18-1-2018
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1046
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
မဒမ်ကျူရီ

ဒီဇာတ်ကားက ၂ဝ၁၆ ခုနှစ်၊ စက်တင်ဘာလမှာ ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ၁၉၃၈ ခုနှစ်က စာရေးဆရာမ Eve Curie (မဒမ်ကျူရီရဲ့ သမီးအငယ်)ရေးသားတဲ့ အတ္ထုပ္ပတ္တိကို ဒါရိုက်တာ Marie Noelle က ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဒီအတ္ထုပ္ပတ္တိရဲ့ ခေါင်းစဉ်က မဒမ်ကျူရီ (Madame Curie) ဖြစ်ပါတယ်။ အဲဒီခေါင်းစဉ်နဲ့ပဲ ၁၉၄၃ ခုနှစ်က ဒါရိုက်တာ Mervyn Leroy က နှစ်နာရီကျော်ကြာမြင့်တဲ့ ရုပ်ရှင်ကားတစ်ကားအဖြစ် အင်္ဂလိပ်စကားပြောနဲ့ အမေရိ ကန်နိုင်ငံအတွင်းမှာပဲ ရိုက်ကူးခဲ့ပါတယ်။ မာရီကျူရီရဲ့ အတ္ထုပ္ပတ္တိလို့ နာမည်တပ်ပြီး ရိုက်ကူးထားတာဆိုပေမယ့် ဒီရုပ်ရှင်ကားမှာ မာရီကျူရီရဲ့ အခန်းကဏ္ဍတွေက အလွန်နည်းပါးပါတယ်။

အထူးသဖြင့် ပထမကမ္ဘာစစ်ရဲ့ အနိဋ္ဌာရုံတွေကို ဦးစားပေးထားပြီး မာရီအစ်မဖြစ်သူ ဘရိုနီယာတို့ ဆရာဝန် လင်မယားနှစ်ယောက်ရဲ့ အခန်းကဏ္ဍတွေသာ များပါတယ်။ ဒါပေမယ့် အော်စကာဆုရရှိခဲ့ပါတယ်။

ဒုတိယအကြိမ်ပြန်ရိုက်တဲ့ ဒီဇာတ်ကားကတော့ မိနစ် ၉ဝ သာကြာမြင့်ပေမယ့် မာရီကျူရီရဲ့ ဖြတ်သန်းခဲ့ရတဲ့ တကယ့်ဘဝအားလုံးကို  မင်းသမီး Kerolina Gruszka ကို သရုပ်ဆောင်ခိုင်းပြီး ရိုက်ကူးခဲ့ပါတယ်။ ဇာတ်ကား အစကနေ အဆုံးအထိ ဟာကွက်မရှိ။ ငြီးငွေ့စရာလုံးဝမပါပဲ အလွန်ကောင်းတဲ့ အတ္ထုပ္ပတ္တိ ဇာတ်ကားတစ်ကားအဖြစ်  ကြည့်ခွင့်ရလိုက်ပါတယ်။ ပထမကားလို အော်စကာဆုတော့ မရရှိပါဘူး။ ဒါပေမယ့် နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ဆုတွေတော့ အများကြီးရရှိခဲ့ပါတယ်။ သူ့ရဲ့မူရင်းနိုင်ငံဖြစ်တဲ့ ပိုလန်နိုင်ငံမှာ ရိုက်ကူးခဲ့တာဖြစ်ပြီး ပြင်သစ်ဘာသာစကားပြောနဲ့ အင်္ဂလိပ်စာတန်းထိုးပါတယ်။

သူမရဲ့ နာမည်အပြည့်အစုံက 'မာရီယာတာလို ဒေါ်စကာ'ဖြစ်ပါတယ်။ ၁၈၆၇ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်က ပိုလန်နိုင်ငံ၊ ဝါဆောမြို့မှာ  မွေးဖွားခဲ့ပါတယ်။ မောင်နှမသုံးယောက်မှာ သူကအငယ်ဆုံးပါ။ အဖေနဲ့ အမေနှစ် ယောက်စလုံးက ကျောင်းဆရာတွေ။ ဖခင်ကြီးက သိပံ္ပဘာသာရပ်ကို သင်ကြားသူ။ အဲဒီတုန်းက ပိုလန်နိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေရဲ့ သိမ်းပိုက်ခြင်းကိုခံရတယ်။ နိုင်ငံကို သုံးပိုင်းပိုင်းခြင်းခံရတယ်။ မာရီနေရတာက ရုရှားအုပ် ချုပ်ခြင်းခံနေရတဲ့အပိုင်းမှာ နေထိုင်ကြီးပြင်းရတယ်။ စာသင်ကျောင်းမှာ ပိုလန်ဘာသာစကားမပြောရ။ ပိုလန်သမိုင်းဘာသာစကားစတာတွေမသင်ရ။ ဒါကြောင့် မာရီတို့ဟာ ရုရှားကို အလွန်မုန်းတီးခဲ့ပါတယ်။

