| |
Untitled Document
|
|
|
|
ဝင်ငွေ ကွာဟမှုအပေါ် တရုတ်နိုင်ငံ ကတိပေး
တရုတ်နိုင်ငံ၌ ချမ်းသာသူနှင့်ဆင်းရဲသူတို့ကြား ဝင်ငွေ ကွာခြားမှုမှာ အဆမတန်ဖြစ် လာကြောင်း သတိပြုမိလာကြ သည်။ ယင်းသို့ ကွာဟမှုပြဿ နာကို ဖြေရှင်းရန်အတွက် အနည်း ဆုံး လုပ်ခလစာ တိုးမြှင့်ပေးရန် သာရှိရာ အစိုးရက ပြုလုပ်ပေးမည် ဟု ကတိပေးခဲ့သည်။ ၂ဝ၁၅ ခုနှစ်၌ မြို့ပေါ် နေ ဝန်ထမ်းများ၏ လုပ်ခလစာကို ၄ဝ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေး မည်ဟု ကတိပေးထားသည်။ ယင်း သို့ ပြုလုပ်ရသည့် အကြောင်းရင်းမှာ တရုတ်ပြည်၌ လုပ်ခလစာ ကွာခြား၍ ချမ်းသာ ဆင်းရဲကွာဟမှုကြောင့် နိုင်ငံရေး၊ လူမှုရေးများ မငြိမ်မသက် ဖြစ်လာ သောကြောင့် ဖြစ်သည်။ တရုတ်နိုင်ငံ၏ ဝင်ငွေ ကွာခြားမှုကို တွက်ချက်သည့် Gini အဖွဲ့၏ တွက်ချက်မှုအရ ၂ဝ၁၂ ခုနှစ်၌ ဝ.၄၇၄ ရှိခဲ့သည်။ ယင်း ကိန်းအရ ကြည့်လျှင် လူမှုရေး မငြိမ်မသက်မှု ဖြစ်နိုင်သည့် ပျမ်းမျှ ကိန်းထက် ဝ.၄ အဆင့် မြင့်မား နေသည် ဆို၏။ ပြည်သူ့နေ့စဉ် သတင်းစာ၏ အဆိုအရ ကျေး လက်နေပြည်သူ ၁၂၈ သန်းတို့ကို ဆင်းရဲသားများဟု သတ်မှတ်ထား သည်။ ယင်းဆင်းရဲသားများ၏ တစ်နှစ်ဝင်ငွေမှာ ၂ဝ၁၁ ခုနှစ်၌ ၂၃ဝဝ ယွမ်၊ US $၃၆၈ ဖြစ်သည် ဟု ဆို၏။ အစိုးရအဖွဲ့၏ နောက်ဆုံးခန့် မှန်းခြေမှာ ၂ဝ၁၅ ခုနှစ်၌ သန်း ၈ဝ သော ပြည်သူများသည် ဆင်းရဲသူများ ဖြစ်လိမ့်မည်ဟု သတ်မှတ်ထားသည်။
Source : BBC.com
မောင်သာရွှေ |
| |
|
|
|
|
|
Untitled Document
|
|
|