2013-5-20
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ဖက်ဒရယ်အကြောင်း တိုင်းရင်းသားပြည်သူများ ပိုမိုနားလည်ရန် ရည်ရွယ်၍ ဖက်ဒရယ်ဂျာနယ် ပြည်တွင်းတွင် ပထမဦးဆုံး စတင်ထုတ်ဝေ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၈၁၄
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
ပြသဆဲနှင့်ရုံတင်မည့်နိုင်ငံခြားရုပ်ရှင်မိတ်ဆက်

သရုပ်ဆောင်    Noomi Rapace,Michael Fassbender
ဇာတ်ညွှန်း      John Spaihts & Damon Lindelofs
ဒါရိုက်တာ       Ridley Scott
အမျိုးအစား    sci-fi/horror
ကြာမြင့်ချိန်    124 mins
ဖြန့်ချိ        20th Century Fox

ကမ္ဘာမြေပေါ်သို့ အာကာသ ယာဉ်တစ်စီးရောက်ရှိလာပြီး ဂြိုဟ် သားတစ်ကောင်က အနက်ရောင် အရည်တစ်မျိုး ကိုသောက်လိုက်ရာ ကမ္ဘာမြေပေါ်၌ ¤င်း၏မျိုးဗီဇီဗြ ကို မျိုးစေ့ချပေးသလိုဖြစ်သွား သည်။ ခရစ်နှစ် အေဒီ ၂ဝ၈၉ ခုနှစ် တွင် ရှေးဟောင်းသမိုင်းသုတေသီ စုံတွဲဖြစ်သော အဲလီဇဘက်နှင့် ချာလီ တို့ တူးဖော်ရေးစခန်းတစ်ခု၌ အဆက် အစပ်မ ရှိသော ရှေးဟောင်းယဉ်ကျေးမှု အဖွဲ့အစည်းများအတွင်းမှ ကြယ်တာ ရာမြေပုံတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ သည်။ ဝေလင်(ဒ်)ကော် ပိုရေးရှင်းပိုင်ရှင် သူဌေးကြီးဝေလင်(ဒ်)အား အလွန် အလှမ်းဝေးသော လတစ်စင်းဖြစ်သည့် LV-223 သို့ ယင်းမြေပုံအတိုင်း သိပံ္ပ သုတေသနအာကာသယာဉ် ပရွမ်မက် သီးယပ်(စ်)ဖြင့် သွားရောက်ဖို့ ဒကာခံ ခိုင်းရာ အောင်မြင်မှုရရှိသွားသည်။ ပရွမ်မက်သီးယပ်(စ်)ယာဉ်ကြီး LV-223 လပေါ်ရောက်ပြီးနောက် ¤င်းတို့ နှင့် အာကာသယာဉ်ဆင်းသက်သည့် နေရာအနီးရှိ အဆောက်အအုံကြီး တစ်ခုအတွင်း အဲလီဇဘက်တို့ဝင် ရောက်ရှာဖွေရာ လူသားနှင့်ဂြိုဟ်သား မျိုးစပ် ဦးခေါင်းပုံ ရုပ်တုကြီး တစ်ခု၊ ကျောက်ဆလင်ဒါအများအပြားနှင့် အင်ဂျင်နီယာတစ်ဦးဟု ယူဆရသော ဧရာမဂြိုဟ်သားရုပ်ြ<ွကင်းတို့တွေ့ကြရ သည်။
    ပရွမ်မက်သီးယပ်(စ်) ယာဉ်ပေါ် မှ စက်ရုပ်ဒေးဗစ်က ကျောက်ဆလင် ဒါတစ်ခုကို လျှို့ဝှက်စွာယူသွားပြီး နောက် ကျန်ဆလင်ဒါ များမှ အနက် ရောင် အရည်များ ယိုစိမ့်စပြုသည်။ အင်ဂျင်နီယာ ရုပ်ြ<ွကင်း၏ ဒီအင်အေ မှာ လူသားဒီအင်အေနှင့် ဆင်တူဖြစ်ကြောင်း သုတေသီများ စစ်ဆေးတွေ့ ရှိရစဉ် ဒေးဗစ်က ဆလင်ဒါကို စစ် ဆေးလေ့လာရာ အနက်ရောင် အရည် ကို တွေ့ရှိသည်။ ဒေးဗစ်က ချာလီ အား ယင်းအရည် ကူးစက်အောင် တမင်လုပ်ပြီးနောက် ချာလီနှင့် အဲလီ ဇဘက်တို့ ကာမ ဆက်ဆံကြသည်။
