2013-5-20
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ဖက်ဒရယ်အကြောင်း တိုင်းရင်းသားပြည်သူများ ပိုမိုနားလည်ရန် ရည်ရွယ်၍ ဖက်ဒရယ်ဂျာနယ် ပြည်တွင်းတွင် ပထမဦးဆုံး စတင်ထုတ်ဝေ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၈၁၄
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
ဒေါ်အောင်ဆန်းစုကြည်၏ ကြားဖြတ်ရွေးကောက်ပွဲ သမိုင်းဝင်ခရီးစဉ်များ

     အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ မြန်မာ့ဒီမိုကရေစီဖော်ဆောင်ရေး၏ လူထုခေါင်းဆောင်၊ ပြည်သူ ချစ်သော ဒေါ်အောင်ဆန်း စုကြည်၏ နိုင်င်ငံရေးသဘောထား အမြင်များ၊ ရပ်တည်ဆောင်ရွက်ချက်များနှင့် မြန်မာ့ နိုင်ငံရေးအပြောင်းအလဲ ဒီမိုကရေစီ  ဖော်ဆောင်ရေးအခင်းအကျင်းများ အပေါ် နိုင်ငံရေးနှင့် နှီးနွယ်ပတ်သက် နေသူများ၏ သဘောထားအမြင် များကို စုစည်းထုတ်ဝေလိုက်ခြင်း ဖြစ်သည်။
    ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ ကာလတွင် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များ၊ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့တွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား သည့် ဒီမိုကရေစီ အဓိပ္ပါယ်ဖွင့်ဆို ချက်များ၊ ဒီမိုကရေစီနှင့် ပတ်သက် ၍ ပြည်သူများဘက်မှ လိုက်နာကျင့်ကြံ သင့်သည်များ၊ နိုင်ငံရေးတွင် အောင် မြင်မှုရရှိရန် ပြည်သူလူထု၏ ယုံကြည် မှုသည် အရေးကြီးပုံ၊ တိုင်းပြည်တိုး တက်ရန်အတွက် ပြည်တွင်းငြိမ်းချမ်း မှုရှိရန်၊ ပြည်သူလူထု အသိပညာ ဗဟုသုတတိုးပွားရန်လိုပုံများ... စသည့် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွား ရေး၊ လူမှုရေး၊ ပညာရေးစသည့် အဘက်ဘက်တွင် တိုးတက်ဖြစ်ထွန်း စေရန် အတွက် ဒေါ်အောင်ဆန်းစု ကြည်၏ စေတနာ၊ ခံယူချက်၊ ယုံကြည် ချက်များကို ဖတ်ရမည်ဖြစ်သည်။
    ကြားဖြတ်ရွေးကောက်ပွဲ ခရီးစဉ် တစ်လျှောက် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည့် သမိုင်းဝင် မိန့်ခွန်း များ၊ ပြည်သူ လူထု၏ တခဲနက် ထောက်ခံကြိုဆိုမှုများကိုလည်း မှတ် တမ်း ဓာတ်ပုံများနှင့်တကွ ဖော်ပြ ထားသည်။
