22-6-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရခိုင်ကမ်းရိုးတန်းတွင် ငါးဖမ်းဆီးရရှိမှုနည်းပါးလာသည့်အတွက် ငါးဖမ်းကိရိယာများ ပြောင်းလဲသုံးစွဲလာကြ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1016
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
အောင်ဆန်းစုကြည်ခံစားမှု - ၂၅

There is a time to be quiet and a time totalk.
Aung San SU Kyi

သူမသည် ၂၀၀၀ ပြည့်နှစ် စက်တင်ဘာ ၁ မှ ၁၄ အထိ ဒုတိယနေအိမ် အကျယ်ချုပ် ကျခံရ၏။

၂၀၀၀ ပြည့်နှစ်၊ စက်တင်ဘာ ၂၂ တွင် အောင်ဆန်းစုကြည်သည် မန္တလေးကို ခရီးထွက်ခွာရန် အသွား၊ ရန်ကုန် ဘူတာကြီး၌ အစိုးရ၏ အဓမ္မထိန်းသိမ်းမှုကို ခံရသည်။ တတိယ နေအိမ်အကျယ်ချုပ်အဖြစ် ကျခံရပြန်၏။

၂၀၀၂၊ မေ ၆ ရက်တွင် နေအိမ် အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက်လာ၏။

၂၀၀၃၊ မေ ၃၀ တွင် ဒီပဲယင်းမြို့နယ်၊ ကျည်ရွာအနီးတွင် လူရမ်းကားတို့၏ လုပ်ကြံမှုကို ခံခဲ့ရပြီးနောက်၊ သေကံမရောက်  သက်မပျောက် ဖြစ်ခဲ့သည်။

၂၀၀၃၊ ဇွန် ၂ တွင် အင်းစိန်ထောင်သို့ ပို့ဆောင်ထိန်းသိမ်းခံရ၏။ အင်းစိန်ထောင်ရှိ အိမ်တစ်လုံးတွင်  ထိန်းသိမ်းခံရ၏။

၂၀၀၃၊ စက်တင်ဘာ ၂၃ တွင် စတုတ္ထ နေအိမ်အကျယ်ချုပ်အဖြစ် ကျခံရ၏။

၂၀၀၇ တွင် လောင်စာဆီဈေးက အဆမတန်မြင့်တက်လာသည်။ အထွေထွေကုန်ဈေးနှုန်းများ ကြီးမြင့်လာ၏။

သာမန်ပြည်သူလူထုသည် သံဃာတော်ကို ဆွမ်းလောင်းလှူရန် အတွက်ပင် ပြဿနာဖြစ်လာ၏။

သာမန်ပြည်သူ ဆင်းရဲကျပ်တည်းလာသောအခါ သံဃာအများစု၏ ဆွမ်းကွမ်းမှာ မလုံမလောက် ဖြစ်လာ၏း။

ပြည်သူလူထုက ဆင်းရဲသည်။

အုပ်ချုပ်သူလူတန်းစားက အဆများစွာ ချမ်းသာကြွယ်ဝလာကြ၏။

ပြည်သူလူထု၏ ဒုက္ခကို သံဃာတော်တော်များကလည်း စာနာခံစားမိကြ၏။

သံဃာတော်တို့၏ ဒကာ၊ ဒကာမများ ဆင်းရဲခြင်းသည် သံဃာဆင်းရဲခြင်းပင်ဖြစ်သည်။

သံဃာတော်များသည် စစ်အစိုးရ လှူဒါန်းသော ဆွမ်း၊ ကွမ်း၊ ဝတ္ထု၊ ပစ္စည်းတို့ကို ငြင်းပယ်လာကြ၏။

ကံဆောင်သပိတ်မှောက်ကြကုန်၏။

ပတ္တနိက္ကုဇ္ဇဟု ခေါ်ဆို၏။

စစ်အစိုးရ လှူဒါန်းသော ပစ္စည်းလေးပါးကို ငြင်းဆန်ခြင်း။

ပခုက္ကူမြို့တွင် ၂၀၀၇၊ စက်တင်ဘာလဆန်းကပင် သံဃာတော်များသည် အုပ်ချုပ်သူလူတန်းစားကို ကံဆောင် သပိတ်မှောက် သည်။ ပြည်သူလူထု၏ စားဝတ်နေရေး ဆင်းရဲမှုကို ပြေပျောက်စေရန် ရည်ရွယ်ချက်ဖြင့် မေတ္တာသုတ်ကို လှည့်လည်ရွတ်ဆို၏။ ဘုရား၏ ပရိတ်တော်များကို လှည့်လည်ရွတ်ဆိုပေးခြင်းဖြစ်ပါသည်။

