ပြသဆဲနှင့် ရုံတင်မည့်နိုင်ငံခြား ရုပ်ရှင်မိတ်ဆက်
သရုပ်ဆောင် Andrew Garifield, Emma Stone
ဇာတ်ညွှန်း James Vanderbit, Alvin Sargent,Steve Kloves
ဒါရိုက်တာ Marc Webb
အမျိုးအစား Action
ကြာမြင့်ချိန် 136 mins
ဖြန့်ချိ Columbia
လူငယ်လေး ပီတာပတ်ကားနှင့် သူ့ဖခင် သိပံ္ပပညာရှင် ရစ်ချတ်တို့၏ စာကြည့်ခန်းထဲသို့ တစ်စုံတစ်ယောက် က ဖောက်ထွင်း ဝင်ရောက်ခဲ့ကြောင်း တွေ့ရှိရသည်။ ရစ်ချတ်က သူ၏ အရေးကြီး စာရွက်စာတမ်းများကို စု စည်းကာ ပီတာ့ကို သူ့ဦးလေးနှင့် အဒေါ်ဖြစ်သော ဘင်နှင့် မေတို့၏ အိမ်သို့ပို့ပြီး ဇနီးသည်နှင့်အတူ ခြေရာ ဖျောက်သွားခဲ့သည်။ နှစ်များစွာကြာ သည့်အခါ ပီတာ သည် နေအိမ်၌ သူ့ဖခင်၏မှတ်တမ်းများကိုရှာတွေ့ရာမှ သူ့ဖခင်မှာ အော့(စ်)ကိုး Os Corp ကုမ္ပဏီမှ သိပံ္ပပညာရှင် ဒေါက်တာ ကွန်းနား(စ်)၏ လုပ်ဖော်ကိုင်ဖက် ဖြစ်ကြောင်း သိသွားသည်။
ဖခင်ကြီး၏ မှတ်တမ်းများကို လေ့လာပြီးနောက် ပီတာက လက် တစ်ဖက်ပြတ်နေသော ကွန်းနား(စ်) အား နေအိမ်၌ သွားတွေ့ခဲ့ပြီး ကိုယ် လက်အင်္ဂါများ အသစ်တစ်ဖန် အလို အလျောက်ပြန်ပေါက်ခြင်းဆိုင်ရာ ကွန်းနား(စ်)၏ သိပံ္ပစမ်းသပ်မှု များကို ပေးလိုက်သည်။ အသက်ငင်နေသော အော့(စ်)ကိုးကုမ္ပဏီ ဥက္ကဋ္ဌကြီး နော်မင်အော့(စ်)ဘွန်းအတွက် အသက် ကယ်ဆေး သစ်ဖော်စပ်ပေးရန် ကွန်း နား(စ်)အား သူ့အထက်အရာရှိ ဒေါက်တာရသက ဖိအားပေးလျက် ရှိသည်။
တစ်ည၌ ပီတာက ကွန်းနား(စ်) ၏ ဓာတ်ခွဲခန်းသို့သွားပြီး အစမ်းသပ်ခံ ကြွက်တစ်ကောင်ကို စမ်းသပ်ရာ ကိုယ်လက်အင်္ဂါနှင့် အသစ်ပြန်ပေါက် ပုံကို တွေ့ရသဖြင့် သူ၏ဖော်နည်း အောင်မြင်မှန်းသိသွားသည်။ ဘင်က လိုက်ရှာစဉ် ဓားပြတစ်ဦးနှင့်ပက်ပင်း တိုး၍ သေနတ်လုရင်း ဘင် ကျည် ဆန်ထိပြီး သေဆုံးသွားသည်။ ပီတာ က ရဲစခန်းမှ လူဆိုးမျက်နှာပုံကြမ်း ကို မှီငြမ်းကာ သူ၏ စွမ်းဆောင်ရည် အသစ်များသုံး၍ လူသတ်ကောင်လို အသားကပ်ဝတ်စုံနှင့် မျက်နှာဖုံးတို့ ဝတ်ဆင်ပြီး ရာဇဝတ်ကောင်များ ကို နှိမ်နင်းနိုင်ခဲ့သည့်အတွက် ပီတာမှာ လူစွမ်းကောင်းပင့်ကူလူသားအဖြစ် လူသိများလာရသည်။