    အစိုးရကောင်း- Good Gover-ment နှင့်ပတ်သက်၍ မြန်မာ့နိုင်ငံရေး ကို စိတ်ဝင်စားသူ ဒေါက်တာ စိုးဝင်း၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေ၊ တိုင်းရင်းသား စည်းလုံးညီ ညွတ်ရေးပါတီမှ ဦးခင်စိုး၊ လူမှုစီးပွား ဖွံ့ဖြိုးရေးပညာရှင် ဒေါက်တာ အောင် ထွန်းသက်၊ သုတေသီပညာရှင် အငြိမ်းစားပါမောက္ခချုပ် စာရေးဆရာ ဒေါက်တာမောင်မောင်စံ (ကြည်မင်း)၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ အထွေထွေအတွင်းရေးမှူး၊ ဦးတင် မောင်အေး၊ ပြည်သူ့ခေတ် အယ်ဒီတာ ချုပ် ဆရာဖေမြင့်တို့၏ သဘောထား အမြင်များ သုံးသပ်ချက်များကိုလည်း Good Gover-ment ဆိုသည်မှာ သတင်းဆောင်းပါးတွင် ဖော်ပြထား သည်။
    ''ပြည်တွင်းငြိမ်းချမ်းရေးရမှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ပါလိမ့်မယ်။ ဒါကြောင့် ပြည်တွင်းမှာရှိတဲ့ အစိုးရ၊ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေ အားလုံး စုစည်းညီညွတ်ဖို့လိုပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့ ရိုးသား မှုက အရေးကြီးဆုံးဖြစ်ပါတယ်'' ဟု ပြောဆိုခဲ့သူ ရှမ်းတိုင်းရင်းသား ခေါင်း ဆောင် ဦးခွန်ထွန်းဦးနှင့် တွေ့ဆုံ၍ မြန်မာ့နိုင်ငံရေး၊ ဒီမိုကရေ စီရေး၊ ပြည်တွင်းငြိမ်းချမ်းရေးတို့အကြောင်း ဆွေး နွေးခဲ့သည်များကိုလည်း ဤစာအုပ် တွင် ဖော်ပြထားသည်။
    သတင်းစာလွတ်လပ်ခွင့်နှင့် ပတ်သက်၍ သတင်းစာဆရာ၊ စာရေး ဆရာ မောင်ဝံသ၊ သတင်းစာဆရာ ရဲနိုင်မိုး၊ စာရေးဆရာ ဒယ်ဒီတာ ဦးတင်ညွှန့်တို့၏ သဘောထားအမြင် များကို တွေ့ဆုံမေးမြန်းဖော်ပြထား သည့် အပြင် သတင်းစာလွတ်လပ်ခွင့်၊ လူတစ်ဦးချင်းစီ၏ ဂုဏ်သိက္ခာတန်ဖိုး၊ နိုင်ငံတကာ စံနှုန်းများနှင့် ပတ်သက် ၍ ဟံသာဝတီ ဦးဝင်းတင်နှင့်တွေ့ဆုံမေးမြန်းထားသည် ကိုလည်း တွေ့ရသည်။
    မြန်မာ့နိုင်ငံရေးတွင် လူငယ်များ ၏ အခန်းကဏ္ဍသည်လည်း အရေး ကြီးရာ နိုင်ငံရေးနှင့်ပတ်သက်၍ လူငယ်များ၏ သဘော ထားအမြင် များကိုလည်း တွေ့ဆုံမေးမြန်းထား သည်။
    ဤစာအုပ်သည် ကြားဖြတ် ရွေးကောက်ပွဲမတိုင်မီ ခရီးစဉ်တစ် လျှောက် ဒေါ်အောင်ဆန်းစုကြည် အား လူတန်းစား အလွှာအသီးသီးမှပြည်သူတစ်ရပ်လုံးကအားပေးထောက်ခံကြည်ညိုလေးစားခဲ့ပုံများကိုမှတ်တမ်းတင်ထားရုံ သာမက မြန်မာ့နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်လာစေရန် အတွက် ဝါရင့်နိုင်ငံရေးသမားကြီး များ၊ ဝါရင့်စီးပွားရေးလူမှုရေး ပညာ ရှင်များ အားတွေ့ ဆုံဆွေးနွေးမေးမြန်း ခဲ့သည်များကိုလည်း စုစည်းထားခြင်း ဖြစ်သည်။ တွေ့ဆုံဆွေးနွေးခန်းများ အပါအဝင် နိုင်ငံရေး သတင်းဆောင်း ပါး ၂၆ပုဒ်ပါဝင်သည်။
    ရှင်းရှင်းစာပေမှ တန်ဖိုး ၂ဝဝဝ ကျပ်ဖြင့် ဖြန့်ချိသည်။

သက်ဝေ
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.