2014-8-20
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ကမ္ဘာလုံး ဆိုင်ရာ ကင်းထောက် အဖွဲ့ကြီး၏ လူငယ်နှီးနှော ဖလှယ်ပွဲသို့ မြန်မာ ကင်းထောက် အဖွဲ့ တက်ရောက်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 877
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
နိုင်ငံတကာ အရေး
ဘိုင်စကုတ်ထဲကလို ချစ်ကြတာ တကယ်မိ

         ဖတ်ဖူးသမျှ သမိုင်းစာအုပ်တွေ ကို ပြန်ပြောင်းတွေး ဆင်ခြင်ကြည့်ပါ တယ်။ ကျောက်၊ ကြေး၊ သံ၊ သမိုင်းဦးဘုံမြေဆိုတဲ့ ခေတ်ကြီးတွေ မှာ မင်္ဂလာဆောင်ပွဲ ကျင်းပတယ်လို့ မတွေ့ရဖူးပါဘူး။ လောဂျိတ်သဘော ရောနှိပ်ပြောရရင် ဒီခေတ်ကြီးတွေမှာ လူတွေဟာ မင်္ဂလာ မဆောင်တတ် ကြဘူး (ဝါ) မင်္ဂလာမဆောင်ကြဘူး။ နောက်တစ် (ဝါ) လူအထီး၊ အမတို့ ညားကြရန် မင်္ဂလာဆောင်ခြင်းအမှု ပြုရန် မလို (သေး) ဆိုရပေမယ်။
          Timeline ကိုချုံ့ကာရောက် လွယ်အောင် ပြောရရင် မြို့ပြ နိုင်ငံ တွေ ပေါ်ထွန်း၊ တစ်ဆယ်သားစား မဟာသမ္မတမင်း ခေါ် ဧကရာဇ်တို့ အာဏာပိုင်စိုးတဲ့ ပဒေသရာဇ် ခေတ် မှာမှ မင်္ဂလာဆောင်ခြင်းအမှုကို စံ နည်းအဖုံဖုံ၊ နည်းပုံအမျိုးမျိုးနဲ့ အမျိုး လေးပါး လူတန်းစားအလိုက် ဆောင် ကြ၊ နှင်းကြတာ တွေ့ရသဗျ။ ဘယ် တုန်းက ဘယ်သူစတယ်၊ Who did it first တော့ ငမောင်လက်မမီပါဘူး။ အဲ-အဲ- Genesis ကျမ်းမှာ ရေးထား တာတွေဟာ အမှန်သာ ကမ္ဘာဦးက ဖြစ်ခဲ့တာတွေပါဆိုရင် -
           မောရှေသည် ထိုသူတို့ထံမှာ နေ၍ ပျော်မွေ့သဖြင့် သမီးဇိပေါရကို မောရှေအား ထိမ်းမြားပေးစားလေ၏။ ကမ္ဘာဦး ၂း၂၁။
           သမိုင်းပညာရှင်တွေက Genesis ကို သမိုင်းအဖြစ် မသတ်မှတ် ကြပါဘူး။ ထိမ်းမြားဆိုတဲ့စကားလုံး ကိုစတွေ့ရတာပါ။ သမီးအဖက ထိမ်း မြားပေးတာတဲ့။
