ဘီယွန်းဆေးရဲ့ သားနာမည်နဲ့ကြယ် ကဗျာ
ပူပူနွေးနွေး သားကောင်းမိခင်ဖြစ်လာတဲ့ စူပါစတား ဘီယွန်းဆေးက သူမရဲ့သားအတွက် ကဗျာတစ်ပုဒ် ရေးဖွဲ့ခဲ့ပါတယ်။ အဲဒီအထဲမှာ Blue ဆိုတဲ့စကားလုံး စာသားကို အသားပေးထားပါတယ်။ အဲဒီစကားလုံးဟာ သူ့သားငယ်ရဲ့ နာမည်အပေါ် ဘယ်လောက် သြဇာသက်ရောက်လွှမ်းမိုးပါသလဲ။
ဘီယွန်းဆေးက သူ့သားကို အခြားသောစူပါစတားတွေရဲ့ မွေးစကလေးနာမည်တွေလို ပန်းသီး- Apple ၊ ဝက်ဝံလေး - Bear ahem, Bronx, Inspecktor စတာတွေ ပေါက်ကရမပေးပါဘူး။ သာမန်လူသားဆန်တဲ့ နာမည်ဖြစ်တဲ့ Blue Ivy Carter လို့ ပေးထားတယ်။ အသက် ၃ဝ အရွယ်ရှိ စူပါစတားမိခင်တစ်ဦးရဲ့ သားအပေါ်ထားတဲ့ မေတ္တာ ကဗျာစာသားတွေက ချီးကျူးအံ့သြဖွယ်ပါ။
KN.M