နိုင်ငံရေးယဉ်ကျေးမှု ဒဂုန်တာရာ
နိုင်ငံရေး ယဉ်ကျေးမှုဟူသည် နိုင်ငံတော် တဝန်းလုံး၏ ငြိမ်းချမ်းရေး ကိုရည်ရွယ်ကြောင်း၊ ယင်းယဉ်ကျေး မှုထဲတွင် အနုပညာဖွံ့ဖြိုးမှု၊ လူမှုရေး ဖွံ့ဖြိုးမှု၊ စားဝတ်နေရေး၊ ပြေလည်မှု စသော အချက်အလက်များစွာ ပါဝင်သည်။ ထို့ကြောင့် နိုင်ငံရေး ယဉ်ကျေးမှုတွင် ငြိမ်းချမ်းရေး၏ အနှစ်သာရများ အလိုလို ပါဝင်နေပြီးဖြစ်ကြောင်းနှင့် နိုင်ငံရေး ယဉ်ကျေးမှုသည် ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးသည် နိုင်ငံရေး ယဉ်ကျေးမှုဖြစ်သည်ဟု ဆရာ ဒဂုန်တာရာ၏ အမှာတွင် ရေးသားထားသည်။
ဆရာကြီး၏ သမိုင်းခေတ်များ ဖြတ်သန်းရင်း ရေးသားခဲ့သော ဆောင်းပါးများကို စုစည်းထုတ်ဝေ ထားခြင်းဖြစ်၍ ငြိမ်းချမ်းရေးကို လိုလားသော ဆရာကြီး၏ အာဘော်ကို တွေ့မြင်ရသည်။
စာအုပ်တွင် အပိုင်း-၁ နှင့် အပိုင်း -၂ ဟူ၍ နှစ်ပိုင်းခွဲခြားထားသည်။ အပိုင်း-၂ တွင် ဒဂုန်တာရာ၏ မောင်လင်းထက် ကလောင်ဖြင့် ရေးသားခဲ့သော နိုင်ငံတကာရေးရာ ဆောင်းပါးများ ပါဝင်သည်။
အပိုင်း-၁ အဖွင့်တွင် '.... အမုန်းပင်မျိုး၊ သည်အမျိုးလျှင် အချစ်ပင်မပေါက်၊ မုန်းညှောက် ညွန့်ကြ၊ သူ့ဘဝ၏ ဓမ္မတရား၊ သင်ကြားခဲ့သည် သင်ဘယ်သစ်ပင် စိုက်မည် နည်း...' ဟူ၍ ရန်သူမရှိ၊ မိတ်ဆွေသာရှိ မုန်းသူမရှိ၊ ချစ်သူသာရှိ စေလို၍ ငြိမ်းချမ်းရေးကို ဦးတည် ရေးသားထားသည်။
အချစ်နှင့်အမုန်း၊ လွတ်လပ်ရေးနှင့် ငြိမ်းချမ်းရေး၊ ကုလသမဂ္ဂဘယ်လဲ အကြမ်းဖက်မှုကို ဘယ်လိုတား ဆီးမလဲ စသော ခေါင်းစဉ်ခွဲပေါင်း ၁၉ ခုပါဝင်သည်။
စာမူခွင့်ပြုချက်အမှတ် ၃၁ဝဝ၇ ၂ဝ၈ဝ၉။ ပထမအကြိမ်။ ၂ဝ၁ဝ ခုနှစ်။ ဇွန်လ။ စာမျက်နှာ ၁၂ဝ။ တန်ဖိုး ၁၇ဝဝ ကျပ်။ ဖြန့်ချိရေး မုံရွေးစာပေ။
ဝန်ဇင်း