 လူမှုရေးပညာရှင်တွေက ထိမ်း မြား၊ ဆောင်နှင်းတယ် ဆိုတာဟာ လူအထီးနဲ့လူအမ သီးခြားနှစ်ယောက် တို့ လူမှုပဋိညာဉ်ပြုတာတဲ့။ လိင်မှု အခွင့်အရေး၊ မျိုးဆက်ရယူမှု၊ ပစ္စည်း ဥစ္စာ၊ မိဘနဲ့ သွေးရင်းဆွေမျိုးတွေ ကိစ္စတွေ ပါဝင်တဲ့ အရေးအကြီးဆုံး နဲ့ အခြေခံအကျဆုံး ပဋိညဉ်တည် ဆောက်မှုပဲတဲ့။ ဒီပဋိညဉ်တွေဟာ စာ နဲ့ရေးတာပဲဖြစ်ဖြစ်၊ မရေးဘဲပဲဖြစ် ဖြစ် နားလည် လက်ခံ သိမှတ်ကြပါ တယ်တဲ့။ ဘွဲ့ထူး၊ ဂုဏ်ထူးကို မျိုး ဆက်ခံယူခွင့်ရှိသလို တစ်ဦးတည်းကို သာ လိင်ဆက်ဆံပါမယ်လို့ ဆိုရာလဲ ရောက်တယ်လို့ လူမှု၊ လူ့ဘောင် ယဉ်ကျေးမှု ပညာသည်တွေ- Social Culture Studies က ဆိုပါတယ်။ ဘာသာရေးဆိုင်ရာ ထုံးဓလေ့ တစ်ခု အသွင်နဲ့ စခဲ့တာလို့လဲ ဆိုပါတယ်။ အများလက်ခံရာ ဓလေ့တစ်ခုအဖြစ်နဲ့ သီးသန့် ပုဂ္ဂလိက ဆက်ဆံမှုအဖြစ် တို့ နှစ်ထွေရော သဘာဝ တစ်ခုလို့ လက်ထပ်မှုကို ငြင်းခုံဆွေးနွေး Debate ကြသူတွေက ဆိုပြန်ပါ တယ်။ လူထီးတစ်ယောက်နဲ့ လူအမ တစ်ယောက်(ယောက်ျားတစ်ဦးနဲ့ မိန်း မတစ်ဦး)တို့က သူတို့နှစ်ယောက်ရဲ့ သီးခြားပဋိညဉ် အပြန်အလှန် ပြုဖွဲ့ တာကို ဘာသာရေးကို သက်သေ ဖြစ်စေတဲ့အတွက် ဘာသာရေးထုံး ဓလေ့အသွင်ဆောင်လာတာတဲ့။
          လက်ထပ်မှုကို ဘာသာရေး ထုံးဓလေ့အသွင်ဆောင်လာပြီးမှသာ ယောက်ျားတစ်ယောက်က မိန်းမ အများယူတာကို တားမြစ်နိုင်ပြီး တစ်လင်၊ တစ်မယားစနစ် ထူထောင် ခဲ့တာတဲ့။ ၁၈၉ဝ ခုနှစ်က မိန်းမ အများယူတာကို တားမြစ်တဲ့ အမိန့် ကို ခရစ်ယာန်ကျောင်းတော်ကြီးက ထုတ်ပြန်သတဲ့။ ကျောင်းတော်ကြီး အသိအမှတ်ပြု လက်ထပ်မှုကိုလဲ ဆောင်ရွက်လာသတဲ့။ ဘုရား သခင် ရှေ့မှောက်မှာ ဘုရားသခင်ကို သက် သေအရာတည်ပြီး အပြန်အလှန် ကတိ ပဋိညဉ်ဖွဲ့တာပါ။ ဒီလို ကတိ ပဋိညဉ်ဖွဲ့ဖို့ နှစ်ဦးကို ဘုရားသခင် ရွေးချယ် ဖန်တီးတာလို့လဲ ဆိုပါ တယ်။
 ဘုရားသခင်တွဲဖက်၍ ထမ်းပိုးတင် တော်မူသောအရာကို လူမခွဲခွာစေနှင့်
 မာကု ၁ဝး၉
         လင်နဲ့မယားအဖြစ် အပြန် အလှန် ခံယူကြဖို့ ကိုယ့် အမိ အဖ တွေကို ခွဲခွာပြီး မှီဝဲကြတာကြောင့် ဒီသူနှစ်ယောက်ဟာ တစ်ကိုယ်တည်း တစ်သားတည်းဖြစ်တယ်။ နှစ်ဦး မဟုတ်ဘူးတဲ့။ ဘာသာရေးအရက 'အကြင်သူသည် မယားနှင့်ကွာ၍ အခြားသော မိန်းမနှင့် စုံဖက်ခြင်း ကိုပြု၏။ ထိုသူသည် မိမိမယားကို ပြစ်မှား၏။ မိန်းမသည် လင်နှင့်ကွာ ၍ အခြားသော ယောက်ျားနှင့် စုံဖက် ခြင်းကို ပြုလျှင် မှားယွင်းခြင်းသို့ ရောက်သည်'ဆိုပါတယ်။
