တစ်နေရာစာ ဖိုးဒီ
ဖိုးဒီလို့ခေါ်တဲ့ မြင်းခြံသား ဂီတသမားလေးကလည်း သူ့ရဲ့တစ်ကိုယ် တော် တေးအယ်လ်ဘမ်အတွက် စာနယ်ဇင်းမိတ်ဆက်ပွဲကို ၄.၇.၂ဝ၁၂ ရက်နေ့က စီးတီးစတားဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ ဟိန်းလေးနဲ့ ဖိုးဒီ ကိုယ်တိုင်ရေးဖွဲ့တဲ့ သီချင်းတွေကို Big Brother Band နဲ့ တီးခတ်သီဆိုထား ကြောင်း၊ Audio CD ကို ထင်းရူးရိပ်တေးသံသွင်းမှ ဖြန့်ချိမည်ဖြစ်ကြောင်း၊ ဗီစီဒီကို ပွင့်လင်းရာသီတွင် ထွက်ရှိနိုင်ရန် ကြိုးစားနေကြောင်း၊ အယ်လ်ဘမ်ကို တစ်နေရာစာဟု အမည်ပေးထားကြောင်း စာနယ်ဇင်းများကို ရှင်းလင်းပြော ကြားခဲ့ပါတယ်။ တီးဝိုင်းမှ ဂစ်တာအောင်လင်း၊ လင်းစတူဒီယိုမှ ကိုမျိုးတို့က လည်း ဖိုးဒီအတွက် စာနယ်ဇင်းများကို မိတ်ဆက်ရှင်း လင်း ပြောကြားပေးခဲ့ ကြပါတယ်။ မိတ်ဆက်ပွဲမှာ စာနယ်ဇင်းများနဲ့အတူ ဖိုးဒီကိုခင်တဲ့ လူငယ်ဂီတ သမား အများအပြား လာရောက် အားပေးကြတယ်လို့ သိရှိရပါတယ်။
အာရုဏ်ဦး