2013-5-20
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ဖက်ဒရယ်အကြောင်း တိုင်းရင်းသားပြည်သူများ ပိုမိုနားလည်ရန် ရည်ရွယ်၍ ဖက်ဒရယ်ဂျာနယ် ပြည်တွင်းတွင် ပထမဦးဆုံး စတင်ထုတ်ဝေ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၈၁၄
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
ကွာရှင်းခွင့်တင်ပြီးနောက် လက်ထပ်လက်စွပ်မပါဘဲအပြင်ထွက်နေတဲ့ ကေတီဟုမ်း

တွမ်ခရုနဲ့ကွာရှင်းဖို့ ရုံးတော်မှာ တင်ပြလိုက်ပြီးနောက် ကေတီဟုမ်းဟာ ရဲရဲဝံ့ဝံ့မျက်နှာနဲ့ အပြင်ထွက်လှုပ်ရှား သွားလာ နေတဲ့အပြင် လက်ထပ်လက်စွပ်ကိုပင် ဝတ်ဆင်ထားခြင်းမရှိ တော့တာတွေ့ရတယ်။ မကြာမီပြမယ့် Project Runway  အတွက် အလုပ်တွေ ပုံမှန် ထွက်လုပ်နေရာမှာ Big Apple  ရှိ တိုက်ခန်းသို့ ပြန်အလာမှာ သတင်းထောက်တွေက တွေ့ရှိတာပါ။ မင်းသမီးက ရှေးရိုး ကွန်ဆာဗေးတစ်ဒီဇိုင်းဝတ်ထားပေမယ့် နေဗီဘလူးအရောင်နဲ့ စမတ်ကျနေပါတယ်။ ခွာမြင့်ဖိနပ်နဲ့ လက်ဝတ်ရတနာ အပြည့်အစုံနဲ့။ ဒါပေမယ့် သူမရဲ့လက်ထပ် ရွှေလက်စွပ်ကတော့ မတွေ့ရတော့ပါဘူး။ တကယ်တော့ တွမ်နဲ့ ကေတီတို့ရဲ့ ငါးနှစ်သက်တမ်း အိမ်ထောင်ရေးဟာ အခုလို ကွာရှင်းခွင့်ရုံးမတင်မီ ခြောက်လအလို ကတည်းက ပြိုကွဲခဲ့ပြီလို့ သိရတယ်။ သူမက ကယ်လီဖိုးနီးယား ထက် နယူးယောက်ရုံးတော်မှာ တင်ပြခဲ့တာပါ။ အကြောင်းကတော့ သူတို့စုံတွဲဟာ နယူးယောက်မှာ နှစ်နှစ်ခန့်ကြာ အခြေစိုက်နေ ထိုင်ခဲ့ကြဖူးလို့ပါတဲ့။ ကေတီက သူတို့နှစ်ဦးရဲ့ ရင်သွေးသမီး လေး ဆူရီ ခြောက်နှစ်သမီးကို တရားဥပဒေကြောင်းအရ ပိုင်ဆိုင်ထိန်း သိမ်းခွင့်ရရှိလိုနေပြီး သူမရရှိဖို့ ရာခိုင်နှုန်းများတယ်လို့ ယူဆထားပါတယ်။ ဒါပေမယ့် အဲဒီလိုအခွင့်အရေးရဖို့အတွက် နယူးယောက် ပြည်နယ်ဥပဒေအရဆိုရင် သူမဟာ နယူးယောက်မှာ ကြည်ရှည်နေထိုင်ခဲ့သူ သို့မဟုတ် နယူးယောက်မြို့သူမြို့သား   ဖြစ်ရပါမယ်။ သူမအနေနဲ့ နယူး ယောက်မှာနေထိုင်ခဲ့ဖူးကြောင်း သက်သေပြရဖို့ရှိနေတယ်။

KN-M
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.