24-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
၂ဝ၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ သြဂုတ်လ ၃ ရက်နေ့အထိ လေးလတာကာလအတွင်း တာချီလိတ်နယ်စပ်ဝင်ပေါက်မှ နိုင်ငံတကာ ခရီးသွားဧည့်သည်ရှစ်ထောင့်ငါးရာကျော်ဝင်ရောက်လည်ပတ်ခဲ့
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
ရူးလောက်အောင်တော်တဲ့ ပညာရှင်

ဟိုအရင်တုန်းက လေထန်ကုန်း လက်ဖက်ရည်ဆိုင်မှာ အတူထိုင်ဖြစ်ကြရင်း ကိုဒီ (အစ်ကိုကြီး ပန်းချီဆရာမောင်ဒီ)က ဘယ်ရွေ့ဘယ်မျှ ကောင်းကြောင်းကိုညွှန်းလို့ သူ့ဆီကခဏငှားပြီး ကြည့်ဖူးခဲ့ပါတယ်။

အခု အဲဒီ A Beautiful Mind ဆိုတဲ့ ဇာတ်ကားကိုပဲ ရန်ကုန်မြို့လယ်က ဆိုင်တစ်ဆိုင်မှာ တွေ့လို့ဝယ်ယူလာခဲ့ပြီး ဒုတိယအကြိမ်ပြန်ကြည့်ဖြစ်ပါတယ်။ သင်္ချာပညာရှင်တစ်ယောက် အသိစိတ်တွေကင်းကွာပြီး အရူးတစ်ယောက်လိုဖြစ်ခဲ့ရပြီးမှ နိုဘယ်ဆုရရှိခြင်းခံရတဲ့ တကယ့်အတ္ထုပ္ပတ္တိကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားပါ။ မြန်မာဘာသာပြန်စာအုပ်အဖြစ်လည်း ထွက်ရှိထားတယ်လို့ဆိုပါတယ်။ စာအုပ်ကို ယခုအချိန်အထိ မဖတ်ဖူးသေးပါ။

ဒီဇာတ်ကားကို ဒါရိုက်တာ Ronttoward က ရိုက်ကူးပြီး အဓိကဇာတ်ကောင်တွေအဖြစ် မင်းသား 'ရပ်ဆယ်ခရိုဝီ' နဲ့ မင်းသမီး 'ဂျင်နီဖာကွန်နေး' တို့က သရုပ်ဆောင်ထားပါတယ်။ စာရေးဆရာ Sylria Nasar (ဆီလ်ဗီယာနာဆာ) ရဲ့ အတ္ထုပ္ပတ္တိ စာအုပ်ကို ရုပ်ရှင်အဖြစ် ပြန်လည် ရိုက်ကူးတာပါ။ ဒီဇာတ်ကားဟာ အော်စကာဆုတွေရရှိသလို ကမ္ဘာ့အကောင်းဆုံးဇာတ်ကား တစ်ထောင်မှာလည်း စာရင်းဝင်ခဲ့ပါတယ်။

 'ဂျွန်နာ့ရှ်'ဟာ တက္ကသိုလ်ကျောင်းသားဘဝနဲ့ စတင်ချိန်မှာ မိမိရဲ့ဘေးခန်းမှာ မိမိနဲ့ အသွင်စရိုက်မတူတဲ့ ပေါ့ပေါ့နေပေါ့ပေါ့စား အရက်ဘီယာသမား 'ချားလ်စ်' ဆိုတဲ့ အခန်းဖော် တက္ကသိုလ်ကျောင်းသားကို မလွှဲမရှောင်သာ သူငယ်ချင်းအဖြစ် သတ်မှတ်ပေးလိုက်ရတဲ့ ရုပ်ရှင်ပြကွက်တွေနဲ့ ဇာတ်လမ်းကို စတင်ပါတယ်။