လုံစုံများစွာ သတ္တဝါ
ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။
လုံစုံများစွာ သတ္တဝါ
ဒေါသခပ်သိမ်း ကင်းငြိမ်းကြပါစေ။
အရပ်ရပ်၌ ရှိသော အနန္တသတ္တဝါ အပေါင်းတို့သည် နှလုံးစိတ်ဝမ်းချမ်းမြေ့ကြပါစေ။
ဗုဒ္ဓ၏ မန္တာန်မှာ အသံမစဲတော့ပါ။

စစ်အစိုးရ၏ လူများက မေတ္တ သုတ် ရွတ်ဆိုလှည့်လည်သော သံဃာ တော်များကို ဖြိုခွဲကြ၏။ အချို့သော သံဃာတော်ကို မြို့အလယ် ဓာတ် တိုင်မှာ ကြိုးတုပ်နှောင်၍ သွေး ထွက်သံယိုဖြစ်သည်အထိ ရိုက်နှက် ကြ၏။

ဤသည်မှာ ၂ဝဝ၇ ရွှေဝါရောင် တော်လှန်ရေး Saffron Revolution ၏ အစပင်ဖြစ်ပါသည်။

ပခုက္ကူ၏ ရွှေဝါရောင်တော်လှန် ရေးသည် ရန်ကုန်မြို့သို့ ကူးစက်ပျံ့ နှံ့လာ၏။ ပခုက္ကူသံဃာများ ညှဉ်းပန်း နှိပ်စက်ခံရမှု၊ ပြည်သူလူထု ၏ စား ဝတ်နေရေး ခက်ခဲပင်ပန်းမှုစသော ပြည်သူ့ဒုက္ခအပေါင်းကို ရန်ကုန်မြို့ ၏ သံဃာတော်များကလည်း စာနာ သနားမိ၏။

၂ဝဝ၇၊ စက်တင်ဘာလလယ်ကစပြီး ရန်ကုန်မြို့၏ သံဃာထုသည် ရန်ကုန်မြို့၏ လမ်းမများပေါ်တွင် မေတ္တသုတ်ကို လှည့်လည် ရွတ်ဆိုကြ တော့၏။ မိုးသည်းသည်း လမ်းမကြီးများမှာ ရေနစ်မြုပ်လျက်။ သံဃာ တော်အပေါင်းသည် မိုးသည်းသည်း ထဲ ရေမည်းမည်း ထဲတွင် ရွှေဝါရောင် သည် ဖြတ်သန်းလျက်။ မေတ္တသုတ် ကို ဇွဲကြီးထက်သန်စွာ ရွတ်ဆိုတော် မူကြ၏။

အာဏာရှင်အစိုးရသည် နှစ် ပေါင်း ၅ဝ တိုင်အောင် အကျင့်ပျက် ခြစားမှု၊ ရိုင်းစိုင်းကြမ်းတမ်းမှုများဖြင့် တိုင်းပြည်ကို အုပ်ချုပ်ခဲ့၏။

 ပြည်သူလူထုသည် အလူးလူး အလဲလဲဖြင့် လှိမ့်နေအောင် ခံစားနေ ကြရ၏။

၁၉၈၈ သြဂုတ်လ အရေးတော်ပုံအပြီးမှာ ၂ဝဝ၇ စက်တင်ဘာ ရွှေ ဝါရောင်တော်လှန်ရေးသည် မြန်မာ နိုင်ငံ ဒီမိုကရေစီ အရေး အတွက် အ ကြီးမားဆုံး အထိရောက်ဆုံး လှုံ့ဆော် ချက်ပင်ဖြစ်သည်။ တွန်းအားဖြစ် သည်။

