2013-5-20
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ဖက်ဒရယ်အကြောင်း တိုင်းရင်းသားပြည်သူများ ပိုမိုနားလည်ရန် ရည်ရွယ်၍ ဖက်ဒရယ်ဂျာနယ် ပြည်တွင်းတွင် ပထမဦးဆုံး စတင်ထုတ်ဝေ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၈၁၄
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
ရဝေနွယ် (အင်းမ)၏ ရဝေနွယ်အသစ်စာအုပ်ထုတ်ဝေ

ဆရာတော် ရဝေနွယ်(အင်းမ) ၏ ရဝေနွယ်အသစ်စာအုပ်ကို New Dayီပေ စာအုပ်တိုက်က ထုတ်ဝေဖြန့်ချိ ပေးလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ အဆိုပါစာအုပ်မှာ ဆောင်းပါး ၁ဝပုဒ် ပါဝင်ပြီး ဆရာတော် အရှင်ဆန္ဒာဓိက နှင့် လွန်းထားထား(ဆေးတက္ကသိုလ်) တို့က အမှာစာရေးသားပေးထားပါတယ်။ ဆရာမလွန်းထားထား (ဆေးတက္ကသိုလ်)ရဲ့ အမှာစာနှင့် ပတ်သက်ပြီး ရဝေနွယ်(အင်းမ) က ''အမျိုးသမီး စာရေးဆရာတစ်ယောက်ရဲ့ အမှာစာကို ဆရာတော်နှစ်ပါးရဲ့ အမှာစာကြားထဲမှာထားပြီး ဖော်ပြတဲ့ အတွက် ဝေဖန်မှုတွေရှိပါတယ်။ အမှာစာရေးသားပေးတဲ့ ဆရာတော် အရှင် ဆန္ဒာဓိကနဲ့ ဆရာမ လွန်းထားထားတို့ရဲ့ အမှာစာကို အရှေ့စာမျက်နှာမှာ နေရာပေးပြီး ဖော်ပြလိုက်တဲ့သဘောပါ။ တခြားဘာရည်ရွယ်ချက်မှ မရှိပါဘူး။ ဆရာမ လွန်းထားထား ဆိုတာကလဲ ဦးပဉ္ဇင်းရဲ့ ဒါယိကာမအရင်းပါပဲ။ သူရဲ့အမှာ စာကလဲ တကယ့်ကို ရိုးရိုးစင်းစင်းလေး ရေးသားထားတာပါ''ဟု ဆရာတော် ကမိန့်ဆိုပါတယ်။ ဆရာမ လွန်းထားထား၏ အမှာစာတွင် ''ဆရာတော် ရဝေနွယ်ဆီက စာအုပ်အသစ်ရဲ့ နာမည်ကလေး ''ရဝေနွယ်အသစ်''ဆိုတဲ့ နာမည်ကလေးကို ကြားကြားချင်းပဲ စိတ်ထဲမှာ အလွန်နှစ်သက်ဘဝင်ခိုက်သွားမိခဲ့ပါ။ လူငယ်စကားနဲ့ ပြောရရင် တကယ့်ကို ဟာ့(တ်)ထိသွားခဲ့တာပါ။ အသစ်ကို နှစ်သက်မြတ်နိုးတတ်သူမို့ ဆရာတော်ရဲ့ ''ရဝေနွယ်အသစ်''က ကျွန်မအတွက် ဆွဲဆောင်မှုရှိလွန်းလှပါတယ်။ အထဲက စာသားတွေကို ဖတ်မိပြီးချိန်မှာတော့ ကျွန်မရင်ထဲမှာ တကယ့်ကို အသည်း ခိုက် နှစ်သက်သွားခဲ့မိတာပါ။ လူတစ်ယောက်အတွက် အသစ် ပြုပြင်တည်ဆောက်ဖို့ နည်းလမ်းတွေကို ဆရာတော်က ရိုးရိုးရှင်းရှင်း နဲ့ လိုက်နာရလဲလွယ်ကူအောင် ညွှန်ပြသွန်သင်ထားခဲ့တာမို့ အသစ်ကြိုက်သူ ကျွန်မအတွက် မကြာခဏ ညစ်ပေဟောင်းနွမ်းသွား တတ်တဲ့ လွန်းထားထားအဟောင်းကို လွန်းထားထားအသစ်ဖြစ်အောင် ဘယ်လိုပြန်ပြီး အသစ်တည်ဆောက်ရမယ်ဆိုတဲ့  ဘဝနေ နည်း တစ်ခုကို ရှင်းရှင်းလင်းလင်း သိခွင့်ရလိုက်ပြန်ပါတယ်။ အဲဒီအတွက် ဆရာတော်ကို ဆထက်ထမ်းပိုး ပိုလို့ကျေးဇူးတင် သဒ္ဓါပွားရပြန်ပါတယ်''လို့ ရေးသား ဖော်ပြထားပါတယ်။ စာအုပ်မှာပါဝင်တဲ့ ဆရာတော် ရဝေနွယ် (အင်းမ)ရဲ့ 'အကုသိုလ်နှင့် ပန်းတိုင်' ဆောင်းပါးမှာ-''ကိုယ့်ဘဝ ကိုယ်စိတ်တိုင်းမကျတဲ့သူကများပါတယ်။ ဒီလိုပါပဲ စိတ်တိုင်းကျခြင်း မကျခြင်းတွေနဲ့ပဲ ဘဝတွေကို ဖြတ်သန်းနေ ကြရတာပါ''လို့ ရေးသားဖော်ပြထားပါတယ်။ စာအုပ်တန်ဖိုးကျပ် ၁၅ဝဝ နဲ့ နေလ စာပေက ဖြန့်ချိပေးထား ပါတယ်။

ကိုညီညီ
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.