Street Dance-2 ကားသစ် ရုံတင်
ဒါရိုက်တာ Max Giwa, Dania Pasquini ရိုက်ကူးပြီး Falk Hert-schel, Sofia Boutella, George Sampson, Tom Conti တို့ ပါဝင် သရုပ်ဆောင်ထားသည့် Street Dance 2 ပြသနေပြီဖြစ်သည်။
Street Dancer ဖြစ်သူ Ash သည် မရှုံးနိုင်သည့် အဖွဲ့ဟု တင်စား ခေါ်ဝေါ်သည့် Crew Invincible အက အဖွဲ့နှင့် တွေ့ဆုံပြီး မရှုမလှရှုံးနိမ့်ခဲ့ သည့် ခံစားမှုမှ ပြန်လည်အဖတ်ဆည် နိုင်ရန် ကမ္ဘာအရပ်ရပ်မှ အတော်ဆုံး အကသမားများကို ဖိတ်ခေါ်စုစည်း ပြီး ပြန်လည်ရင်ဆိုင်အကပြိုင်ပွဲ ဆင်နွှဲခဲ့ပုံ ကို ဇာတ်အိမ်တည်ရိုက်ကူးထားသော ဇာတ်လမ်းဖြစ်သည်။ Drama, Music, Romance အမျိုးအစား နှစ်သက်သူများ အကြိုက်တွေ့စေမည့် တေးဂီတ သရုပ်ဖော်ဇာတ်ကားဖြစ် သည်။ Vertigo Films က ဖြန့်ချိပြီး ပြသချိန် ၈၅ မိနစ် ကြာမြင့်သည်။
မြို့တော်ထွန်းရည်
မြို့တော်ထွန်းရည်