          အခုပြောခဲ့တဲ့ လက်တင်စာ ကျမ်းစာ၊ ဂရိစာ၊ ကျမ်းစာတွေထက် စောတဲ့ ဟေဗြဲကျမ်းစာမှာ 'တစ်စုံ တစ်ယောက်သောသူသည် မယား နှင့်ထိမ်းမြား၍ ဆက်ဆံပြီးမှ တစ်ဖန် အပြစ်တင်စရာ အကြောင်းရှိသော ကြောင့် စိတ်မတွေ့လျှင် ဖြတ်စာကို ရေး၍ သူ့၌အပ်ပေးသဖြင့်လွှတ်လိုက် ရမည်။ ထိုမိန်းမသည် လင်အိမ်မှ ထွက်သွားသောနောက် အခြားသော မယားဖြစ်ရသော အခွင့်ရှိ၏။ နောက် နေသော လင်သည်လည်း သူ့ကို မုန်းလျှင်ဖြတ်စာကို ရေး၍ သူ၌ အပ် သဖြင့် လွှတ်လိုက်သည်ဖြစ်စေ၊ ထို လင်သေသည်ဖြစ်စေ ယခင် လွှတ် လိုက်သော လင်ဟောင်းသည် ညစ် ညူးခြင်းရှိသော ထိုမိန်းမကို နောက် တစ်ဖန် မသိမ်းရ'
 Deuteronomy 24;14
          နို့ပေမယ့် လူမှုအဖွဲ့အစည်း တိုး တက်ဖွံ့ဖြိုးလာပြီးတော့ လက်ထပ် ခြင်း၊ ကွာရှင်းခြင်းတွေကို အစိုးရရဲ့ အသိအမှတ်ပြုမှု ရယူဖို့အုပ်ချုပ်ရေး၊ တရားစီရင်ရေး အခွင့်အာဏာရှိသူရဲ့ ရုံးမှာ ပြုလုပ်ကြပါတယ်။ အစိုးရ တွေကလဲ လက်ထပ်ခြင်း၊ ကွာရှင်း ခြင်းဆိုင်ရာ ဥပဒေတွေ ပြဋ္ဌာန်းပေး လာပါတယ်။ နိုင်ငံတချို့မှာ ကွာရှင်း ခြင်းကို ဥပဒေနဲ့ တားမြစ်ထားပါ တယ်။ ဒါကြောင့် အစိုးရက အသိ အမှတ်ပြုတဲ့ ကွာရှင်းခြင်းမဖြစ်နိုင် တော့ဘူး။ သာဓက Ireland နိုင်ငံမှာ ကွာရှင်းမှုမပြုရ တားမြစ်ဥပဒေ ရုပ် သိမ်းပယ်ဖျက်ဖို့ ၁၉၉၅ ခုနှစ်မှာ ပြည် လုံးကျွတ်ဆန္ဒခံယူပွဲ လုပ်ခဲ့ပြီးမှ ပြည် သူအများဆန္ဒအရ ကွာရှင်းမှု တား မြစ်ဥပဒေကို ရုပ်သိမ်းပယ်ဖျက်လိုက် ပါတယ်။ Chile နိုင်ငံမှာတော့ ၂ဝဝ၄ ခုနှစ်နိုဝင်ဘာမှသာ တရားဝင် ကွာ ရှင်းမှုကို အသိအမှတ်ပြုတဲ့ ဥပဒေ ပြဋ္ဌာန်းပါတယ်။
         မြန်မာနိုင်ငံမှာတော့ လက်ထပ် ခြင်း၊ ကွာရှင်းခြင်းတွေဟာ ဗုဒ္ဓဘာသာ (သာသနာ) နဲ့ သက်ဆိုင် ခြင်းမရှိပါဘူး။ လူမှု ယဉ်ကျေးမှု ဓလေ့ထုံးတမ်း သာဖြစ်ပါတယ်။ လက်ထပ်ခြင်းအကြောင်းပြု အလှူဒါ နပြုတာဟာ လက်မထပ်ဘဲ ပြုတဲ့ အလှူဒါနနဲ့ ဘာသာရေးအားဖြင့် ခြား နားမှုမရှိပါဘူး။ ဘုန်းတော်ကြီး၊ ဘာသာရေးဝန်ထမ်း၊ သာသနာရေး ပုဂ္ဂိုလ်တို့က လက်ထပ်မပေးပါဘူး။ ဘာသာရေးအရ တစ်စုံတစ်ရာ သိမှတ်ပြုမှုလဲ မရှိပါဘူး။ မြန်မာ နိုင်ငံသမိုင်းက လက်လှမ်းမီတဲ့ ပုဂံ ခေတ်ကစ ဗြိတိသျှက ဥပဒေ ပြဋ္ဌာန်းပေးတဲ့အထိ လက်ထပ်ထိမ်း မြားခြင်း၊ ကွာရှင်းခြင်းကိစ္စကို ခေတ် အခါအလိုက် လူမျိုး၊ ဓလေ့ထုံး တမ်းစည်းကမ်း၊ စည်းမျဉ်း၊ ဥပဒေ၊ ဓမ္မသတ်တွေအရ ဆောင်ရွက်ခဲ့ကြ ပါတယ်။ ဥပဒေ ပညာရှင်တွေက မြန်မာ့ဓလေ့ ထုံးတမ်းဥပဒေကို ပြုစု ကြပြီး ဒီဥပဒေအရ တရားဝင်လင် နဲ့မယားဖြစ်ဖို့ လိုအပ်တဲ့အင်္ဂါရပ်တွေ သတ်မှတ်ပြဋ္ဌာန်းပါတယ်။ အဓိကနဲ့ အခြေခံကျတာကတော့ အပြန်အလှန် သဘောတူညီမှု - Mutual Free Consent ရှိရပါမယ်။ ပဒေသရာဇ် တွေက လက်ခံကျင့်သုံးခဲ့တဲ့ သွေး ရင်းတော်စပ်သူချင်း လက်ထပ်ပေါင်း သင်းတာကို အဓိက တားမြစ်ပါ တယ်။ လက်ထပ်သူ အမျိုးသမီးမှာ လင်အရာ တည်နေသေးတဲ့ ခင်ပွန်း မရှိဖို့လဲ လိုအပ်ပါတယ်။ ပေါင်း သင်းစပ်ယှက်မှု - Consummation ရှိရမယ်၊ မရှိလဲဖြစ်တယ်ဆိုတာကို တော့ မြန်မာ့ဓလေ့ထုံးတမ်းမှာ ပေါင်း သင်းစပ်ယှက်မှု ရှိရမယ်လို့ (၁၉၃ဝ ခုနှစ်၊ တရားလွှတ်တော်၊ မလှမယ်၊ မောင်လှဘော်စီရင်ထုံး) ဆုံးဖြတ်ပါ တယ်။
            ၁၉၃၇ ခုနှစ်ထုတ် ဒေါက်တာအေး မောင်ပြုစု မြန်မာ ဗုဒ္ဓဘာသာ ဥပဒေ စာ ၂၂/၂၄ မှာတော့ ပေါင်းသင်း စပ်ယှက်မှုရှိမှ မဟုတ်ဆိုပြန်ရော။ မြန်မာနိုင်ငံ တရားရုံးချုပ် ၁၉၆၃ ခုနှစ် မောင်စန်းအောင်နှင့် မကြည်ကြည်ဝေ စီရင်ထုံးမှာတော့ ၁၉၃ဝ၊ တရားလွှတ် တော်စီရင်ထုံး (မလှမယ်နှင့် မောင်လှ ဘော်)ကို ပယ်ဖျက်ဆန့်ကျင်ဆုံးဖြတ် ထုံးဖွဲ့ပါတယ်။ အဓိကနဲ့အချုပ်က တော့ လင်နဲ့ မယားအဖြစ် ပေါင်း သင်းလိုကြတဲ့ဆန္ဒနဲ့ အပြန်အလှန် သဘောတူညီမှုရှိရင် ပြီးပြည့်စုံပြီ။ Marriage is a Social Contract လက်ထပ်ခြင်းဟာ လူမှုပဋိညဉ်တစ် ရပ်လို့ ဥပဒေက သဘောရလို့ပါပဲ။