 ခေတ်မီသော သတင်းဆက် သွယ်မှုသည် ထွန်းကားလာပြီဖြစ် သည်။

 ရွှေဝါရောင်တော်လှန်ရေး၏ လှုပ်ရှားမှု မှန်သမျှကို ကမ္ဘာကြီးပေါ် က လူများသည် ရုပ်မြင်သံကြားမှ တစ်ဆင့် တိုက်ရိုက်မြင်တွေ့နေ ရ၏။

သံဃာတော်များသည် သည်းခံမှု နှင့် ငြိမ်းချမ်းမှုကိုသာ ဟောကြား တော်မူခဲ့၏။

စစ်သားများ၏ သေနတ်ပြောင်းဝမှ မီးခိုးများ ပွင့်ထွက်သွားကြ၏။ စစ်သားများသည် သေနတ်မောင်း ခလုတ်များကို ဖြုတ်ချရန် ဝန်မလေး ကြောင်း လက်တွေ့ပြသလိုက်ကြ၏။

လူများသည် မေတ္တသုတ်ရွတ် ဆိုသော သံဃာထု၏ နောက်မှ ကပ်လျက်လိုက်ပါသွားကြ၏။ လမ်းမများ ပေါ်မှ၊ တိုက်ခန်းပြတင်းဝ များမှ ပြည် သူလူထု၏ အားပေးထောက်ခံမှု အသံ ရန်ကုန်မြို့ကို တုန်လှုပ်စေ၏။

ရန်ကုန်မြို့၏ အချို့သော အမျိုးသားများ၊ အချို့သော အမျိုး သမီးများသည်ြ<ွကချီလာသော သံဃာ တော်များကို လက်အုပ်ချီလျက် ဖူး မြော်ကြိုဆိုကြကုန်၏။

အမျိုးသမီးများစွာ၏ မျက်လုံး အိမ်ထဲမှ မျက်ရည်ပေါက်ကြီးများ ကျ ဆင်းလာ၏။

မိုးရေတောထဲတွင် ဖြတ်သန်း ထိုးဖောက်လျက် မေတ္တသုတ်ရွတ်ဆို နေကြကုန်သော သံဃာတော်များကို ကြည့်လျက် ကြည်နူးခြင်း၊ တက်ြ<ွက ခြင်း၊ ကြေကွဲခြင်းများကို ရောထွေး ခံစားကြရ၏။

အမျိုးသမီးတို့၏ ငိုရှိုက်သံသည် လှိုင်းထလျက် အခြားသူများကို လွှမ်း မိုးလာ၏။

သံဃာတော်များ၏ ရွှေဝါရောင် တော်လှန်ရေးနှင့် ပြည်သူလူထု၏ စိတ်ဓာတ်သည် တစ်သားတည်း ဆက်စပ်သွားခဲ့လေပြီ။
        x    x    x

၂ဝဝ၇၊ စက်တင်ဘာ ၂၂။

 ရွှေဝါရောင် တော်လှန်ရေး၏ ငါး ရက်မြောက်နေ့။

 အောင်ဆန်းစုကြည်သည် ခြံအ မှတ် ၅၄ အတွင်းထဲမှ မည်သို့ခံစား ရပါသနည်း။

 အောင်ဆန်းစုကြည်ခံစားမှု သည် ရွှေဝါရောင်မှာ မည်သို့နည်း။

ရဲများသည် တက္ကသိုလ်ရိပ်သာ လမ်းကို ပိတ်ဆို့ထားသော သံဆူးကြိုး များကို ဖယ်ရှားပေးလိုက်သည်။

သံဃာတော်များ၏ မေတ္တသုတ် ရွတ်ဖတ်သံကို သူမ ကြားလာရ၏။
    ''လုံးစုံများစွာ သတ္တဝါ
    ဘေးရန်ခပ်သိမ်း
    ကင်းငြိမ်းကြပါစေ''

သံဃာတော်တို့၏ ရွတ်ဖတ်သံ သည် ပိုမိုပီသလာ၏။ ခြံအမှတ် ၅၄ သို့ နီးကပ်လာပြီ။ မေတ္တသုတ်၏ အသံ ပို၍ ကျယ်လာသည်။

