22-6-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရခိုင်ကမ်းရိုးတန်းတွင် ငါးဖမ်းဆီးရရှိမှုနည်းပါးလာသည့်အတွက် ငါးဖမ်းကိရိယာများ ပြောင်းလဲသုံးစွဲလာကြ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1016
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
စီးပွားရေးပိတ်ဆို့မှု လွတ်မြောက်လာသော မြန်မာလုပ်ငန်းရှင်တစ်ဦး၏ အမြင်

ယခင် အမေရိကန် သံတမန်များက 'ခရိုနီ'ဟု သမုတ်ခေါ်ဝေါ် ခဲ့သော မြန်မာလုပ်ငန်းရှင်ကြီးတစ်ဦး သည် အမေရိကန်၏ စီးပွားရေး ပိတ်ဆို့မှု Black List မှ ကင်းလွတ်ခွင့် ရလာခြင်းသည် ၄င်းအတွက်နိုင်ငံ ခြားကုမ္ပဏီများနှင့် ချိတ်ဆက်ဆောင် ရွက်လိုသည့် အိပ်မက်မက်နေရာမှ အမှန်တကယ်အကောင်အထည်ပေါ် လာသည်ဟု ယူဆကြောင်းပြောကြား ခဲ့သည်။ မက်စ်မြန်မာကုမ္ပဏီ အုပ်စု ၏ ဥက္ကဋ္ဌဖြစ်သူ ဦးဇော်ဇော်က ပြီးခဲ့ သည့် မတ်လ ဒုတိယပတ်အတွင်း Bloomberg လုပ်ငန်းမှကြီးမှူးကျင်းပ ခဲ့သည့် ညီလာခံတစ်ခုတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်ဟု သိရ သည်။

 ပြည်ပမှ နိုင်ငံခြားစီးပွားရေး လုပ်ငန်းရှင်များကို မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံကြရန် မတ် လ ၉ ရက်က ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် Bloomberg Invest Myanmar စီးပွားရေး ဆွေးနွေးပွဲတွင် မြန်မာစီးပွားရေး လုပ်ငန်းရှင်ကြီး များက ဖိတ်ခေါ်ခဲ့ကြ သည်။ ထိုဆွေးနွေးပွဲတွင် ပြည်တွင်း ပြည်ပ စီးပွားရေး လုပ်ငန်းများမှ တာ ဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး အ မေရိကန်နိုင်ငံက မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များအပေါ် ပိတ်ဆို့အရေး ယူမှုများ ပယ်ဖျက်ပြီးသည့်နောက် ဖြစ်ပေါ်လာသည့် စီးပွားရေး အခြေ အနေများ၊ နိုင်ငံတကာ စီးပွားရေး အဖွဲ့အစည်းများနှင့် ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်နေ မှုများကို ဆွေးနွေးခဲ့ကြကြောင်း သိရ ပါသည်။