မာရီက ကလေးဘဝကတည်းက အံ့သြဖွယ်ကောင်းတဲ့ ဥာဏ်ရည်နဲ့ အလွန်ထက်မြက်တယ်။ လေးနှစ်သမီးလေးအရွယ်မှာ မှန်ဘီရိုထဲမှာ ထည့်ထားတဲ့ ဖခင်ကြီးရဲ့ သိပံ္ပပစ္စည်း ကိရိယာတွေကို မြတ်မြတ်နိုးနိုးနဲ့ မကြာခဏ ငေးမော ကြည့်ရှုနေတတ်တယ်။ ဖခင်ကြီးကကဗျာတွေကို အသံကျယ်ကျယ်နဲ့ ဖတ်ပြ တယ်။ ပထဝီ ဘာသာရပ်တွေ၊ သင်္ချာဘာသာရပ်တွေကို ပိုလန်ဘာသာစကားနဲ့ အိမ်မှာသင်ပေးတယ်။ ဖခင်ကြီးက ဘာသာစကားငါးမျိုးတတ်တယ်။

ဖခင်ကြီး အလုပ်လုပ်နေတဲ့ ရုရှားစာသင်ကျောင်း မီးလောင်လို့ ဖခင်ကြီးမီးဘေးသင့်ကာ ဒဏ်ရာတွေရခဲ့တယ်။ နောက်အဆုတ်ရောဂါနဲ့ မိခင်ကြီးကွယ် လွန်သွားပြန်တယ်။ မာရီက အသက် ၁၅ နှစ်မှာ အထက်တန်းကျောင်း အောင်တယ်။ ပညာအထူးချွန်ဆုံး ရွှေတံဆိပ်ဆုကိုရခဲ့ပါတယ်။ ဖခင်ကြီးကလည်း ကျန်းမာရေးမကောင်း၊ ကောလိပ်ဆက်တက်ဖို့ အတွက်လည်း ငွေမရှိတော့ တောက ဆွေမျိုးသားချင်းတွေနဲ့ သွားနေရတယ်။

ပိုလန်အမျိုးသမီးကြီး 'ဒါဝီဒိုဝါ' ဆိုသူက ဒီပညာပြဿနာကို ဖြေရှင်း ဖို့အတွက် လျှို့ဝှက်တက္ကသိုလ်ဆိုပြီး ဖွင့်တယ်။ ရုရှားဥပဒေကို ချိုးဖောက်ပြီးလုပ်ရတာ။ လူနေအိမ်တွေမှာဖွင့်တာ။ ဝါဆောမှာရှိတဲ့ အထူးချွန်ဆုံးပိုလန် သိပံ္ပပညာရှင်တွေနဲ့ စာရေးဆရာတွေက သင်ကြားရေးအတွက် စေတနာ့ဝန်ထမ်းတာဝန်ယူကြတယ်။ တစ်နေရာပြီးတစ်နေရာ အလျင်အမြန် ပြောင်းရွှေ့ပြီးသင်နေတာကြောင့် ရုရှားရဲတွေအတွက် စုံစမ်းလို့မရနိုင်အောင်ဖြစ်သွား တယ်။ နောက်တော့ ပျံသန်းနေတဲ့ တက္ကသိုလ်ဆိုပြီး သူတို့ ပိုလန်တွေအချင်း ချင်းကြားမှာ နာမည်ကြီးလာတယ်။

မာရီတို့ ညီအစ်မနှစ်ယောက် ပညာကိုအဲသလိုနည်းနဲ့ သင်ကြရတယ်။ သူတို့ညီအစ်မတွေ စိတ်ကူးထဲမှာ အိပ်မက်မက်နေတာက ပြင်သစ်ပြည် ပါရီ မြို့ကြီးပေါ်က အလွန်ကျော်ကြားတဲ့ ဆိုဘွန်းတက္ကသိုလ်ကြီးပဲဖြစ်ပါတယ်။ ညီအစ်မနှစ်ယောက် အစီအစဉ်တစ်ခုဆွဲပြီး ဆုံးဖြတ်ချက်ချလိုက်တယ်။ အဲဒါကတော့ တစ်ယောက်တစ်လဲ ပညာသင်ကြားဖို့ပဲ ဖြစ်ပါတယ်။ အစ်မဖြစ်သူ ဘရိုနီယာပါရီက ဆိုဘွန်းမှာ အရင်သွားတက်တယ်။ မရီက ပိုလန်မှာနေရင်း နှစ်ယောက်စာကျောင်းစရိတ်အတွက် သူများအိမ်မှာကလေးထိန်းလုပ်ရ တယ်။

