အတ္တကို လက်မှတ်ထိုးရောင်းမယ့် ကောင်းဆက်
တေးရေး၊ တေးဆို ကောင်းဆက်ရဲ့ ပထမဆုံးလုံးချင်းဖြစ်တဲ့ အတ္တအမည်ရှိတဲ့ ဝတ္ထု စာအုပ်ဖြန့်ချိခြင်း မိတ်ဆက်လက်မှတ် ရေးထိုးခြင်းကို ဇူလိုင် ၂၃ ရက် မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့၊ ပန်းဆိုးတန်း (အလယ်)မှာရှိတဲ့ စာပေ လောက-၅ မှာကျင်းပခဲ့ပါတယ်။ ကောင်းဆက် ရဲ့ဂီတမိတ်ဆွေတွေနဲ့ စာနယ်ဇင်းတွေ စုံစုံညီညီ အားပေးခဲ့ကြပါတယ်။ အဆိုပါဝတ္ထုက ဂီတသမားတို့ရဲ့ အတ္တကို နောက်ခံပြုထားတာဖြစ်ပြီး ဘာသာရေးဖြင့် စိတ်ဖိစီးမှုဆိုင်ရာ ကုစားမှုတွေကို ထင်ဟပ်ချက်တွေ လဲပါဝင်ပါတယ်။ ဤစာအုပ်ကို အလင်္ကာ ဝတ်ရည်စာပေတိုက်က ထုတ်ဝေဖြန့်ချိထားတာ ဖြစ်ပါတယ်။
ကိုသက်