မေငြိမ်း(၀တ္ထုတိုများ)
မေငြိမ်း(၀တ္ထုတိုများ)
စာအုပ်အမည်..မေငြိမ်းဝတ္ထုတိုများ
စာရေးသူ..မေငြိမ်း
ထုတ်ဝေသည့်တိုက်..ကံ့ကော်ဝတ်ရည်
စာမူခွင့်ပြုချက်အမှတ်.. ၅ဝ၁၂၄၃ဝ၁၁
မျက်နှာဖုံးခွင့်ပြုချက်အမှတ်..၅ဝဝ၁၄ဝဝ၂၁၂
ဆရာဝင်းငြိမ်း၏ အမှာစကားနှင့်အတူ ဝတ္ထုတိုအသစ်မဖတ်ရတာ ကြာပြီဖြစ်သော ဆရာမမေငြိမ်း၏ ဝတ္ထုတိုအဟောင်းများ စုစည်းမှုအဖြစ် ဝတ္ထု ၁၉ ပုဒ်ကို တစ်စုတစ်စည်း တည်း တွေ့ရသည်။ အများစုမှာ မိသားစုဘဝနှင့် အချစ်ခံစားချက်၊ မိဘနှင့်သားသမီး ချစ်ခြင်းဖွဲ့များနှင့် အတူ ခေတ်ကိုရေဆန်ဖြတ်သန်း ရသည့်ဘဝမျိုးများကို ဖော်ပြထား သည်။
ယခုစာအုပ်တွင် အစောဆုံး လက်ရာအဖြစ် ၁၉၈၇ ခုနှစ်ကရေးခဲ့ သော ဆွဲငင်သိမ်းရစ်ရင်းနှင့်ပင်နှင့် ခရီးသွားဝတ္ထု တို့ကိုတွေ့ရသည်။ ပထမဝတ္ထုမှာ ချစ်သူကပစ်သွား၍ အရွဲ့တိုက်ပြီး သူစိမ်းဖြစ်သောမိမိနှင့် စေ့စပ်ခံခဲ့သောယောက်ျားကို ချစ်သွား မိကာ နောင်သူတို့ ပြန်ပြေလည်သွား၍ စေ့စပ်ထားမှုကို ဖျက်ပေးပါဆိုတော့ အရှက်သိက္ခာကြောင့်ရော အချစ် ကြောင့်ပါ ဖျက်မပေးဘဲ လက်ထပ်ခဲ့ မိသူ မိန်းကလေး၏ ခံစားချက်ကို ရေးဖွဲ့သည်။ တစ်ဘဝတာကာလ အတွင်း ခင်ပွန်းကပထမချစ်သူနှင့် လည်း ဆက်ငြိတွယ်ပတ်သက်နေခဲ့ ပြီး မူးရူးပြန်လာကာ အသိမဲ့စွာ မိမိ ကိုဆက်ဆံ၊ သူ့ချစ်သူအမည်ကိုခေါ်၊ မမူးဘဲပြန်လာလျှင် ကျောခိုင်းအိပ်နေ ခဲ့ရင်း နောင်သူ့ချစ်သူက တခြားသူနှင့် လက်ထပ်ခါနီး အရက်နှင့်စီးကရက် ကြောင့် သူ့ကျန်း မာရေး ယိုယွင်းလာ၊ မိမိမှာ သူ့ရင်သွေးလွယ်ထားရပြီဟု မပြောသာခဲ့ဘဲ နောက်ဆုံးတော့ ဘဝ နိဂုံးချုပ်လုနီး သတိလည် လာချိန်မှ ပြောလိုက်စဉ် မိမိကိုချစ်တယ် ပြောပြီး လောကထဲကထွက်သွားပုံဖြစ်သည်။ ဒုတိယဝတ္ထုမှာ ဘဝကို အဆင် ခြင် မဲ့ဖြတ်သန်းနေထိုင်ခဲ့ပြီး ပျက်ယွင်း ကျဆုံးချိန်မှာ နိဂုံးကိုစောင့်နေရသည့် မိန်းမပျက်တစ်ဦး၏ ဘဝကိုစကား ပြေသက် သက်ဖြင့် ရေးဖွဲ့ထားသည်။ ဇာတ်ကောင်သွယ်သည် ရုန်းကန် ရင်းနစ်ရသူ သို့မဟုတ် ဖျက်ဆီးခံရသူ မဟုတ် ဘဲ ငွေကြေးနှင့် အလှပြည့်စုံ လျက် 'ဘဝကိုအလျားလိုက်ဖြတ်ရန် ဝါသနာရင်းစွဲဖြင့်' ကိုယ့်ကိုယ်ကို ဖျက် သံချေးတက်ခဲ့သူဖြစ်သည်။ ဇာတ် အိမ် နောက်ခံရော ဇာတ်လမ်းပါ အခိုင်အမာမတင်ပြဘဲ ဇာတ်ကောင် စရိုက်အရ ဖြစ်ပျက်ပုံကို အသားပေး ဖော်ပြသည်။ ပင်ကို စရိုက်ပျက် သဘောကို ပတ်ဝန်းကျင်ဆိုးကြောင့် သာ ပျက်စီးရသည်ဟု ယုံကြည်သူ များက ကြိုက်ကောင်း မှကြိုက် မည် ဖြစ်သော် လည်း အများစုလက်ခံဖတ် ရှုမည့် ဝတ္ထုဖြစ်ပြီး ယိုယွင်းပျက်စီး လာပုံစရိုက်ဆိုးကို ယခုထက် ပိုဖော် နိုင်က ပိုပေါ်လွင်မည် ထင်ပါသည်။ 'ချစ်စ'နှင့်'အချစ်နှင့်နေထိုင် ခြင်း'တို့မှာ အချစ်ကိုအက်ဆေး ဆန်ဆန် ဖွဲ့ဆိုခြင်းမျိုးဖြစ်ပြီး 'အိပ်မက်ချည်တိုင်' တွင် မြို့ပြ မွန်းကျပ်မှုတို့ကြား တီဗီမမက်၊ ကား မမက်၊ ကြေးအိုးမမက်၊ ဧည့်ဝတ်ကျေ ဖို့သာမက်သော ငယ်စဉ်က နေဖူးရာ ရှမ်းရွာ ကလေးဆီလွမ်းမိပုံကို ဖွဲ့သည်။ အမေ့အဆုံးအမအောက်တွင် ဗိုင်းကောင်းကျောက်ဖိ နေခဲ့ရင်း ယောက်ျားဆိုရဲရဲ မကြည့်ရဲ ရာက ဝန်းကျင် ရှိ ယောက်ျားနှင့်ပတ်သက် ဖူးရာ မိန်းမတွေကို မလိုမုန်းထားဖြစ် ရင်း မိမိအထက်လူကြီး အိမ်ထောင် ရှင်ယောက်ျား ကို တွယ်ငြိယိုဖိတ် မိနေသော အပျိုကြီးတစ်ဦးကို ပိုးထိုး သစ်သီးဟုဖွဲ့ထားပုံကို ခံစားရပြီး သူ့ လိုပင် အမေ့အဆုံးအမဖြင့် ရည်းစား မထားဖူးခဲ့ရာက တကယ်ချစ်ရသူ တွေ့သည့်တိုင် 'သမီးကို အမေ့ရင်ထဲ ကဆွဲထုတ်မယ့်သူ'ဆိုသည့်အမေ့ စကားကြောင့် ဇွတ်မေ့ပစ်ရသူနှင်းကို တော့ တစ်ပိုင်းတစ်စနှင်း အဖြစ် ပုံဖော်ထားသည်။