            ခရစ်ယာန်ဘာသာက ဘယ်သို့ ပင်ဆိုစေ ခရစ်ယာန်ဘာသာ ထွန်း ကားရာနိုင်ငံအများစုရဲ့ လက်ထပ် ခြင်း၊ ကွာရှင်းခြင်း ဥပဒေတွေက ဘယ်လိုဆိုစေ၊ ကုလသမဂ္ဂ လူဦးရေ လုပ်ငန်းများဆိုင်ရာ ရန်ပုံငွေအဖွဲ့ (၁၉၆၇ ဖွဲ့စည်း)က ၂ဝဝ၉ ခုနှစ် အတွက် လေ့လာရရှိတဲ့ စစ်တမ်းကို ၂ဝ၁ဝ ခုနှစ်ထုတ်ပြန်တာမှာ ဖော်ပြ ထားတဲ့ဇယားတစ်ခုကို ဒီလိုတွေ့ရ ပါတယ်။ လက်ထပ်သူတိုင်း ညား ပေမယ့် ညားသူတိုင်း လက်မထပ် ကြဘူး။
 တရားဝင် အသိအမှတ် တစ်စုံ
           ကုလသမဂ္ဂ လူဦးရေက ဖော် ပြတဲ့ဇယားမှာ အာရှထဲက ဂျပန် နိုင်ငံနဲ့ တောင်ကိုရီးယားနိုင်ငံကိုလဲ ဒီလိုတွေ့ရပါတယ်။
         ဒီဇယားတွေအရဖြင့် ဥပဒေအရ အစိုးရ အသိအမှတ်ပြုရယူလက်ထပ်၊ ကွာရှင်းတာမှာ အာရှက ဥရောပ ထက် သာတယ်ပြောရပါမယ်။ အမေ ရိကန်ကတော့ လက်ထပ်မှုကို တရား ဥပဒေနဲ့ အစိုးရရဲ့ အသိအမှတ် ပြုမှုကို အရယူဆုံးဖြစ်ပါတယ်။ ကွာ ရှင်းတာကိုတော့ စာရင်းမရဘူးတဲ့။ ကျန်အတွဲတွေက လူမျိုး ဘာ သာဓလေ့ ထုံးတမ်းအရ လက်ထပ် ကြတာပါ။ ရပ်ဓလေ့ ရွာဓလေ့ အရ လက်ထပ်ကြတာ၊ ကွာရှင်းကြတာ တွေပါ။
          အာဖရိကနဲ့ အိန္ဒိယမှာ ယဉ်ကျေးမှုကွဲ လူမျိုးစု တချို့တွေမှာတော့ လူမျိုးစု ဓလေ့အရ လက်ထပ် ကြပေမယ့် လင်နဲ့မယား တစ်အိမ် တည်း အတူမနေကြဘူးတဲ့။ မူလ ကိုယ့်မိသားစုနဲ့ပဲ နေမြဲ ဆက်နေ သတဲ့။ လင်သည်က လိင်ဆက်ဆံ လိုတဲ့အခါမှသာ မယားရှိရာအိမ်ကို လာတာတဲ့။ သူ့အရပ်နဲ့ သူ့ ဇာတ်ပေါ့ လေ။ အစဉ်အလာဖြစ်နေတာကိုး။
            တခြားနိုင်ငံတရားရုံးတွေမှာ လက်ထပ်ရင် ကျမ်းသစ္စာကျိန်ဆိုရ သလားမသိပါဘူး။ ဒီမှာတော့ ကျမ်း သစ္စာ ကျိန်ဆိုရပါတယ်။ အပြန် အလှန် ဝန်ခံချက် (ပဋိညဉ် ဖွဲ့နိုင်ပြီး အိမ်ထောင်မရှိသူတွေ ဖြစ်ကြောင်း) အပြန်အလှန် ဆန္ဒရှိမှုနဲ့ လွတ်လပ်တဲ့ သဘောတူညီချက်စတဲ့ လက်ထပ် မင်္ဂလာပြုလွှာ (ပဋိညဉ်စာချုပ်)မှာ ဖော်ပြထားတာတွေ မှန်ပါတယ်ပေါ့ လေ။ မြန်မာနိုင်ငံ၊ ပြစ်မှုဆိုင်ရာ ဥပဒေ ရာဇသတ်ကြီး ပုဒ်မ ၃၆၆ မှာ မိန်း မတစ်ယောက်ကို ကိုယ်တိုင်ရဲ့ ဆန္ဒ နဲ့ သဘောတူညီမှုမရှိဘဲ အတင်း အဓမ္မ ထိမ်းမြားပေးရင် ထောင်ဒဏ် ၁ဝ နှစ်နဲ့ ငွေဒဏ် ကျခံရမယ်ဆိုတာ ကိုး။ ကိုယ့်သမီးကို မိဘက သမီး အလိုမတူဘဲ အလိုမတူသူနဲ့ အတင်းအဓမ္မ ထိမ်းမြားပေးတာလဲ ဒီဥပဒေ ပုဒ်မနဲ့ ငြိစွန်းသတဲ့။ နို့ပေမယ့် မြန်မာ ဗုဒ္ဓသာသနာဝင် မိန်းကလေးတွေဟာ မိဘကို တရားစွဲဖို့ ယောင်လို့တောင် မှ စိတ်မကူးဝံ့ကြပါဘူး။