စစ်ပြန်စစ်မှုထမ်းဟောင်းများ အုပ်ချုပ်ရေးအဖွဲ့၏ ဆေးရုံရှိလူနာများ အား တုပ်ကွေးကာကွယ်ဆေးထိုးပေး မည်ဟု လိမ်ပြောကာ ၄င်း၏ဆေးကို စမ်းမည်ဟု ပြောသည်။ ကွန်းနား(စ်) က သူဖော်သောဆေးကို ကိုယ်တိုင် ထိုးလိုက်ရာ သတိလစ်သွားပြီး သတိ ရရချင်း သူ၏ပြတ်နေသောလက်တစ် ဖက်မှာ အသစ်ပြန်ပေါက်နေကာ သူ့အရေပြားမှာ အစိမ်းရောင်ကြေးခွံများ အဖြစ် ပြောင်းလဲ သွားသည်။
တံတားကြီးပေါ်၌ အလွန်သန် စွမ်းသည့် လူတစ်ပိုင်း ပုတ်သင်ညို တစ်ပိုင်းအသွင်ပြောင်းကာ ရသ၏ ကား အပါ အဝင် မော်တော်ကားများကို တံတားအောက်သို့ လွှင့်ပစ်နေသည်။ ပင့်ကူလူသား(ခ)ပီတာပတ်ကားက သူ့လက်ကောက် ဝတ်ပေါ်ရှိ စက်ကိရိယာများမှ ပင့်ကူမျှင်ကဲ့သို့ ဇီဝကေ ဘယ်ကြိုးများပစ်လွှတ်ကာ မော်တော် ကားများရေထဲမကျအောင် ဖမ်းဆယ် လိုက် သည်။ ရဲအုပ်ကြီးဂျော့နှင့် ပုတ် သင်ညိုလူသားတို့က ပင့်ကူလူသားမှာ ပီတာဖြစ်ကြောင်း သိရှိပြီးနောက် ပုတ်သင်ညိုက ပီတာ တို့ကျောင်းသို့ သွား၍တိုက်ခိုက်သည်။ အော့(စ်)ကိုး တိုက်ထိပ်မှ ဓာတုဗေဒတိမ်တိုက်ကြီး ဖန်တီးထုတ်လွှတ်ကာ လူသားအား လုံးကို ပုတ်သင်ညိုလူသားများဘဝ ပြောင်းပေးဖို့ ကြံစည်ထားသည်။
ပုတ်သင်ညိုနဲ့လူသား တိုက်ပွဲ တွင် ပုတ်သင်ညိုလူသားက ရဲအုပ် ကြီး ဂျော့ကို လက်သည်းနှင့် ကုတ် လိုက်ရာ ၄င်းဒဏ်ရာကြောင့် မသေ ဆုံး မီ ဂွင်း(န်)ဘေးကင်း လုံခြုံစေဖို့ သူမနှင့်ဝေးဝေးနေဖို့ ကတိတောင်းဆို သဖြင့် ပီတာ ကခေါင်းညိတ် လိုက်ရသည်။
သူသံယောဇဉ်ရှိသော ဂွင်း(န်) နှင့် ဆက်လက်တွေ့ဆုံဦးမှာလား၊ မတွေ့ဆုံရတော့ဘူးလားဆိုတာ ငွေရောင်ပိတ်ကားပေါ်မှာ 3 D မျက်မှန်လေး တပ်ပြီး ကြည့်လိုက်ပါ တော့။
မြို့တော်ထွန်းရည်