ဆောက်လုပ်ဆဲ ဘုန်းတော်ကြီးသင် နဂါးကိုးကောင် စာသင်ကျောင်းသို့ လှူဒါန်းနိုင်
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ် မန္တလေး-ပြင်ဦးလွင် ကားလမ်းမကြီးနံဘေးရှိ အစ်မတော်စောမွန်လှ၏ မြတဘက် နဂါးကိုးကောင်ဘုရား၊ စောမွန်လှ ပေါ်တော်မူ ဘုန်းတော်ကြီးသင် စေတနာပရဟိတ ပညာသင်ရေး ကျောင်းမှာ လွန်ခဲ့သော ရှစ်နှစ်ခန့်က ကျောင်းသား၊ ကျောင်းသူ ၁ဝ ယောက်မျှလောက်ဖြင့် အစပြုခဲ့ရာ ယခုအခါ ကျောင်းသားကျောင်းသူ ၆ဝဝ ကို ဆရာမ ၁၄ ဦးဖြင့် အခမဲ့ ပညာသင်ကြားပေးနိုင်ခဲ့ပြီ ဖြစ်သည်။ ဆင်းရဲနွမ်းပါးသော မိဘများ၏ သားသမီးများကိုလည်း နှစ်စဉ်စုပေါင်း ရှင်ပြု ပွဲပြုလုပ်ပေးခဲ့သည်မှာ စတုတ္ထအကြိမ်တိုင်ခဲ့ပြီဖြစ်သည်။
ယခုအခါ နဂါးကိုးကောင် စာသင်ဆောင်ကြီးကို အလျားပေ ၁၂ဝ၊ အနံ ပေ ၃ဝ၊ျွဃ ကွန်ကရစ်နှစ်ထပ် ကျောင်းဆောင်သစ်ကြီးအဖြစ် အစ်မတော် စောမွန်လှနှင့် နဂါးမယ်တော်တို့၏ ပါရမီဆက်ပဋ္ဌာန်းဆက် ဆွေတော်မျိုးတော် များ၏ ဝိုင်းဝန်းမတည်မှုဖြင့် ၂၉-၃-၂ဝ၁ဝ နေ့မှစ၍ ဆောက်လုပ်လျက်ရှိရာ ကုသိုလ်ပါဝင်လိုပါက ဖုန်း-ဝ၉-၆၅ဝ-ဝ၁၉၉ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သတင်းရရှိသည်။
ဖိုးစွံ(အောင်ပင်လယ်)