            အနောက်ယဉ်ကျေးမှု လွှမ်းမိုး ရာ ဒေသတွေမှာ ကြင်ဖော်ရွေးတာကို ပိုပြီး လွတ်လွတ်လပ်လပ် ရွေးနိုင် ကြသတဲ့။ ဒီလိုကိစ္စမှာ အမေရိကန် ပြည်ထောင်စုဟာ လွတ်လပ်မှု လွန် ကဲလွန်းတယ်ဆိုရမှာပါ။ ဒါကြောင့် လဲ ခုအခါ အမေရိကန်နိုင်ငံမှာ ဆယ် ကျော်သက် ၁၈ နှစ် အောက် ကိုယ် ဝန်ဆောင်တွေ တစ်နှစ်ထက် တစ် နှစ် တိုးများလာနေသတဲ့။ မိဘက သားသမီးကို၊ သားသမီးက မိဘကို တရားစွဲဖို့ ဝန်မလေးကြဘူးတဲ့။ လွတ် လပ်မှုဟာ အင်မတန်ကြီး တန်ဖိုး ရှိပါတယ်။ မြတ်နိုးခုံမင် ဖက်တွယ် ထိန်းသိမ်းရပါမယ်။ သားစဉ်မြေး ဆက် လက်ဆင့်ကမ်းခဲ့ရမယ်။ မှန်ပေ ရဲ့။ ထိမ်းကွပ်မဲ့ လွတ်လပ်လွန်းပြန် တော့ ပရမ်းပတာ အဆင့်ရောက်၊ မလိုလားအပ်တဲ့ အကျိုးဆက်တွေ ပေါ်လာတော့တာပါပဲ။ လူမှုအခွင့် အရေးဆိုင်ရာ လွတ်လပ်လွန်းတဲ့ နိုင်ငံတချို့မှာ ယောက်ျားလျာ၊ မိန်း မလျာ၊ လိင်တူချစ်သူတွေရဲ့ အခွင့် အရေးတောင်းဆိုပွဲကြီးတွေ၊ တောင်း ဆိုသံတွေ ပေါ်ထွက်လာပြီး လွှတ် တော်တွေ ၊ အစိုးရတွေကလဲ အခွင့် အရေးပေးလာပါတယ်။ မိန်းမသည် ယောက်ျားအဝတ်ကို မဝတ်ရ။ ယောက်ျားသည် မိန်းမအဝတ်ကို မဝတ်ရ။ ထိုသို့ဝတ်သော သူရှိသမျှ တို့ကို သင်၏ ဘုရားသခင်ထာဝရ ဘုရားသည် စက်ဆုပ်ရွံရှာတော်မူ၏။
 တရားဟောရာ ၂၂း၅
           ဒီလို ပညတ်တမ်းရှိ ဘာသာ ထွန်းကားရာနိုင်ငံတွေမှာ လိင်တူချင်း ဆက်ဆံတာ၊ လက်ထပ်ထိမ်းမြား ပေါင်းသင်းတာကို ဥပဒေပြဋ္ဌာန်းပြီး တရားဝင်တယ်၊ အသိအမှတ်ပြု သတဲ့။ နယ်သာလန်မှာ ၂ဝဝ၁ ခုနှစ် ကတည်းက လိင်တူ လက်ထပ်တာ ကို တရားဝင်တယ်လို့ဥပဒေ ပြဋ္ဌာန်း ပေးခဲ့တယ်။ နယ်သာလန်လို လိင်တူ လက်ထပ်တာကို တရရားဝင်တဲ့ ဥပဒေ ပြဋ္ဌာန်းပေးတဲ့နိုင်ငံအချို့က တော့ -
