စူပါဂျူနီယာမှ ကျူဟွန်းရဲ့ မွေးနေ့ကိတ်
စူပါဂျူနီယာအဖွဲ့ဝင် ကျူဟွန်း ဟာ အံ့ဖွယ်သူရဲ မွေးနေ့ကိတ်ကြီးနဲ့ ထွက်ပေါ်လာတယ်။ ကိုရီးယားရဲ့ နာမည် ကြီး ဂီတအဖွဲ့မှ အဖွဲ့ဝင် ကျူဟွန်းရဲ့ မွေး နေ့ပွဲကို လတ်တလောမှာ ကျင်းပခဲ့တာ ပါ။ သူ့ရဲ့ အံ့ဖွယ်သူရဲ မွေးနေ့ကိတ်မုန့် ကြီးနဲ့ အတူတွဲပြီး ရိုက်ထားတဲ့ ဓာတ်ပုံကို ဖော်ပြထားပါတယ်။''ကျွန်တော့်ရဲ့ မွေးနေ့ပွဲညမှာ အဲဒီဓာတ်ပုံကို ချက်ချင်းအင်တာနက်မှာ တင်ပြဖို့ မေ့လျော့သွားတယ်'' လို့ သူ့ရဲ့ အင်တာနက် လူမှုကွန်ရက်စာမျက်နှာ တွစ်တာမှာ ရေးသားဖော်ပြထားတယ်။ ရောင်စုံမွေးနေ့ကိတ်မုန့်ကြီးရဲ့အပေါ်မှာ စာတန်းရေး ထိုးထားပါတယ်။ ''၂၆ နှစ် မြောက် ကျူရဲ့နေ့၊ ပျော်စရာ မွေးနေ့ကျူဟွန်း'' လို့ ရေးထား တယ်။
KN-M