ခင်နန်းငယ်၏မေမေနှင့် နောင် တ မျှော်လင့်တို့ကို မိခင်မေတ္တာဖွဲ့တို့ အဖြစ် သီးခြားအသွင်ကွဲစွာတွေ့ရ သည်။ ပထမတစ်ပုဒ်၌ သမီး တစ် ယောက်ကို မိမိဖြစ်ခဲ့ချင်သော ဘဝ အတိုင်း အောင်မြင်ပျော်ရွှင်အောင် အနှစ်နှစ်ဆယ်လုံး နှစ်မြှုပ်ပေးအပ်ခဲ့ သော မိခင် တစ်ဦးအကြောင်းဖြစ်ကာ ဒုတိယတစ်ပုဒ်တွင်တော့ အိမ်ထောင် သက် လေးနှစ်မှာ ကိုယ်ဝန်ပျက်၍ သန္ဓေတားဆေး များ နှစ်နှစ်ခန့် သုံးမိ ပြီးနောက် ဆေးဖြတ်ပြီး နှစ်နှစ်ကြာ တိုင် ကလေးမရသည်ကို ကြေကွဲနေ သော ပန်းချီဆရာမတစ်ဦးကို မြင်ရ သည်။ တူကလေးကို သားလိုချစ်ပြီး ကိုယ်ပိုင်သားတစ်ဦး မရနိုင်သည်ကို သန္ဓေလောင်းပုံပန်းချီဖြင့် စိတ်ဖြေရင်း ယင်းပန်းချီကို မုန်းတီးနေ ပုံဖြစ်သည်။
မောင်ထူးမြတ်ဖတ်ဖို့ ရေးတဲ့စာ မှာလည်း မိခင်တစ်ဦး၏ အခြားအပင် လေးများပျိုးဖို့ မိမိပျိုးပင်ကို အဝေးမှာ ထားရစ် ရသော ကျောင်းဆရာမဘဝ တွင် မိမိပျိုးပင်ကို မိမိမြေပေါ် ပြောင်း စိုက်ရင်း ပျော်ရွှင်မိပေမယ့် မိမိပျိုး သော အပင်ကလေးများက ရှင်သန်ဖွံ့ ဖြိုးနိုင်ခွင့်မသာ၊ မိမိလည်းဖန်တီးနိုင် စွမ်းမရှိဖြင့် ယင်းပန်းရိုင်းမြေမှ ကြေ ကွဲစွာဖြင့် မြို့ပြသို့ ပြန်ထွက်ပြေးလာ ပုံဖြစ်သည်။ သို့သော် အရှုံးပေးထွက် လာခြင်းမဟုတ်၊ ပွင့်လာမည့်ပန်း ကလေးများကို ရွှေစင်အတိ အိုးလေး ပြင်ရင်းစောင့်သည်ဟုဆိုသည်။
လွမ်းစာတွင် တစ်အိမ်တည်းနေ ပြီး တစ်နေ့နှစ်နာရီသာ တွေ့ရသော သားလေးကိုလွမ်းသည့် အမေဆရာမ က သူတစ်နေ့ကို ၁၄ နာရီလုပ်ရသည့် ပညာဈေးသည်ဘဝကို ကြေကွဲထား သည်။ သို့သော် ပိုကြေကွဲစရာအဖြစ် ထို ဆရာမမျိုး၏ ခင်ပွန်း၊ ကိုယ်တိုင် လည်း ဆရာဖြစ်လျက်နှင့် ပညာဈေး ကွက်တွင် သူ့'ဘာသာ'မရှိ၍ ဈေး သည် ဖြစ်ခွင့်မရ၊ လခကလေးမဖြစ် စလောက်ဖြင့် ထမင်းဟင်းချက်ရ၊ သားသမီးကအစလူရာမသွင်း၊ မိန်းမ က လင်အရာမထားဖြင့် ကျောင်း၊ အိမ်၊ ဈေး၊ မီးဖိုချောင်၊ ဘုရားခန်းတို့ တွင် ကိုယ်တိုင်လှည့်လည်နေရာချရင်း ရူးနှမ်းစွာအသက်ရှင်နေရသည့် တက္က သိုလ်ဆရာ (တို့)ကို တစ်နေရာစာတွင် မြင်လိုက်ရသည်။