ယင်းဆွေးနွေးပွဲတွင် ဦးဇော်ဇော် က ဟောင်ကောင်၊ စင်ကာပူနှင့် လန် ဒန်စတော့ ဈေးကွက်တစ်ခုခုတွင် ဝင်ရောက်ဆောင် ရွက်လိုကြောင်း ပြောကြားခဲ့သည်။ အမေရိကန် သမ္မတအိုဘားမားသည် မြန်မာ့ စီးပွားရေးလုပ်ငန်းရှင်ကြီး ၁၁၁ ဦးကို အမည်ပျက် စာရင်း Black List မှ ဖျက်သိမ်းရန်အတွက် ယခင်နှစ် အောက်တိုဘာလက ဆုံးဖြတ်ခဲ့ သည်။ ဦးဇော်ဇော်က ၄င်းအနေနှင့် ထိုသို့ မိမိတို့အပေါ် အမေရိကန်၏ စီးပွားရေး ပိတ်ဆို့ထားခဲ့မှုများကို အမြန်ဆုံး ရုတ်သိမ်းပေးရန်နေ့စဉ် ဆုတောင်းခဲ့ကြောင်း၊ ထိုသို့ဆုတောင်း ခြင်းမှာ သူ၏ စီးပွားရေး လုပ်ငန်း တစ်ခုတည်းအတွက် ဆုတောင်းခြင်း မဟုတ်ကြောင်း၊ အားလုံးအတွက် ဆု တောင်းခဲ့ခြင်းဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ဦးဇော်ဇော်က ''ပြည်သူ တွေ အားလုံးမျှော်လင့်နေတဲ့ တိုင်း ပြည်ရဲ့ စီးပွားရေး တိုးတက်မှ၊ လူတစ် ဦးချင်းရဲ့ ဝင်ငွေတက်မှ ဒီနိုင်ငံရဲ့ အ နာဂတ်က လှမှာဆိုတော့ အဲဒီအ တွက် နိုင်ငံတကာနဲ့ ဘယ်လိုပေါင်းပြီး လုပ်မလဲ၊ ကျွန်တော်တို့က နိုင်ငံ တကာမီဒီယာတွေကို သုံးပြီး Brand တစ်ခု၊ Promote တစ်ခုအနေနဲ့ ဖြစ်ဖြစ်သွားရင် အားလုံး ပြည်သူတွေ အတွက် အကျိုးရှိမယ့် ကိစ္စတစ်ခုပါ။ အကျိုးသက်ရောက်မှုကတော့ တိုက်ရိုက်ရှိသလို သွယ်ဝိုက်ပြီးတော့ လည်း ရှိတာပေါ့။ Brand ဖြစ်လာ တော့ မြန်မာပြည်ကို သိမယ်။ ဝင် လာမယ်။ ကိုယ့်ဘက်ကလည်း ပြင် ဆင်ထားဖို့လိုတာပေါ့။ ဒီရင်းနှီးမြှုပ်နှံ မှုကိုပဲ ထိုင်စောင့်နေလို့တော့ မရ ဘူး။ ကိုယ်ကလည်း ကြိုးစားဖို့လို တယ်''ဟု ပြောကြားခဲ့သည်။

 ငွေကြေးအရင်းအနှီးနှင့် ပတ် သက်၍ ဦးဇော်ဇော်က ဆွေးနွေးရာ တွင် "SME တွေ Micro Financing တွေနဲ့ ထုတ်ကုန်တွေ ဒီထက်ကောင်း အောင် လုပ်ဖို့လိုတယ်။ ကုန်သွယ်မှု လိုငွေတွေများလို့ ငွေကြေးဖောင်းပွမှု တွေ ဖြစ်လာတဲ့အခါမှာ Interest Rate ၊ ကျန်တဲ့အပိုင်းတွေချဖို့၊ ရေရှည် ရင်းနှီးမြှုပ်နှံမှု မူဝါဒတွေ အများကြီး ပြောင်းလဲဖို့လိုတယ်။  Overnight တော့ ပြောင်းလို့မရဘူး။ ဗဟိုဘဏ်က လည်း ပြောင်းလဲနေတယ်။ ကျွန် တော်တို့ကလည်းလိုက်ပြီးတော့ ပြောင်းလဲဖို့လိုတယ်။ ဒီပွဲက ကျွန် တော်တို့နိုင်ငံကို မြှင့်တင်တာပါပဲ။ မြန်မာနိုင်ငံရဲ့ စီးပွားရေးရယ်၊ ဥပဒေ ရယ်၊ မြန်မာနိုင်ငံရဲ့ လက်ရှိ အခင်း အကျင်းပေါ့''ဟု ဆွေးနွေးသွားခဲ့ သည်။