          ဘယ်လ်ဂျီယံကတော့ ၂ဝဝ၃ ခုနှစ်မှာ။ ကနေဒါနဲ့ စပိန်တို့က ၂ဝဝ၅ ခုနှစ်မှာ။ အင်္ဂလန်ကလဲ ၂ဝဝ၅ ခုနှစ် မှာ။ တောင်အာဖရိကကလဲ ၂ဝဝ၆ ခုနှစ်မှာ လိင်တူ လက်ထပ်ခြင်းကို တရားဝင် ခွင့်ပေးလိုက်ပါတယ်။ တောင်အာဖရိကဟာ အာဖရိကရဲ့ ပထမဦးဆုံးလိင်တူ လက်ထပ် ထိမ်း မြားခွင့်ပြုပေးတဲ့နိုင်ငံပါတဲ့။ အမေရိ ကန်ပြည်ထောင်စုကတော့ ၁၉၉၆ ခု နှစ်မှာ လက်ထပ်မှုကာကွယ်ရေးအက် ဥပဒေ - Defense of Marriage Act ကို ပြဋ္ဌာန်းပါတယ်။ ပြည်ထောင်စု အစိုးရက ဒီဥပဒေ ပြဋ္ဌာန်းပြီးနောက် ဒီဥပဒေကို ပထမဦးဆုံး ပြဋ္ဌာန်းတဲ့ ပြည်နယ်က ဗားမောင့်ပါ။ ၂ဝဝဝ ခုနှစ်မှာ ပြဋ္ဌာန်းပါတယ်။ ဒုတိယ လိုက်သူက မက်ဆာချုးဆက်ပြည် နယ်ပါ။ ၂ဝဝ၃ ခုနှစ်မှာ ပြဋ္ဌာန်း သတဲ့။ ဒီအက်ဥပဒေကြောင့် မိန်း မလျာ၊ ယောက်ျားလျာ၊ လိင်တူ ချစ် သူတွေ တရားဝင် လက်ထပ်ခွင့် ရသွားပါတယ်။ ၂ဝဝ၄ ခုနှစ်၊ မေလ ၁၇ ရက်နေ့မှာ လိင်တူစုံတွဲ တစ်တွဲ တရားဝင်လက်ထပ်ပါတယ်။ မက် ဆာချူးဆက်မှာပါ။ သူတို့ဟာ အမေ ရိကန်ပြည်ထောင်စုရဲ့ ပထမဆုံး တရားဝင် လက်ထပ်တဲ့ လိင်တူ စုံ တွဲပါပဲ။ ၂ဝဝ၅ ခုနှစ်မှာတော့ အမေ ရိကန်ပြည်နယ် ၁၈ ပြည်နယ်မှာ လိင် တူ လက်ထပ်မှု တရားဝင်ပါပြီတဲ့။ လိင်တူ ကျူးလွန်တာဟာ ခရစ်ယာန် ဘာသာအရ အင်မတန်ကြီးလေးတဲ့ မတရား မေထုန်ပြစ်မှုကြီး ဖြစ်ပါ တယ်။
         ကမ္ဘာဦးကျမ်း အခန်းကြီး ၁၉း၁-၂၄ သောဒုံနဲ့ ဂေါမောရမြို့ တွေကို ယေဟောဝါဘုရားဖျက်ဆီး တာဟာ ဒီမြို့တွေမှာ ယောက်ျားတွေ လိင်တူ ကျူးလွန်မှုပြုကြလို့ ပါပဲတဲ့။ ကမ္ဘာဦး ကျမ်းလာအရဆိုရင်သောဒုံ မြို့မှာနေတဲ့ လောတရဲ့ အိမ်ကို ညဥ့် ဦးယံအချိန်ရောက်လာကြတဲ့ ကောင်း ကင်တမန်နှစ်ပါးကို သောဒုံမြို့နေ ယောက်ျားကြီး ငယ်တွေက အဓမ္မပြု ကျင့်ဖို့ အိမ်ကို ဝိုင်းပြီးတောင်းကြ သတဲ့။ မပေးတော့ အိမ်တံခါးကို ဖျက်ဝင်ဖို့ လုပ်ကြသတဲ့။ သောဒုံမြို့ နဲ့ ဂေါမောရမြို့တွေမှာ ယောက်ျားတွေ လိင်တူဆက်ဆံ (မတရားမေ ထုန်မှု)တွေ များပြားလွန်ကဲနေသတဲ့။ ဒါကြောင့် ဒီမြို့တွေပေါ်ကို တန့်နဲ့ မီးမိုးရွာချ ဖျက်ဆီးလိုက်သတဲ့။ ပြောချင်တာက ဒီလိုကျမ်းစာကို အခြေခံ အဓိကထားတဲ့ ဘာသာထွန်းကားရာနိုင်ငံ၊ လက်ထပ်တာကို ဘုရားသခင် ထမ်းပိုးတင်တော်မူတာလို့ ခံယူတဲ့ ဘာသာရဲ့ ဓလေ့ထုံးစံအဖြစ် ယူမှတ် တဲ့နိုင်ငံတွေမှာ လိင်တူလက်ထပ်တာ ကို တရားဝင်တယ်လို့ ဥပဒေမှာ ပြဋ္ဌာန်းပေးသတဲ့။ ကိုင်း- မယုံချင်နေ ရော့- ယောက်ျားချင်း လင်မယား တော်စပ်နေကြသတဲ့ဗျား။
