနီးရှားနိုင်ငံ၌ အ လယ်အလတ်သမားများ၊ သီး သန့်နေထိုင်လိုသော တူနီးရှားဒေ သခံများနှင့် အစ္စလာမ်ဝါဒီ အစိုးရ တို့ကြား တင်းမာမှုကြောင့် ပြဿ နာ အစပျိုးနေသည်မှာ လများစွာ ကြာခဲ့ပြီ ဖြစ် သည်။ ယခု ဘာလိတ်အသတ်ခံရခြင်းကြောင့် ယခုကဲ့သို့ တင်း မာမှုမှ ပေါက်ကွဲမှုအထိ ဖြစ်သွား ခဲ့ရသည်ဟု BBC သတင်းသမား Wyre Davies က တူနစ်မြို့မှ နေ၍ သတင်းပေးပို့ခဲ့သည်။ တူနီးရှားနိုင်ငံမှ အာရပ်နွေဦးတော်လှန်မှု ၂ဝ၁ဝ ဒီဇင်ဘာ - ကုန်သည် မိုဟာမက်ဘောင်ဝါဇီတီက သူ့ကိုယ်သူ မီးရှို့ဆန္ဒပြသည်။ ထိုမှ အစိုးရဆန့်ကျင်မှု စသည်။ သူသေဆုံးသွား၏။ ၂ဝ၁၁ ဇန်နဝါရီ - သမ္မတဘင်အာလီ ရာထူးမှ ဆင်းပေးသည်။ ဆန္ဒပြမှုများ တိုးပွားလာ၍ ဖြစ်၏။ ၂ဝ၁၁ မတ် - ပညာရှင်များ ပါဝင်သော အစိုးရအဖွဲ့ ပေါ်ပေါက်လာသည်။ ၂ဝ၁၁ အောက်တိုဘာ - မာဇူကီကို သမ္မတအဖြစ် တင်ကြသည်။ ဂျအာလီက ဝန်ကြီးချုပ် ဖြစ်လာ၏။ ၂ဝ၁၂ မေ - အစ္စလာမ် ပါတီဝင် ဆလာမီသည် ရဲများနှင့် ပဋိပက္ခဖြစ်၏။ ၂ဝ၁၁ ဇွန် - ၂ဝ၁၁ ခုနှစ်၌ ဆန္ဒပြသူများကို သတ်ဖြတ်ခဲ့၍ ဘင်အလီကို ထောင်ဒဏ် တစ်သက်ချသည်။ ဆော်ဒီအာရေးဗျနိုင်ငံက တရားခံပေးပို့ရန် ငြင်းဆန်ခဲ့၏။ ၂ဝ၁၃ ဖေဖော်ဝါရီ - အတိုက်အခံ ခေါင်းဆောင် ဘာလိတ် လုပ်ကြံခံရသည်။
မောင်သာရွှေ |
| |
|
|
|
|
|
Untitled Document
|
|
|