| |
Untitled Document
|
|
|
|
မိုဇမ္ဘစ္မွသစ္မ်ား တရုတ်သို့ တရားမဝင်သွင်း
ပတ်ဝန်းကျင် စုံစမ်းစစ် ဆေးရေးအေဂျင်စီ EIA ၏ အစီ ရင်ခံစာတစ်စောင် ဖေဖော်ဝါရီလ ၇ ရက်နေ့က ထွက်ပေါ်လာခဲ့ သည်။ တရုတ်နိုင်ငံသို့ မိုဇမ် ဘစ်နိုင်ငံမှ တင်သွင်းနေသော သစ် အားလုံး၏ ထက်ဝက်သည် တရား မဝင် ခိုးသွင်းနေခြင်းသာ ဖြစ်သည် ဟု အစီရင်ခံစာက ဆိုသည်။ ယင်းလုပ်ရပ်၌ မိုဇမ် ဘစ်နိုင်ငံမှ နိုင်ငံရေးသမားများနှင့် တရုတ်နိုင်ငံမှ ကုန်သည်များ စနစ် တကျ ပူးပေါင်းကာ သစ်များ မှောင်ခို ထုတ်ယူခြင်း၊ သစ်ပင်များ ဥပဒေမဲ့ လှဲနေခြင်းဖြစ်သည်။ ယင်းသို့ ပြုလုပ်ခြင်းဖြင့် မိုဇမ်ဘစ်နိုင်ငံရရှိမည့်အခွန်ငွေများ US$ သန်းပေါင်း များစွာ ဆုံးရှုံးနေသည်ဟု ဆို၏။ မိုဇမ်ဘစ်နိုင်ငံသည် ကမ္ဘာပေါ်၌ အဆင်းရဲဆုံးနိုင်ငံများ စာရင်း ဝင်နိုင်ငံတစ်ခုလည်း ဖြစ်သည်။ ယင်းနိုင်ငံ၌ နိုင်ငံတကာမှ ကုမ္ပဏီ များစွာ ရှိသည့်အထဲတွင်တရုတ်ကုမ္ပဏီများက အများအပြား ပါဝင်သည်။ တရုတ်ကုမ္ပဏီများသည် လွန်ခဲ့သည့် ၆ နှစ်ခန့်က တည်း က မိုဇမ်ဘစ်နိုင်ငံမှ သစ်များကို တရားမဝင် ခုတ်ယူကာ မှောင်ခိုထုတ်နေခြင်း ဖြစ်သည်။ နှုဗ ၏ တင်ပြချက်အရ မိုဇမ်ဘစ်အစိုးရသည် သစ်မာများ အပါအဝင် အခြားသစ်များအားလုံးကို နိုင်ငံတကာသို့ တင်ပို့မှု ရပ်ဆိုင်း ပြီးဖြစ်ကာ သစ်တောကဏ္ဍ ထွက်ကုန်များနှင့် ပတ်သက်၍ အလွဲသုံးစား လုပ်မှုများ ရှာဖွေ၊ စုံစမ်းနေပြီ ဖြစ်သည်။ Source : BBC.com
မောင်သာရွှေ |
| |
|
|
|
|
|
Untitled Document
|
|
|