အစတော့ သူတို့နှစ်ယောက် စရိုက်မတူသလိုဖြစ်ပေမယ့် နောက်တော့တွဲမိသွားပါတယ်။ လူတွေကို သူကကြည့်မရသလို၊ သူ့ကိုလည်း လူတွေကကြည့်မရဘူးလို့ ယုံကြည်ထားပြီး အတန်းလည်း မှန်မှန်မတက်ဘဲ အထီးကျန်သဘောမျိုးနဲ့ ကျောင်းသားကျောင်းသူတွေကြားမှာ ငပေါငကြောင်အဖြစ် အလှောင်အပြောင်ခံရင်း မိမိအလုပ်ကိုသာ တစ်စိုက်မတ်မတ် လုပ်နေပါ တယ်။ စာတမ်းတွေ အကြိမ်ကြိမ်ပယ်ချခံရတယ်။ နောက်ဆုံးတော့ ခေတ်ရှေ့ ကို အများကြီး ကျော်လွန်နေတဲ့ စာတမ်းတစ်စောင်ကြောင့် နာမည်ရသွားပြီး ပင်တဂွန်ဌာနချုပ်က ခေါ်ယူအသုံးချခြင်းခံလိုက်ရပါ တော့တယ်။ ကိန်းဘရစ်တက္ကသိုလ်ကနေ ၁၉၅၄ ခုနှစ် အောက်တိုဘာလမှာ M.A ဘွဲ့ကို ရရှိခဲ့ပါတယ်။

 နောက်ဒေါက်တာဘွဲ့ရရှိပြီး ဆရာအဖြစ်နဲ့ စာပြန်သင်တဲ့အချိန် ကျောင်း သူတစ်ဦးဖြစ်တဲ့ 'အလစ်ဘီယာ' နဲ့တွေ့ပြီး လက်ထပ်ဖြစ်ကာ သမီးလေးတစ်ယောက် မွေးဖွားလာပါတယ်။ သူ့ဦးနှောက်တွေ၊ သူ့ဘဝတွေကို ကစဥ့်ကလျားဖြစ်အောင် လုပ်ခဲ့မိသူတွေကတော့ ပင်တဂွန်ဌာနချုပ်က ပုဂ္ဂိုလ်တွေပါပဲ။ ဆိုဗီယက်တို့ရဲ့ လျှို့ဝှက်စာကို (သင်္ချာနံပါတ်)တွေကို ဖော်ထုတ်ပေးရင်းနဲ့ ရန်သူရန်ဘက်တွေရဲ့ လိုက်လံနှောင့်ယှက်တိုက်ခိုက်ခံရတာတွေကြံရပြီး စိုးရိမ်ထိတ်လန့်မှုတွေနဲ့ ဂျွန်နာရှ်ရဲ့ ဘဝဟာ ဗြောင်းဆန်လာခဲ့ပါတယ်။

အဲဒီ စိတ်ကစဥ့်ကလျားရောဂါကို ဆယ်စုနှစ်နဲ့ချီပြီး ခံစားလာရပါတယ်။  သူ့အာရုံထဲမှာ လူသုံးယောက်ဟာ အမြဲတမ်းရှိနေတယ်။ အဲဒီသုံးယောက်က အခြားမဟုတ် အမေရိကန် ကာ ကွယ်ရေးဝန်ကြီးဌာနကကြီးကြပ်ရေးမှူး 'ပါချာ' ဆိုတဲ့ ပုဂ္ဂိုလ်ရယ်၊ သူတက္ကသိုလ် မှာတုန်းက အခန်းဖော် ပေါ့ပေါ့နေပေါ့ပေါ့စားသူပါဆိုပြီး သူ့ကိုယ်သူ မိတ်ဆက်တဲ့ သူငယ်ချင်း 'ချားလ်စ်' ရယ်။ နောက်အပြင်လောကရောက်မှ ချားလ်စ်နဲ့ ပြန်တွေ့ရာမှာ မိဘမဲ့ဖြစ်နေတဲ့ ချားလ်စ်ရဲ့ တူမလေး ချစ်စရာ အသက် ခုနစ်နှစ်အရွယ် 'မာဆီး' ဆိုတဲ့ ကလေးမလေးရယ်ပေါ့။ အဲဒီ လူသုံးယောက်ဟာ သူဘယ်သွားသွား၊ ဘာလုပ်လုပ် သူ့အနားမှာ မကြာခဏရောက်လာနေကြတယ်လို့ သူ့စိတ်ထဲမှာ စွဲထင်နေပါတယ်။