             ခရစ်ယာန်ဘာသာဝင်တွေဟာ တရားရုံးတွေမှာ လက်ထပ်ကြသလို ဘုရားရှိခိုးကျောင်းတွေမှာ ဘာသာ ရေးဝန်ထမ်းတွေက လက်ထပ်ပေးတဲ့ ဓလေ့ဟာ ဘီစီ ၅၈၆ က ဂျူးတို့ ရဲ့ ပထမဦးဆုံးဘုရားကျောင်းက စတင်ခဲ့တာတဲ့။ ဒီဘုရားကျောင်းဟာ ဗာဗုလုန်မြို့မှာ ရှောလမုန်မင်းကြီး တည်ဆောက်ခဲ့တာပါတဲ့။ လက်ထပ် တဲ့အခါ ဝိုက်ခွက်ခွဲအလေ့အထကိုလဲ ဒီမှာပဲစခဲ့တာတဲ့။ ဥရောပထဲက နိုင်ငံ တွေနဲ့ အင်္ဂလန်နိုင်ငံတို့ရဲ့ တော်ဝင် လက်ထပ်ပွဲတွေကို အဓိကရ ဘုရား ရှိခိုးကျောင်းကြီးတွေမှာ ကျင်းပခဲ့ ကြတာပါ။ အင်္ဂလန်နိုင်ငံက Westminister Abby  ဆို အင်္ဂလန်ရဲ့ ဘုရင်၊ ဘုရင်မတွေ လက်ထပ်ပွဲ ကျင်းပရာ နေရာပါ။ မြန်မာနိုင်ငံနဲ့ မြန်မာ လူမျိုးကိုချစ်တယ်ဆိုကြတဲ့ မြန်မာ တွေသိကြတဲ့ Philp Mountbatten ဆို အဲဒီဘုရားကျောင်းကြီးမှာ အေလိ ရှဘတ်မင်းသမီးနဲ့ ၁၉၄၇ ခုနှစ်၊ နိုဝင်ဘာလ ၂ဝ ရက်နေ့မှာ အင်္ဂလိကန် အသင်းကြီးရဲ့ Canterbury သာသနာပိုင်ကြီးက လက်ထပ်ပေးခဲ့ပါ တယ်။ သူတို့လက်ထပ်ပွဲ အတွက် အထူးရေးစပ်သီဖွဲ့တဲ့ To love and honor both shall alive သီချင်းထင် ရှားခဲ့ပါတယ်။ နော့ပေမယ့် ငမောင် တို့ရဲ့ ပြည်တော်ချစ် ဘိုင်စကုပ်မင်း သားနဲ့ မင်းသမီးလေးတို့လိုတော့ ဇာတ်လမ်းတွဲ မဟုတ်ပါဘူး။ ဖိလစ် နဲ့ အေလိရှဘတ်တို့လဲ မင်းသားနဲ့ မင်းသမီးပေမယ့် ဘိုင်စကုပ်ထဲကလို မချစ်တတ်ကြလို့ပေါ့နော်-နော်။
 

ထူးရွှေမောင်(အလင်းသစ်)
 
Untitled Document
Usithuaung said...
Friday 4 July 2014, 9:21 am
လင်မယားကွာရှင်းပြတ်စဲကြောင်းဥပဒေကိုအသေးစိတ်သိလိုပါသည် ကူညီပေးပါရန်ရိုသေလေးစားဖြင့်တောင်းဆိုအပ်ပါသည်။
ဦးစည်သူအောင် မော်လမြိုင် Ph/09.255828273
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.