မမွန်မွန် အိပ်မက်လွင်ပြင်နှင့် သေသွားတဲ့ပန်းပွင့်တို့က ချစ်ကံဆိုး သူတို့အကြောင်းပြောပြသည်။ ပထမ ဝတ္ထုတွင် ငယ်စဉ် ကတည်းက အချစ် မခံခဲ့ရဘဲ ချစ်သူနှင့်ပျော်ရွှင်စွာပေါင်း ရခြင်းကို ကျေနပ်ခိုက် ခင်ပွန်းက အရက်ကျွန် အဖြစ် နှိပ်စက်သည်ကို ခံသည့်အခါ လက်ရှိဘဝကို အိပ်မက် ဖြစ်ချင်သူ၊ ဒုတိယဝတ္ထုတွင် မိမိကို ချစ်တယ်အပြောခံဖို့ တစ်သက် လုံး မျှော်လင့်လာရာက ချစ်သူများကိုလက် လွတ်ခဲ့ရရုံမက မင်္ဂလာဦးညမှာပင် ထိုအခွင့်အရေးကို မရခဲ့ရှာသူတို့ အကြောင်းဖြစ်သည်။
ထွက်ပြေးတဲ့အခါတွင် တစ်ခု လပ်ဟု တံဆိပ်တပ်ခံရသော မိန်းမ တစ်ယောက်၏ အချစ်ကိုမရယူဘဲ ထွက်ပြေးပေမယ့် ထွက်ပြေး ရတာ ကိုပဲ ထွက်ပြေးမရသည့်အဖြစ်နှင့် အလွမ်းသင့်နာတွင် ချစ်သူနှင့် လက်ထပ်သွားပြီးသူ စာရေးဆရာမကို စွဲလမ်းနေဆဲ ကဗျာဆရာ၏ မူးယစ် အသည်းကွဲနေပုံတို့ကို စိတ်ခံစားမှု အသေးစိတ်ပေါ်လွင်အောင် ရေးဖွဲ့ သည်။ ပထမတစ်ပုဒ်တွင် ချစ်သူ၏ လေးနက်မှုကို တွေ့ရသလို ဒုတိယ တစ်ပုဒ်တွင် စာရေးဆရာမက သူ့ကို မကြိုက်နိုင်တာတွေကြောင့် လက်မခံ ခဲ့ပေမယ့် ငြိတွယ်ခဲ့ပုံကို မြင်ရသည်။
မောင့်ပုလဲသွယ်တွင် နှစ်များစွာ ကျိတ်ချစ်ခဲ့သော မိန်းကလေးအချစ် ကို တစ်ဘက်က မသိပုံကို စာဖတ် သူက ဇာတ်ကောင်နှင့် စီးမျောလိုက် ပါပြီးမှသိရသည်။ သူ့တစ်ဖက်သတ် အချစ်နှင့်အတူ သန်းထွန်း၏ ဘာလို လို ခံစားချက်ကိုပါ ခပ်ပါးပါးမြင် လိုက် ရသည်။
ချစ်ခြင်းအချည်တွင် ချစ်သူချင်း စေ့စပ်ပြီးနောက် မတော်တဆ လွန် ကျူးမိကြပြီးချိန် တစ်ဦးကိုတစ်ဦး စိတ်တိုင်းမကျတော့ဘဲ မယုံမကြည်ဖြင့် လက်ထပ်ဖြစ်ပုံ၊ လက်ထပ်ပွဲတွင် မပျော်ပုံတို့ကို အသေးစိတ်ဖွဲ့ဆိုပြီး မင်္ဂလာဦးညတွင် မာနတွေပျော် ကျပြီး ပြေ လည်သွားပုံ နှစ်သက်ဖွယ်ဝတ္ထု တစ်ပုဒ်ဖြစ်သည်။ သို့သော် ဇာတ်ကောင်က သံသယဖြစ်ရပုံမှာ ထိမိလွန်းသဖြင့် စာဖတ်သူ ရင်ထဲစူုးဝင်ပြီး ပြန်ဖြေသည့်တိုင် မပြေနိုင်၊ စိတ်မချနိုင် ဖြစ်ရသည်။