နောက်ဘရိုနီယာကျောင်းပြီးတော့ ပြင်သစ်မှာပဲ အိမ်ထောင်ပြုလိုက်တယ်။ မာရီက အစ်မဖြစ်သူ အိမ်မှာနေပြီး ကျောင်းတက်ရတယ်။ ပိုလန်ကနေပါရီကို ရထားနဲ့ သုံးရက်ကြာအောင်စီးရတယ်။ ထိုင်ခုံမဝယ်နိုင်လို့ ဖြစ်သ လိုလိုက်ရတယ်။ အစားအစာကို လည်း မငတ်ရုံတမယ် စားလာခဲ့ရတယ်။ ဒါပေမယ့်  မာရီပျော်နေပါတယ်။

သူတက်မယ့် ဆိုဘွန်းတက္ကသိုလ်ကြီးက စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ထားတာမရှိ။ တက် ချင်တဲ့အတန်းကိုတက်ပြီး သင်ကြားခွင့်ရှိတယ်။ မတက်ဘဲလည်းနေလို့ရတယ်။ စာမေးပွဲဖြေတဲ့အခါမှာ လည်း မဖြေချင်ရင် မဖြေဘဲနေလို့ရတယ်။ အကောင်းဆုံးထူးခြားချက်ကတော့ ကျောင်းလခပေးစရာမလိုတာ ပဲဖြစ်ပါတယ်။

အစ်မဖြစ်သူအိမ်ကနေတက်ရတာ ဝေးလွန်းတော့ ဆိုဘွန်းတက္ကသိုလ်နဲ့နီးတဲ့ နေရာမှာငှားပြီး ပြောင်းနေလိုက်တယ်။ တိုက်ခန်းအ ဆောက်အအုံကြီးတစ်ခုရဲ့ အပေါ်ဆုံးထပ်က အခန်းလေးတစ်ခုထဲမှာ မီးဖိုချောင်မရှိ၊ မီးဖိုမရှိ၊ ရေနံဆီမီးခွက် ကလေးနဲ့ ဖြစ်သလို ကြော်လှော်ပြီး စားရတယ်။ ပေါင်မုန့်ကလေး၊ ကြက်ဥကလေး၊ သစ်သီးကလေး စတာတွေနဲ့ မငတ်ရုံပါပဲ။  စာကြည့်တိုက်ထဲမှာ စာကြည့်ရင်း မူးလဲသွားရတဲ့အထိ။ ဒီလိုနဲ့ပဲအားလုံးကိုကျော်ပြီး တစ်တန်းလုံးမှာ ပထမအဆင့်နဲ့ အောင်မြင်ပြီးမြောက်လာခဲ့ပါတယ်။ နောက်ပညာသင်ဆုရတယ်။ နောက် တစ်နှစ်ထပ်တက်ပြီး သင်္ချာဘာသာရပ်ကို သင်ယူခွင့်ရတယ်။

နောက်ပြင်သစ်လူငယ်သိပ္ပံ ပညာရှင်တစ်ယောက်ဖြစ်တဲ့ 'ပီရဲလ်'နဲ့ ခင်မင်ရင်းနှီးသွားတယ်။ နောက် လက်ထပ်လိုက်တယ်။ 'အိုင်းရင်း'ဆို တဲ့  သမီးကလေးမွေးဖွားလာတယ်။

ပီရဲလ်ရဲ့ အကူအညီနဲ့ လင်မယားနှစ်ယောက် ကိုယ်ပိုင်ဓာတ်ခွဲခန်းလေးတစ်ခု တည်ထောင်လိုက်တယ်။ ပထမယူရေနီယမ်ကို စမ်းသပ်တယ်။ နောက်ရွှေနဲ့ကြေးနီအပါအဝင် အခြားသတ္တုတွေကို စမ်းသပ်တယ်။ ယူ ရေနီယမ်က ရောင်ခြည်တွေ ထုတ် လွှင့်ပေးနိုင်တာကို တွေ့ရှိလိုက်ရတယ်။