ထို့နောက် မက်စ်မြန်မာလုပ်ငန်း စုများ အနေဖြင့် ရန်ကုန်စတော့ အိတ်ချိန်းဈေးကွက်အတွင်းသို့ ဝင် ရောက်ရန် အခြေအနေကို မီဒီယာများက မေးမြန်းရာတွင် ဦးဇော်ဇော် က ''အဓိကက စတော့ အိတ်ချိန်းကို ဝင်သွားတယ်ဆိုတာက Future ကို Buying လုပ်တာပဲလေ။ ဒီလိုဝင်သွား တဲ့အခါ ကိုယ်ရဲ့ ရင်းနှီးမြှုပ်နှံမှုက ဥပမာ ဘီလျံ ၁ဝဝ ရှိတယ်ဆိုရင် ဘီလျံ ၁ဝဝ ထည့်ထားတဲ့ဟာက ဒီနေ့ထည့်ပြီး မနက်ဖြန်ကျ ဘီလျံ ၃ဝ ပဲ ကျန်တယ်ဆိုရင်တော့ ဘယ် သူမှ ဝယ်မှာမဟုတ်သေးဘူး။ အဲဒီ တော့ ဝယ်တဲ့ သူလည်း အကျိုးရှိ မယ်။ တင်လိုက်တဲ့သူလည်း အကျိုး ရှိမယ်ဆိုတဲ့ဟာ မျိုးသွားကြရမယ်။ အဲဒီတော့ လိုအပ်ချက်တွေ အများ ကြီးရှိတာပေါ့။ သို့သော်လည်း စနိုင် တယ်ဆိုတာ ဝမ်းသာစရာပေါ့။ နောင်ကျရင် လိုအပ်ချက်တွေ ဖြည့် ဆည်းသွားဖို့ လိုပါလိမ့်မယ်။ ကျွန် တော်တို့ အနေနဲ့ အခုနကလို အခြေ အနေမျိုးဖြစ်လာရင်၊ အဆင်သင့်ဖြစ် လာရင်လုပ်မှာပါ။ အဲဒါက စတော့ အိတ်ချိန်းရဲ့ အခြေအနေ၊ သူက တကယ့်ကို IPO လုပ်နိုင်တဲ့ အနေအ ထားမျိုးဖြစ်တဲ့ နေရာဖြစ်လာပြီဆိုရင် ကျွန်တော်တို့လုပ်မှာပါ''ဟု ဖြေကြား သွားသည်။

လက်ရှိအချိန်တွင် Public မှ ရှယ်ယာ များဝယ်ယူကာ လုပ်ငန်းများကို မျှဝေ ခံစားသည့် အခြေအနေကို ပိုမိုသွား ချင်ကြောင်း၊ အဆိုပါ အခြေအနေကို ရောက်ရှိပါက  စတော့အိတ်ချိန်း သည် ပိုမို အရေးကြီးကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။

''အဓိကက ကျွန်တော်တို့ နိုင်ငံ က ကုမ္ပဏီတွေဟာ တစ်ဦးတည်းပိုင် တာ။ အဲဒီလိုဖြစ်နေတယ်။ ဒါပေမယ့် ကိုယ်ရဲ့ လုပ်ရည် ကိုင်ရည်နဲ့ လုပ်နိုင် တဲ့ အလုပ်တွေကို Public က ရှယ် ယာဝယ်ပြီး ဒီလုပ်ငန်းတွေနဲ့ မျှဝေခံ စားတဲ့ဟာကို ပိုသွားချင်ကြတယ်''ဟု ပြောပါသည်။

 လောလောဆယ် ဦးဇော်ဇော်၏ မက်စ်မြန်မာ ကုမ္ပဏီအုပ်စုသည် ပြင် သစ်နိုင်ငံ၏ ဟိုတယ်လုပ်ငန်းအုပ်စု တစ်ခုဖြစ်သည့် Accorsa နှင့် မြန် မာနိုင်ငံတွင် ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်းများ ဖက်စပ်လုပ်ကိုင်ရန် ဆွေးနွေးညှိနှိုင်းနေသည်ဟု သိရ သည်။ မက်စ်မြန်မာ အုပ်စုတွင် ဟို တယ်သုံးလုံးရှိပြီး ရန်ကုန်မြို့ရှိနိုဗို တယ်လ်ဟိုတယ်ကို အဆိုပါ ပြင်သစ် မှ Accor SA ဟိုတယ်လုပ်ငန်းက စီမံခန့်ခွဲမှုများပြုလုပ်နေကြောင်း သိရပေသည်။

မောင်ပုဆိုးကြမ်း
Ref; "Formerly Black Listed Tycoon Says, End of Sanctions Has Restored His Dignity" (mmbiztoday.com.)

မောင်ပုဆိုးကြမ်း
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.