သမုဒယသီချင်းမှာတော့ အိမ် ဖော်အချောလေးဘဝမှာ အိမ်ကြီးရှင်၏ သား မောင်ရုပ်ဆိုး၏ အဓမ္မကြံစည်မှု ဖြင့် မချစ်ဘဲ လက်ထပ်ခဲ့ရာက သမီး မွေးဖွားသောအခါ ကိုယ်ကရုပ်ဆိုး ပေမယ့် သားသမီးလှလှလေးလိုချင် ခဲ့တာဆိုသော မျက်ရည်စက် လက်ဖြင့် လင့်အပြောမှာ အရည်ပျော်သွား ခဲ့ပုံဖြစ်သည်။ ဝတ္ထုဖွဲ့ပုံနှင့် ရသပိုင်းကို ပြောရန်မရှိပါ။ သို့သော် အားနည်း ချက်ကြောင့်ဖြစ်စေ အားသာချက် ကြောင့်ဖြစ်စေ အနိုင်ကျင့်အရယူခဲ့ သူကို ချစ်တတ်သူဟုခံစား လက်ခံဖို့ တော့ အခက်အခဲ ရှိပါသည်။ ယခု တစ်လော ကြားကြားနေရသော I Can forgive, but cannot forget'ခွင့်လွှတ်နိုင်၊ သို့သော်မမေ့နိုင်.. ဆို သည်ကို သတိရနေမိပါသည်။ ဘာပဲ ဖြစ်ဖြစ် မျက်ရည်ခံထိုးဖော်ရသည်ကိုပဲ (တကယ်ချစ်လို့ဟုတွေးပြီး) ကျေးဇူး တင်ရပါမည်။
ဆရာမမေငြိမ်း၏ ဝတ္ထုအများစု တွင် လူ့စိတ်ခံစားမှုကို အသေးစိတ် ဖွဲ့ဆိုသည်မျိုးများတွေ့ရသည်။ ဇာတ် ကောင်ကို စာဖတ်သူနှင့် အနီးဆုံးနေ ရာသို့ ပို့ပေးနိုင်ပါသည်။ စာရေးရာတွင် စကားပြေဟန်များသော်လည်း စကားပြောကို ရဲရဲဝံ့ဝံ့ စွက်ရေးသည်ကို တွေ့ရသည်။ စိတ်ခံစားမှုဖြင့် ဖေါက် ဖေါက်ပြောသည့်ဟန်မျိုး ဖြစ်သည်။
ပညာဈေးသည်များဘဝကို ပီပြင် စွာ ဖော်ပြနိုင်ပုံကိုမြင်ရသည်။ သို့သော် ဖတ်ရင်း သူတို့လိုပင် ခဲခဲယဉ်းယဉ်း ရုန်းကန်ရင်း သားသမီးတို့အတွက် မဖြစ်မနေဝယ်ကြရသည့် ပညာဈေး ဝယ်တို့ကိုပါ လှမ်းမြင်လိုက်မိသည်။ အမှာစာရေးသူ ဆရာဝင်းငြိမ်း က ဆရာမ၏ ဝတ္ထုအဟောင်းများအပြင် အသစ်များလည်း ဖန်တီးနိုင်ဖို့ ကြိုး စားပါဟု တိုက်တွန်းထားသည့် အတိုင်း ကျွန်တော်တို့ စာဖတ်သူများ ကလည်း မျှော်လင့်လိုပါသည်။ အမိမြေပေါ်က ပျိုးခင်းများပေါ်မှာ မျှော်လင့်ချက်ခပ်မှိန်မှိန်ဖြင့် ရှင်သန် နေရသော ပန်းကလေးများအတွက် ပန်းအိုးအသင့်ဖြစ်လိုသော ဆရာမထံ တွင် မျှဝေပေးစရာ အတွေးသစ်များရှိနေမှာ သေချာနေ၍ ဖြစ်ပါ သည်။
ရီနေနိုင်