18-1-2018
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1046
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
ကျည်ဆန်ကြားက ရွေးကောက်ပွဲ

ဒီဇာတ်ကားက ၂ဝ၁၇ အောက်တိုဘာလဆန်းပိုင်းက ထွက်ရှိလာခဲ့တဲ့ အိန္ဒိယရုပ်ရှင်ဇာတ်ကားသစ် တစ်ကားဖြစ်ပါတယ်။ အိန္ဒိယနဲ့ အခြားနိုင်ငံ တကာရုံတွေမှာ တရားဝင်မတင်ခင် နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေကို ဝင် ရောက်ပြသခဲ့ပါတယ်။ အဲဒီမှာ နိုင်ငံတကာ ဘာလင်ရုပ်ရှင်ပွဲတော်က အကောင်းဆုံး သရုပ်ဆောင်ဆုအဖြစ် 'ရွှေဝက်ဝံ'  ရုပ်တုဆုကို ရရှိခဲ့ပါတယ်။ အဲဒီမှာ ကျွန်တော့်ရဲ့ ဝါသနာအရ ရုပ်ရှင်ဇာတ်ကားတွေ ဝယ်ယူစုဆောင်း ကြည့်ရှုရာမှာ ဘာလင်ရုပ်ရှင်ပွဲတော်  ရွှေဝက်ဝံရုပ်တုရတဲ့ ရုပ်ရှင်ကားမှန်သမျှ အော်စကာဆုရတဲ့ ရုပ်ရှင်ဇာတ်ကားတွေထက် တော်တော်များများ ပိုကောင်းနေတာကို တွေ့ရပါတယ်။   အဲဒါကြောင့် ကျွန်တော်ဟာ ဈေးကွက်ထဲရောက် လို့ အခွေတွေကို ငုံ့ကြည့်လိုက်လို့ အဲဒီရွှေဝက်ဝံ ရုပ်တုဆုကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက် ဘာမှတွေးမနေတော့ဘဲ ချက်ချင်းကောက်ဝယ်လိုက်တော့တာပါပဲ။ ကျွန်တော့်လို ဝါသနာတူသူများလည်း သတိထားမိအောင်လို့ပါ။

အခုလည်း ဒီဇာတ်လေးမှာ ၆၇ ကြိမ်မြောက် ဘာလင်နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ဆုအဖြစ် ရွှေဝက်ဝံရုပ် တုတံဆိပ်ကလေးရိုက်ထားတာမြင်တာနဲ့ ကောက်ဝယ်လာခဲ့တာ အိမ်ရောက်လို့ ဖွင့်ကြည့်တော့လည်း ကျွန်တော်  ထင်တဲ့အတိုင်းပဲ အလွန်နည်းပါးတဲ့ ကုန်ကျစရိတ်နဲ့ နိုင်ငံတကာ တန်းဝင်အောင် ရိုက်ပြနိုင်တဲ့ အိန္ဒိယရုပ်ရှင်ပညာကို မချီးကျူးဘဲ မနေနိုင်ခဲ့ပါဘူး။

ရုပ်ရှင်က အင်မတန်ရိုးရှင်းတဲ့ အကြောင်းအရာတစ်ခုပါ။ ရွေးကောက်ပွဲအတွက် ပြည်သူလူထုဆီက သဘောထားဆန္ဒအဖြစ် သင်္ကေတပြုထားတဲ့ မဲပြားလေးကို မဲပုံးစိုက်ပြီး ကောက်ခံတာပါ။ ဒါပေမယ့် အဲဒီရိုးရှင်းခြင်းရဲ့ နောက်ကွယ်က လူတွေရဲ့လောဘဒေါသမောဟတွေနဲ့ အာဏာမက်မောပြီး လိမ်ညာကောက်ကျစ်မှုတွေ၊ ဘယ်သူသေသေ၊ ငတေမာရင်ပြီးရောဆိုပြီး ကိုယ့် အတ္တအတွက် သူတစ်ပါးအသက်တွေကို သတ်ဖြတ်ပစ်ဖို့ ဝန်မလေးသူတွေ၊ တိုင်းပြည်အတွင်းက ဌာနပေါင်းမြောက်များစွာရဲ့ ခြစားမှုတွေဟာ အကြောင်း ကိစ္စတစ်ခုအတွက် ငွေမပေးလာဘ်မထိုးရင် ဒီဘက်စားပွဲပေါ်ကဖိုင်ဟာ ဟိုဘက်စားပွဲပေါ်ကို ရောက်ကိုမရောက်တာတွေကို အကုန်မြင်သာအောင် တင်ဆက်နိုင်တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားလို ယူဆမိတာကြောင့် ဝါသနာတူတွေ ခံစားလို့ရအောင် အခုလိုရေးပြမိတာဖြစ်ပါတယ်။

