အိပ်ဆေးတွေသောက်တယ်ဆိုတဲ့ယွန်းဂျင်ဆို ဆေးရုံကဆင်းပြီ
Old Boys ရုပ်ရှင်ထဲက ကိုရီးယားမင်းသမီး ယွန်းဂျင်ဆိုဟာ တုပ်ကွေးပျောက်ဆေးတွေ အလွန်အကျွံသောက်ခဲ့ တာကြောင့် ဆေး ရုံပြေးခဲ့ရာက ပြန်ဆင်းလာပြီလို့ သူမအေးဂျင့်ကပြောပါတယ်။ ကြာသပတေးနေ့က ယွန်းဟာ မေ့မျောသတိလစ်သွား ခဲ့ပြီး ဆေးရုံ ကို ပြေးခဲ့ရတာ။ အရေးပေါ်ခန်းထဲဝင်ခဲ့ရ တယ်။ အိပ်ဆေးတွေ အလွန်အကျွံသောက်ပြီး ကိုယ့်ကိုယ်ကို သေကြောင်းကြံခဲ့ တာဆိုတဲ့ မီဒီယာကောလာဟလတွေအပေါ် သူမရဲ့ အေဂျင်စီကငြင်း ပါတယ်။ ဖြစ်ပုံက ယွန်း ၂၈ နှစ်ဟာ အဲဒီနေ့က ဆိုးလ်မြောက်ပိုင်း အီလ်ဆန်က နေအိမ်မှာ အိပ်ပျော်နေတာကို သူမရဲ့လက်ထောက်အကူတစ်ယောက်က တွေ့ဆိုပဲ။ သူမရဲ့ အိပ်ရာဘေးမှာ လည်း ဆေးတွေထည့်ထားတဲ့ စက္ကူအိတ်တစ် အိတ်နဲ့တဲ့။ အဲဒီတော့ အရေးပေါ်ဆေးရုံကား ခေါ်ရတယ်။
အေဂျင်စီရဲ့အဆိုအရ သူမဟာ လေယာဉ်မူးခဲ့ပြီးနောက် အိပ်မပျော်ဖြစ်နေ တာကြောင့် အအေးမိပျောက်ဆေးတွေ ကို သောက်ခဲ့ တာလို့ ဆိုတယ်။ သူမဟာ မကြာမီက အမေရိကန်ပြည်ထောင်စုမှပြန်လာပြီးနောက် ခရီးပန်းနေတာဖြစ်ပါတယ်တဲ့။
KN-M