ဂန်နမ်စတိုင် Psy ရဲ့ ကြော်ငြာသစ်လာပြီ
ဂန်နမ်စတိုင် Psy ရဲ့ Wonderful Pistachios အတွက် ကြော်ငြာကို Super Bowl2013 ပွဲ တော်ကာလမှာ ထုတ်ဖော်လိုက်ပါ တယ်။ Super Bowl အတွင်းမှာ ကြော်ငြာကို ထုတ်လွှင့်ခြင်းဖြင့် Psy က သူ့ရဲ့ အောင်မြင်တဲ့ အမေရိကန်ပရို မိုးရှင်းအစီအစဉ်ကို ခရီး ဆက်ခဲ့ တယ်။ Super Bowl ဆိုတာက အမေရိကန် ဖွတ်ဘော ချန်ပီယံ ရှစ် ပြိုင်ပွဲပါ။ အဲဒီပွဲတော်ဟာ ကမ္ဘာမှာ လူကြည့် အများဆုံး အစီအစဉ်တစ်ခုပါ။ အဲဒီပွဲတော် မှာ အဓိက ကမ္ဘာသိကြော်ငြာ ကြီးအချို့ကို စတင်လေ့ရှိတယ်။ ပွဲ ပထမပိုင်းမှာ Psy ရဲ့ Wonderful Pistachios အတွက် ကြော်ငြာဝင်ပါတယ်။ ကမ္ဘာတစ်လွှား သူ့ပရိသတ်အတွက်ပါ။ Psy က အဝါရောင် Pistachios ဝတ်စုံ ဝတ်ပြီး ကြော်ငြာတာပါ။ ဂန်နမ်စတိုင် တေးဂီတကို နောက်ခံထားပါတယ်။ နိဂုံး ပိုင်းမှာ Psy က Pistachio မြင်းကြီးစီးပြီးဝင် ဆဲနေလုံးကြီးထဲကို ဝင်ရောက်သွား ပါတယ်။
KN-M