ဒီဇာတ်ကို ဒါရိုက်တာ 'အမစ်ဗွီမာဆူရကာ'က ရိုက်ကူးပြီး အဓိကဇာတ်ကောင်တွေအဖြစ် မင်းသားရာဇကုမာရောင်းနဲ့ မင်းသမီး 'အဉ္ဇလီပါတေး'တို့က ပါဝင်သရုပ်ဆောင်ပေးထားကြပါတယ်။

ရုပ်ရှင်ဇာတ်ကားကို 'အိန္ဒိယနိုင်ငံ ရွေးကောက်ပွဲ တိုင်းနဲ့ပြည်နယ်နေရာအနှံ့ ကျင်းပမှုအတွက် အမေရိကန်ဒေါ်လာ ၅ ဘီလျံကုန်ကျတယ်။ ကောက် ကျစ်သူတချို့က ပါလီမန်ကို ရွေးခဲ့ပေမယ့် အခုလာမယ့် ရွေးကောက်ပွဲမှာတော့ လူဆိုးတွေရဲ့ နည်းဗျူဟာကို ခွင့်မပြုပါဘူး'ဆိုတဲ့ စာတန်းများနဲ့ စတင်ပါတယ်။

ပြီးတော့ ဘုံဘေမြို့ရဲ့ ဆင်ခြေဖုံးအရပ်တွေက အောက်ခြေလူထု လူတန်းစားတွေဆီကို ကားတစ်စီးနဲ့ လွှတ်တော်အမတ်တစ်ယောက်လှည့်လည်လာပြီး ''ကျွန်တော် ခင်ဗျားတို့ဆီကို အခုလိုလာတာဟာ မဲဆွယ်ဖို့ လာတာမဟုတ်ဘူး။ ခင်ဗျားတို့ရဲ့ နိမ့်ကျတဲ့ဘဝနဲ့ ခင်ဗျားတို့ရဲ့ အနာဂတ်မျိုး ဆက်သစ်သားသမီးတွေအတွက် ကျွန်တော်ဖြစ်ချင်တာကို လာပြောတာပါ။ အဲဒါကဘာလဲဆိုတော့ ခင်ဗျားတို့ရဲ့ သားသမီးတွေရဲ့ ညာဘက်လက်မှာ လက်တော့ပ်ကိုင်ပြီး၊ ဘယ်ဘက်လက်မှာ အဆင့်မြင့်ဖုန်းကိုင်နိုင်ဖို့ပါပဲ။ ကွန်မြူနစ်တွေကတော့ မော်စီတုန်းဝါဒနဲ့ ကွန်မြူနစ်ကျမ်းကြီးကို ကိုးကားကိုင်ဆောင်ပြီး ကျွန်တော်တို့ရဲ့ အနာဂတ်လက်တွေ့ အစီအစဉ်တွေကို နှောင့်ယှက်နေကြ တယ်''ဆိုတဲ့ စကားတွေကို အားပါး တရပြောပါတယ်။ ရိုးသားတဲ့ အောက်ခြေလူတန်းစားတွေဟာ အဲဒီအမတ်ရဲ့စကားကို ဟုတ်မှာပဲဆိုပြီး အားပေးကြတယ်။ အားကိုးတကြီးနဲ့ ထောက်ခံကြတယ်။ ဒါပေမယ့်  ဝေး လံတဲ့ နောက်တစ်မြို့ကို အကူးမှာတော့ တောလမ်းတစ်နေရာမှာ ကွန်မြူနစ်တွေက ကားထဲကဆွဲထုတ်ပြီး ပစ်သတ်တာကို ခံလိုက်ရပါတယ်။

ဒီသတင်းဟာ တောမီးပမာ တစ်တိုင်းပြည်လုံး ပြန့်နှံ့သွားပါတယ်။  အိန္ဒိယမှာ ပါတီပေါင်းမြောက်များစွာ ရဲ့ ပြည်သူအပေါ်လှည့်စားလိမ်ညာနေတာကို မော်စီတုန်းဝါဒ လက်ကိုင်ထားတဲ့ အိန္ဒိယကွန်မြူနစ်လက်နက် ကိုင် အဖွဲ့အစည်းက သဘောမကျပါဘူး။ သူတို့ဟာ ပါကစ္စတန် နယ်စပ်နဲ့ နီးတဲ့တောင်ကြားတွေက နေရာဒေသတွေကို ခြေကုတ်ယူထားကြပါတယ်။ သူတို့ရဲ့ ခွင့်ပြုချက်မရရင် ဘယ်သူမှ  မဲမထည့်ရဲကြပါဘူး။ ဒါပေမယ့် အိန္ဒိယအစိုးရဟာ တစ်တိုင်းပြည်လုံးရဲ့ မဲရုံအရေအတွက်ရှိသမျှ နေရာတွေကို ဝန်ထမ်းတွေအကုန်ခွဲ ဝေပြီးသွားရောက်တာဝန်ထမ်းဆောင် စေဖို့လွှတ်ပါတယ်။ အဲဒီအထဲမှာ အလွန်ပွင့်လင်းပြီး အလွန်တာဝန်သိတတ်တဲ့ 'နယူတန်'ဆိုတဲ့ ဘွဲ့ရလူငယ် တစ်ဦးလည်းပါပါတယ်။