တစ်နေ့မှာ ဇနီးဖြစ်သူ 'အလစ်ဆီယာ' က လသားအရွယ်သမီးငယ်လေးကို ရေချိုးပေးလိုက်ပါလို့ပြောပြီး အိမ်အပြင်ဘက်ထွက်ကာ အဝတ်တွေကို နေရောင်မှာလှန်းနေပါတယ်။ အိမ်ထဲက ကလေးငယ် ငိုသံကြားလို့ အလစ်ဆီယာ ပြေးဝင်လာတဲ့အချိန်မှာ ရေချိုးကန်ထဲက ကလေးဟာ ပက်လက်ကလေး အနေအထားနဲ့ ရေပိုက်ခေါင်းက ဆက်တိုက်ကျတဲ့ ရေတွေနဲ့ နစ်မြှုပ်မွန်းကျပ်ခါနီးနေပါပြီ။ ဂျွန်နာ့ရှ်ရဲ့ စိတ်ထဲမှာတော့ သူ့သူငယ်ချင်းချားလ်စ်က သူ့အိမ်မှာ ရောက်နေတယ်။ သူငယ်ချင်းကို ကလေးအကြည့်ခိုင်းထားပြီး သူက အရေးကြီးတဲ့ သင်္ချာတွက်ကိန်းတွေနဲ့ အလုပ်ရှုပ်နေမိတာဖြစ်ပါတယ်။

ဇနီးသည် အလစ်ဆီယာက ကလေးကိုပွေ့ချီပြီး ပြုပြင်ပေးနေတဲ့အချိန်မှာ ဂျွန်နာ့ရှ်က သူ့မျက်လုံးထဲမှာ ဇနီးသည် အလစ်ဆီယာ မဟုတ်တော့ဘဲ ပင်တကွန်က လူကြီး'ပါချာ' ရောက်လာပါတယ်။ သူ့ဇနီးနဲ့ ကလေးကို သေနတ်နဲ့ပစ်ဖို့ ချိန်တယ်လို့မြင်ပြီး အလျင်အမြန်ပါချာကို တွန်းပစ်လိုက်တာမှာ သူတကယ် တွန်းလို့လဲသွားတာဟာ ပါချာမဟုတ်ဘဲ သူ့ဇနီး အလစ် ဆီယာတို့ သားအမိဖြစ်နေပါတယ်။

 ဇနီးသည် အလစ်ဆီယာက အကြောက်လွန်ပြီး ကလေးခေါ်ကာ ကားနဲ့ထွက်ပြေးဖို့ပြင်တယ်။ သူဟာ သူ့ရောဂါအကြောင်းကို ပြောပြပြီးထွက်မသွားဖို့ တောင်းပန်ပါတယ်။ နောက်ဇနီးသည် အလစ်ဆီယာက သူ့ယောက်ျား ဂျွန်နာ့ရှ်ကို စိတ်ရောဂါ အထူးကုဆရာဝန်ကြီး ဒေါက်တာ 'ရို ဆင်' ဆီ ခေါ်သွားပြီးပြသပါတယ်။

 ဒေါက်တာရိုဆင်က ဒီရောဂါဟာ တစ်ခါတစ်ရံမှာ ဆေးဝါးနဲ့ကုသလို့မရနိုင်တဲ့ အကြောင်းနဲ့ နည်းလမ်းရှာပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကုသနိုင်မှသာဖြစ်နိုင်ကြောင်းကို ရှင်းပြပါတယ်။ ဆရာဝန်ရှင်းပြပြီးတဲ့နောက် အလစ်ဆီယာတို့ လင်မယားနှစ်ယောက်ဟာ ဟိုတုန်းက ဆရာလုပ်ခဲ့ ဖူးတဲ့ ပရင့်စ်တန် တက္ကသိုလ်ကို ပြန်သွားကြပါတယ်။