နောက်ပစ်ခ်ျဘလန်းဒ်ဆိုတဲ့ ကျောက်တုံးအမျိုးအစားတစ်ခုကို စမ်းသပ်လိုက်မိချိန်မှာတော့ ကမ္ဘာက မသိသေးတဲ့ ဒြပ်စင်တစ်ခုကို သူရှာ ဖွေတွေ့ရှိသွားပါတော့တယ်။ အဲဒီသတ္တုအသစ်ကို မိခင်ပိုလန်နိုင်ငံကို ဂုဏ်ပြုတဲ့ အနေနဲ့ 'ပိုလိုနီယမ်' ရယ်လို့ အမည်ပေးလိုက်ပါတယ်။ အဲဒီသတ္တုက ထုတ်လွှင့်တဲ့ရောင်ခြည်တွေကတော့ ''ရေဒီယို သတ္တိကြွခြင်း'' ပါပဲ။

'မာရီ'ဟာ သူ့ရဲ့တွေ့ရှိချက်ကို အစီရင်ခံစာတစ်စောင်ရေးပါတယ်။ မာရီတို့လင်မယားက ပြင်သစ်နိုင်ငံရဲ့ အကယ်ဒမီသိပံ္ပပညာရှင်များ အဖွဲ့ ဝင်မဟုတ်တဲ့အတွက် ဆိုဘွန်းတက္ကသိုလ်မှာ ဆရာအဖြစ်နဲ့ အလုပ်ဝင်လို့မရပါဘူး။ ပီအိတ်ခ်ျဒီဘွဲ့ တွေမရခဲ့တာကြောင့် ထူးချွန်တဲ့ပညာရှင်တွေ မဟုတ်ဘူးလို့ သတ်မှတ်ခြင်းခံရပါတယ်။

ဒီလိုနဲ့နေခဲ့ရာက နောက်တော့တစ်ချိန်က ဆရာလည်းဖြစ်၊ မိတ်ဆွေ လည်းဖြစ်ခဲဖူးတဲ့ 'ဂက်ဘရယ်လ် ကစ်ပ်မန်း'ဆိုတဲ့ ဆရာရဲ့ကူညီမှုနဲ့ ပြင်သစ်ပညာရှင်တို့ရဲ့ အကယ်ဒမီမှာ မီရာရဲ့စာတမ်းကို ဖတ်ကြားခွင့် ရရှိခဲ့ပါတယ်။ အဲဒီနောက် မာရီတို့လင်မယားဟာ ၁၈၉၈ ခုနှစ်မှာ ကမ္ဘာကမသိသေးတဲ့ ဓာတုဗေဒဆိုင်ရာ ဒြပ်စင်အသစ်နှစ်မျိုးကို ရှာဖွေ တွေ့ရှိပြန်ပါတယ်။ အဲဒီမှာ အခြားသိပံ္ပပညာရှင်တွေဟာ သူတို့လင်မယားကိုစတင်ပြီး သတိပြုမိလာကြတယ်။

တစ်နေ့တော့ အမြင့်မားဆုံး ဂုဏ်ပြုဆုအဖြစ် နိုဘယ်လ်ဆုပေးကြောင်း စာတစ်စောင်ကို လက်ခံရရှိ ကြပါတယ်။ ငွေကြေးအရေအတွက် က ဘယ်လောက်၊ ဘယ်ဘုရင်မင်း မြတ်ကပေးမှာစတဲ့ အသေးစိပ်ကို ရေးမထားတဲ့အတွက် ဝမ်းသာပေမယ့် ခရီးဝေးလွန်းလို့ လာမယူနိုင်ကြောင်းပြန်ကြားလိုက်ကြပါတယ်။ အဲဒီမှာ ဆုကို သူတို့လင်မယားနဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးလည်ဖြစ်၊  ဓာတ်ခွဲခန်းအတွက် ငွေကြေးစိုက် ထုတ်ကူညီသူလည်းဖြစ်တဲ့ 'ဘက် ကွာရယ်' ဆိုတဲ့ ပုဂ္ဂိုလ်ကို ကိုယ်စားယူခိုင်းခဲ့ပါတယ်။  ကျေးဇူးတင်စကား ပြောကြားရာမှာ အဲဒီပုဂ္ဂိုလ်က ဒီကိစ္စ နဲ့ ပတ်သက်တဲ့ အားလုံးသောအလုပ် တွေကို သူကပဲ ဆောင်ရွက်ခဲ့သလို ပုံစံမျိုး ဖန်တီးပြီးပြောခဲ့ပါတယ်။