    ဖိုင်ဖီးလ်နှင့်မီးလ်ဘန်းတို့မှာြေ>ွမသဏ္ဌာန်သတ္တဝါကောင်များ၏ တိုက်ခိုက်ခြင်းခံရပြီး မီ(လ်)ဘန်းသေ ဆုံး၍ ဖိုင်ဖီးလ် ၏ဦးထုပ်မှာ သတ္တဝါ တစ်ကောင်ထံမှ အက်ဆစ်လိုစား သော အရည်ကြောင့် အရည်ပျော်ပြီး ¤င်းခန္ဓာကိုယ်မှာ အနက်ရောင်အရည် ထိသွားသည်။ အဲလီဇဘက်တို့အဖွဲ့က မီးလ်ဘန်း၏အလောင်းကို တွေ့ကြ သည်။ ချာလီမှာ ရောဂါပိုးကူးစက် သည့်ဒဏ်ကြောင့် ယာဉ်ပေါ်သို့ပြန် သွားရသည်။ သို့သော် မယ်ရီဒစ်မာ လက်မခံဘဲ ချာလီ၏ ဆန္ဒအရ ¤င်း ခန္ဓာကိုယ်ကို မီးရှို့၍စတေးခံစေ သည်။ အဲလီဇဘက်မှာ အမြုံဖြစ်သော် လည်း ဂြိုဟ်သားလောင်း သန္ဓေသား ကိုယ်ဝန်ရှိကြောင်း စစ်ဆေးတွေ့ရှိရ သဖြင့် ထိုသန္ဓေသားကို ဗိုက်ထဲမှ ခွဲထုတ်သည်။ ယာဉ်ပေါ်ပုန်း၍ လိုက် ပါလာသော သူဌေးကြီးဝေလင်(ဒ်)ကို အဲလီဇဘက်တို့ တွေ့ရှိသောအခါ မိမိဇရာကြောင့် မသေဆုံးရအောင် အင်ဂျင် နီယာများအား အကူအညီ တောင်းဖို့ ရည်ရွယ်ပြီး လိုက်ပါခဲ့ခြင်း ဖြစ်ကြောင်း ¤င်းကဖွင့်ပြောသည်။ အနက်ရောင်အရည်ကို ထိန်းချုပ်နိုင် စွမ်းကင်းမဲ့ခဲ့ခြင်းဖြစ်မည်ဟု ယူဆ သည်။ အင်ဂျင် နီယာရုပ်ကလာပ်ကို အသက်ပြန်သွင်းရာ ¤င်းမှာအင်ဂျင်နီ ယာတို့၏ အာကာသယာဉ်မှူးဖြစ် ကြောင်းသိရသည်။ ထိုယာဉ်မှူးက ဒေးဗစ်ကိုခေါင်းဖြတ် ပြီး ဝေလင်(ဒ်) နှင့်အခြားသူများကို သတ်ပစ်လိုက် သည်။ အနက်ရောင် အရည်ကို ကမ္ဘာမြေပေါ်သို့ ပို့ပေးလိမ့် မည်ဟု ဒေးဗစ်ကပြောရာ အဲလီဇဘက်က ဂျန်နက်အား အင်ဂျင်နီယာတို့၏ အာကာသယာဉ်ကို ပရွမ်မက်သီးယပ် (စ်)ယာဉ်ဖြင့်  ဝင်တိုက်ရာ ပျက်ကျ သွားသော အင်ဂျင်နီယာ ယာဉ်ကြီးနှင့် ထွက်ပြေးသွားသော မယ်ရီဒစ်၏ အသက်ကယ်ယာဉ်ပေါ် ပါလာသည့် ဂြိုဟ်သားလောင်းမှာ လျင်မြန်စွာပင် ဧရာမအရွယ်အစားဖြစ်လာသည်။ အင်ဂျင်နီယာမှာ ယာဉ်ပျက်ကျရာ၌ မသေဘဲ အဲလီဇဘက်ကို တိုက်ခိုက် စဉ် သူမက ဂြိုဟ်သားကို လွှတ်ပေး လိုက်သဖြင့် ဂြိုဟ်သားက လက်တံ တစ်ချောင်း ¤င်းလည်မျိုထဲ ထိုးသွင်း ပြီး နှိမ်နင်းလိုက်သည်။ ဂြိုဟ်သားနဲ့ လူသားတို့ ဘယ်လိုဆက်ပြီး စခန်း သွားကြမယ်ဆိုတာ ပိတ်ကားပေါ်မှာ ရင်တမမကြည့်ရှုကြပါလို့ပဲဆိုပါရစေ။

မြို့တော်ထွန်းရည်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.