အဲဒီမှာ ဟိုတုန်းက သူငယ်ချင်း ဖြစ်ခဲ့ဖူးတဲ့ 'မာတင်' က သင်္ချာ ပါမောက္ခဖြစ်နေပါတယ်။ အဲဒီမှာ သူငယ်ချင်းမာတင်ရဲ့ ခွင့်ပြုချက်နဲ့ ဂျွန်နာ့ရှ်ဟာ တက္ကသိုလ်စာကြည့်တိုက် ကြီးထဲဝင်ပြီး စိတ်တိုင်းကျ အသုံးပြုခွင့်ရသွားပါတယ်။ အဲဒီလိုနေလာရင်း နှစ်ကာလအနည်းငယ်ကြာလာတော့ စိတ်အစွဲအာရုံခံစားမှုတွေ တဖြည်း ဖြည်းချင်း လျော့နည်းလာခဲ့ပါတယ်။

 ဒီလိုနဲ့ ၁၉၇၈ ခုနှစ် ရောက်လာတော့ ဂျွန်နာ့ရှ်ဟာ အခြေအနေအ တော်ကြီးကိုပဲ ကောင်းမွန်လာလို့ မာတင်က သူငယ်ချင်း ဂျွန်နာ့ရှ်ကို စာပြန်သင်ခွင့်ပြုလိုက်ပါတယ်။

၁၉၉၄ ခုနှစ် ရောက်လာတဲ့အခါမှာတော့ ဂျွန်နာ့ရှ်ရဲ့ အသင်အပြကောင်းမှု၊ သဘောထားပြည့်ဝမှု၊ စေတနာထက်သန်မှုတွေကြောင့် တစ်ယောက်စကားတစ်ယောက်နားနဲ့ ကျောင်းသားတွေ ဝိုင်းဝိုင်းလည်ပြီး လူချစ်လူခင် အလွန်ပေါများသူ အဖြစ် ရောက်ရှိလာပါတယ်။ ဒီ အဖြစ်ကို ကြည့်ပြီး မျက်ရည်လည်ကာ ဝမ်းသာပီတိဖြစ်နေရသူကတော့ ဇနီးဖြစ်သူအလစ်ဆီယာပါ။

ဒီလိုနဲ့ ၁၉၉၄ ခုနစ်ရဲ့ မတ်လ ရောက်တော့ ဂျွန်နာ့ရှ်ကို နိုဘယ်ဆုပေးဖို့ စဉ်းစားနေတယ်ဆိုတဲ့ သတင်းစကားကို ကြားလိုက်ရပါတယ်။ နောက်မကြာခင်ပဲ အမှန်တကယ် နို ဘယ်ဆုရရှိပါတယ်ဆိုတဲ့ သတင်း ဂျွန်နာ့ရှ်ရှိနေတဲ့ တက္ကသိုလ်ကို ရောက်ရှိလာပါတယ်။

တကယ်တော့ ဒီလိုကြောက်မက်ဖွယ်ရာကောင်းပြီး ဆေးဝါးသုံးစွဲရခက်၊ အလွန်အကုရခက်တဲ့ ဒီ 'စကစ်ဆို ဖရီးနီးယား' ဆိုတဲ့ ရောဂါဆိုးကြီး ခံစားရအောင် ပညာရှင်ကို တလွဲ အသုံးချ ချုပ်ကိုင်လိုက်မိတဲ့ ပင်တဂွန်ဌာနချုပ်ကြီးက လူတွေဟာ သူတို့အမှားကို သူတို့သိမှ သိပါလေစလို့ ရုပ်ရှင်အပြီးမှာ တွေးတောကြည့်လိုက်မိပါတယ်။

ဝင်းကိုမောင်

ဝင်းကိုမောင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.