သူ့ကို 'နယူတန်ကူးမား'ဆိုတဲ့ အမည်နဲ့ ဇာတ်နိမ့်မိသားစုမှ မွေးဖွားပါတယ်။ သူဟာ အလုပ်အကိုင်ရတာနဲ့ တစ်ပြိုင်နက် ဖခင်ကိုပင်စင်ယူ ခိုင်းလိုက်ပါတယ်။ မိဘနှစ်ပါးက         အိမ်ထောင်ချပေးတာကို ငြင်းပယ်ခဲ့ပါတယ်။ သူသဘောကျတဲ့ ခေတ်ပညာတတ် မိန်းကလေးကိုရှာယူမယ် ဆိုပြီးတော့ပေါ့။

သူဟာ စာရေးစာချီအဆင့်ရှိတဲ့ အစိုးရဝန်ထမ်းတစ်ဦးဖြစ်ပါတယ်။ သူ့ကို အိန္ဒိယနိုင်ငံတောင်ပိုင်းမှာ ဘုရားကျောင်းတွေ၊ ရေတံခွန်တွေကြောင့် ကျော်ကြားတဲ့ ချာဟတ္ထိပြည် နယ်မှာရှိတဲ့နာဇယ် (မော်စီတုန်းရဲ့ဝါဒကို လက်ခံကျင့်သုံးတဲ့ အိန္ဒိယကွန်မြူနစ်ပါတီ)တို့ ချုပ်ကိုင်ထားတဲ့ မြို့တစ်မြို့မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို ကြီးကြပ်ဖို့ တာဝန်ပေးခံရပါတယ်။

အဲဒီမြို့ကိုရောက်တော့ အဲဒီမြို့ရဲ့ စစ်တပ်အကြီးအကဲနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သူ့ကိုမကြည်ဖြူကြပါဘူး။ အဲဒီတောထဲက မဲရုံရဲ့ ၇၆ ယောက်သော ရွာသားတွေရဲ့ မဲအရေအတွက်အတိုင်း သူတို့နာမည်တွေနဲ့ သူတို့ကိုယ်စား ငါတို့ စစ်တပ်က တပ်ဖွဲ့ဝင်တွေက မဲထည့်လိုက်မယ်၊ အဲဒါယူပြီး မင်းပြန်တော့၊ ဒီနေရာကမငြိမ်းချမ်းမလုံခြုံ၊ မသေချာဘူးကွ'' ဆိုတဲ့ စကားကို ပွင့်လင်းပြီး မမှန်ကန်မှုကို လုံးဝမကြိုက်တဲ့ 'နယူတန်'က လုံးဝလက်မခံပါဘူး။ နောက်တော့ စစ်တပ်အကြီးအကဲဟာ နယူတန်ကို အလျှော့ပေးလိုက်ရပြီး လုံခြုံ ရေးအပြည့်နဲ့ အဲဒီရွာဆီကို သွားကြရ ပါတယ်။ နယူတန်အပါအဝင်အားလုံး ကျည်ကာအင်္ကျီဝတ်ဆင်ကြရပါ တယ်။

ရွေးကောက်ပွဲကျင်းပဖို့ ဘယ်လိုမှမဖြစ်နိုင်တဲ့ အရပ်မှာ 'နယူတန်ကူးမား'ဟာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပပေးနိုင်ဖို့ အတတ်နိုင်ဆုံးကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲနေ့မှာ ဘယ်သူမှ မဲလာမထည့်ကြပါဘူး။ သူနဲ့အတူ ဒေသခံအဖွဲ့ဝင်ကျောင်းဆရာမ Malko က အထူးကူညီပါတယ်။