အောင်ဆန်းစုကြည်သည် သံဃာတော်တို့၏ မေတ္တသုတ်ရွတ် ဖတ်သံကို ကြည်လင်စွာ ကြားရသည် နှင့် တစ်ပြိုင်နက် ခြံဝဆီသို့ ခပ်မြန် မြန်ထွက်လာ၏။

 အောင်ဆန်းစုကြည်နှင့်အတူ နေသော အမျိုးသမီး နှစ်ဦးလည်း သူမနှင့် အတူပါဝင်၏။

အမှတ် ၅၄ ၏ ခြံတံခါးမကြီးကို သူမက မဖွင့်စေခဲ့။

လူဝင်လို့ ထွက်လို့ရသော မလွယ်ပေါက်တံခါးကလေးကိုမူ ဖွင့် လိုက်စေ၏။

 ''တံခါးအပြင်ကို မထွက်နဲ့ ခြံ ထဲမှာပဲ ဥပဒေအတိုင်း နေကြမယ်''

သူမက ပြောသည်။ အကျယ် ချုပ်ကာလဖြစ်သည်။

သူမတို့ သုံးဦးသည် ခြံ၏ တံခါး ပေါက်ကလေးသို့ ရောက်ရှိလာကြပြီ။

 သံဃာတော်များသည်လည်း ခြံ ရှေ့သို့ြ<ွကချီလာကြပြီ။

အဘယ့်ကြောင့် အချိန်ကိုက် ဖြစ်နေရပါသနည်း။

 မေတ္တာဓာတ်ပင်ဖြစ်လိမ့်မည်။

သူမနှင့် အမျိုးသမီးအဖော် နှစ် ဦးသည် လက်အုပ်ကို ချီလိုက်ကြ၏။ သံဃာတော်များကို ရင်ခုန်စွာ ကြိုဆို နေမိကြ၏။

 ရွှေဝါရောင် တော်လှန်ရေး၏ သံဃာတော်များသည် ခြံတံခါး၏ အပေါက်သေးသေးလေးမှာ အောင် ဆန်းစုကြည်ကို မြင်တွေ့လိုက် ကြရ ၏။

ထင်မှတ်၍ မထား။

 မျှော်လင့်၍ မထား။

အံ့သြကြကုန်၏။

သံဃာတော်များသည် ခြံအမှတ် ၅၄ ၏ အရှေ့မှာ စိတ်တူကိုယ်တူ ခြေစုံ ရပ်တော်မူလိုက်ကြ၏။

''ဒေါ်အောင်ဆန်းစုကြည် ကျန်း မာပါစေ''

''ဒေါ်အောင်ဆန်းစုကြည် ကျန်း မာပါစေ''

မိုးလေထဲမှာ သံဃာတော်တို့၏ အသံမှာ ဟိန်းထွက်လာ၏။

အသံများသည် မေတ္တာဖြင့်ပြည့် စုံတော်မူ၏။

 သြဇာကား ရှိလှ၏။

တုတ်များ၊ ဒိုင်းများ ကိုင်ဆောင် ထားသော ရဲတပ်ဖွဲ့ဝင်များသည် အောင်ဆန်းစုကြည်နှင့် သံဃာတော် တို့အကြားမှာ ဗြုန်းဆိုနေရာ ယူလိုက် ကြ၏။

 အောင်ဆန်းစုကြည်နှင့် အနီး ကပ်ဆုံးမှာ နေရာယူထားသော ရဲ သားတစ်ဦးသည် သူ၏ မျက်နှာကို ဒိုင်းဖြင့် ကွယ်ဖုံးလျက်။

''အမေစု တောင့်ထား''

 နှစ်ယောက် ကြားလောက်ရုံမျှ တိုးတိုးပြောလိုက်၏။

သံဃာတော်များသည် ရှေ့သို့ ဆက်လက်ြ<ွကချီတော်မူသွားကြ၏။

 မေတ္တသုတ်ကို ဆက်လက်ရွတ် ဆိုတော်မူသွားကြ၏။

''လုံးစုံများစွာ သတ္တဝါ
    ဒေါသခပ်သိမ်း
    ကင်းငြိမ်းကြပါစေ''

မောင်ကိုကို (အမရပူရ)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.