ကားရိုက်များ၊ အိပ်ပျက်များပြီးမေ့မျောသွားတဲ့ လင်ဆေးလိုဟန်
ရုပ်ရှင်ကားရိုက်တာတွေ ဆက်တိုက်များပြီး အိပ်ရေးပျက် တာတွေများခဲ့တဲ့ ဟောလိဝုဒ် စူပါစတား ရုပ်ရှင်မင်းသမီး လင်ဆေးလိုဟန် တစ်ယောက် ရုတ်တရက်မေ့မျောသွားခဲ့ပါသတဲ့။ ဒီမနက်ခင်းမှာ လော့စ်အိန် ဂျယ်လီစ်က ပင်လယ်အနီးက သူမရဲ့ဟိုတယ် မှာဖြစ်ခဲ့တာပါ။ မနက်အိပ်ရာထချိန်မှာ ကျန်းမာရေးဝန်ထမ်းကို အရေး ပေါ်ခေါ်ယူခဲ့ရတယ်။ ဒါပေမယ့် သူတို့ဟာ သူမကို အိပ်ရာ က ကောင်းစွာနိုးထ သတိလည် အောင်မလုပ်နိုင်ကြဘူး။ အဲဒီ တော့ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်ဖို့ ၁၉၉ ကို ဖုန်း ဆက်ခေါ်ရတယ်။ အခင်းဖြစ်ပွားရာ ဟိုတယ်အခန်းကို အထူးကု ဆရာဝန်တွေ ဆေးရုံကားနဲ့ အရေးပေါ်ရောက်လာရာမှာတော့ သူမ ကို လိုအပ်သလိုစစ်ဆေးကြပါတယ်။ နောက်ဆုံးတော့ တကယ်တမ်း သူမ ဘာမှဖြစ်တာမဟုတ်ဘူးလို့ ဆုံးဖြတ် ပြီးနောက်ပြန် သွားကြပါတယ်။ တကယ်တော့ လင်ဆေးဟာ ရုပ်ရှင်တွေမနား တမ်းရိုက်။ တစ်ရေးမှအိပ်မပျော်တာကြောင့် ပင်ပန်း လွန်ပြီး သတိလစ်သွားတာ လို့ဆိုတယ်။ လောလောဆယ်မှာလည်း သူမဟာ မာရီနာဒယ်ရေးအရပ်က ရစ်ဇ်ကာလိဘန်ဟိုတယ်မှာ တည်းခိုနေပါတယ်။
KN.M