နောက်ပိုင်းမှာ နိုင်ငံခြားသတင်းထောက်တစ်ဦးရောက်လာတော့ ကျေးရွာသားတွေ မဲထည့်ဖို့ ဖိအားပေးတော့တာပါပဲ။ ရွေးကောက်ပွဲ ရွေးကောက်ပွဲနဲ့၊ အဲဒီရွေးကောက်ပွဲဆိုတာ ဘာလဲလို့ ရွာသူရွာသားတွေ မသိကြဘူးဆိုတာကို နယူတန်က သဘောပေါက်သွားပါတယ်။

ရွေးကောက်ပွဲဆိုတာ ဘယ်လို၊ မဲပေး၊ မဲထည့်တယ်ဆိုတာဘယ်လို၊ အဲဒီအတွက် မိမိတို့ရဲ့ အကျိုးခံစားခွင့်နဲ့ အကျိုးသက်ရောက်မှုက ဘယ်လိုဆိုတာကို နယူတန်က ရွာသားတွေကို ရှင်းပြတဲ့အခါမှာ လုံခြုံရေး တပ်ဖွဲ့ရဲ့ စစ်တပ်အကြီးအကဲက ကြားဝင်ပြီး မဲပေးတယ်ဆိုတာ ကစားတာပဲလို့ ဝင်ပြောလိုက်တာကြောင့် နယူတန်နဲ့ အကြီးအကျယ် အခြေအတင်စကား များကြရပါတယ်။ နိုင်ငံခြားသတင်း ထောက်လည်း အိန္ဒိယရဲ့ ဒီမိုကရေစီစနစ်နဲ့ ပတ်သက်ပြီး သတင်းကောင်း တစ်ပုဒ်ရသွားပါတယ်။

မဲရုံတွေပိတ်တဲ့ တရားဝင်သတ်  မှတ်ချိန်အထိ နယူတန်က စောင့်ပေးပြီး နေထိုင်ပါတယ်။ ဒါပေမယ့် နေလို့ မရအောင် ကွန်မြူနစ်တွေက ဝင်ရောက်တိုက်ခိုက်တာကြောင့် နယူတန်ဟာ မဲတွေရဲ့ အထုပ်ကိုပိုက်ပြီး ထွက်ပြေးရပါတယ်။ တကယ်တော့ရဲတွေက ကွန်မြူနစ်ယောင်ဆောင်ပြီး ဟန်ဆောင်တိုက်ခိုက်တာပါ။

လမ်းမှာ နယူတန်ဟာ တောထဲက ထွက်လာတဲ့ ရွာသားလေးယောက်နဲ့ ဆုံပါတယ်။ သူတို့ဟာ မဲပေးဖို့ အိမ်ကထွက်လာခဲ့တဲ့ သူတွေပါ။ ဒါကို လုံခြုံရေးတပ်ဖွဲ့အကြီးအကဲဟာ ခြိမ်းခြောက်ပြီး အဲဒီလူတွေကို ထွက်သွားစေပါတယ်။ နှောင့်ယှက်ပါတယ်။ နောက်ဆုံးကြံရာမရတဲ့ နယူတန်ဟာ အဲဒီအကြီးအကဲ လက်ထဲက မောင်းပြန်သေနတ်ကို လုယူပြီးအကြီးအကဲကို သေနတ်နဲ့ချိန်ကာ ကျေးရွာသားတွေကို မဲပေးနိုင်အောင် လုပ်ပေးလိုက်ပါတယ်။ သတ်မှတ်တဲ့  တာဝန်ချိန်နောက်ဆုံး နှစ်မိနစ်အထိ လူတွေမဲပေးနိုင်အောင် နယူတန် စောင့်ဆိုင်းပြီး နေခဲ့ပါတယ်။ နောက်တာဝန်ချိန်အပြီးမှာတော့ အကြီးအကဲအပါအဝင် လုံခြုံရေးတပ်ဖွဲ့အားလုံးက နယူတန်ကို ဝိုင်းဝန်းထိုးကြိတ် ကြပါတော့တယ်။ အဲဒီမှာပဲ မဲပေးပွဲပြီးသွားပါတယ်။

နောက် ခြောက်လအကြာမှာ အဲဒီလုံခြုံရေး စစ်တပ်အကြီးအကဲဟာ ဈေးဝယ်စင်တာတစ်ခုမှာ သူ့ဇနီးနဲ့အတူ ပစ္စည်းအကောင်းစားတွေ ဝယ်ယူနေပုံကို ပြသပါတယ်။ နောက်နယူတန်ရှိတဲ့ရုံးကို မဲရုံဒေသခံကျောင်းဆရာမလေး ရောက်လာတာနဲ့ ရုပ်ရှင်ကို အဆုံးသတ်သွားပါတယ်။

ဝင်းကိုမောင်

ဝင်းကိုမောင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.