အဲဒီအချိန်ကစပြီး မာရီကျူရီကို 'မဒမ်ကျူရီ'ဆိုပြီး ပြင်သစ်သတင်းစာတွေက ရေးသားခဲ့ကြပါတယ်။ နောက်ဒုတိယမြောက် 'အိဗ်'ဆိုတဲ့ သမီးလေးတစ်ယောက် ထပ်မွေးတယ်။ သမီးလေးမွေးပြီး သိပ်မကြာခင်မှာ ယောက်ျားဖြစ်သူ ပီရဲလ်ဟာ မြင်းရထားလုံးတစ်စီးနဲ့ တိုက်မိပြီး သေဆုံးသွားပါတယ်။ သူမလည်း စိတ်ထိခိုက်ခံစားရလွန်းပြီး အိပ် ရာထဲမှာပဲ နေပါတော့တယ်။

ယောက်ျားသေပြီး ခံစားနေရချိန်မှာ ဆိုဘွန်းတက္ကသိုလ်က စာသင်ကြားပေးဖို့ ဖိတ်ခေါ်ခြင်းခံရပါတယ်။ နောက် ပေါလ်ဆိုတဲ့ သိပံ္ပပညာရှင်  တစ်ဦးလည်းဖြစ်၊ အိမ်ထောင်ရှင်လည်းဖြစ်တဲ့ ပုဂ္ဂိုလ်နဲ့ သံယောဇဉ်တွယ်မိလို့ တစ်လောကလုံးရဲ့ အပုပ်ချတာကို အလူးအလဲခံရရှာပါတယ်။ အဆိုးဆုံးကတော့ သတင်းစာတွေပါပဲ။ သမီးလေးနှစ်ယောက်ကို ဆွေမျိုးတွေဆီမှာ အပ်နှံထားခဲ့ပြီး သူမကတော့ ခြေရာဖျောက်နေခဲ့ပါတယ်။ ဒီလိုနဲ့ လူတွေလည်း တဖြည်းဖြည်း မေ့ပျောက်သွားကြပါတယ်။

နောက်နှစ်တွေအတော်ကြာပြီး ၁၉၁၁ ခုနှစ်ရောက်တော့  ဒုတိယအကြိမ်နိုဘယ်လ်ဆုပေးကြောင်း စာတစ်စောင်ကို လက်ခံရရှိပြန်ပါတယ်။

''ဒီတစ်ခါတော့ မာရီဟာ သူမကိုယ်တိုင် တက်ရောက်ယူခဲ့ပါတယ်။ ဆွီဒင်ဘုရင်မင်းမြတ်နဲ့အတူညစာစား ရပါတယ်။  နောက်တဖြည်းဖြည်းနဲ့ သမီးကလေး အိုင်းရင်းကလည်း အမေ့ခြေရာနင်းပြီး သိပံ္ပပညာရှင် လေးဖြစ်လာပါတယ်။ သားအမိနှစ် ယောက် ပညာရပ်ဆိုင်ရာဘာသာရပ်တွေကို တိုင်ပင်နှီးနှောနိုင်ကြပါပြီ။

၁၉၃၄ ခုနှစ်အရောက်မှာ မာရီဟာ သူကိုင်တွယ်တဲ့ ရေဒီယမ်တွေကြောင့်ပဲ အသက် ၆၁ နှစ်နဲ့ပဲ သေ ဆုံးသွားပါတော့တယ်။ သူမရဲ့အဝတ်အထည်တွေ၊ မှတ်စုတွေ၊ စာအုပ်တွေနဲ့ အသုံးအဆောင်တွေကို ဘယ်သူမှ မထိရဲကြပါဘူး။ အဲဒီပစ္စည်းတွေအားလုံးမှာ ရေဒီယမ် သတ္တိတွေကြွနေလို့ပဲ ဖြစ်ပါတယ်။

သူမရဲ့ ရုပ်အလောင်းကို ယောက်ျားဖြစ်သူ ပီရဲလ်ရဲ့ အုတ်ဂူဘေးမှာလည်းယှဉ်ပြီး မြှုပ်နှံပေးခဲ့ကြပါတယ်။ နောက်သမီးဖြစ်သူ အိုင်ရင်းကလည်း အမေလိုပဲနိုဘယ်လ်ဆုရရှိခဲ့ပြန်ပါတယ်။ ပထမ ကမ္ဘာစစ်မီးကြီးရဲ့ ဒဏ်ကိုလည်း ခံသွားရရှာပါတယ်။

ဝင်းကိုမောင်

ဝင်းကိုမောင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.