Rhizome Art အနုပညာအဖွဲ့ ပန်းချီစာတမ်းဖတ်ပွဲ ကျင်းပ
၂ဝ၁ဝ ခုနှစ်အတွင်း ဖွဲ့စည်းခဲ့သည့် Rhizome Art အနုပညာအဖွဲ့၏ ဒုတိယမြောက် အစီအစဉ်အဖြစ် ပန်းချီတင်မောင်ဝင်း (ပြည်)က My Art Experience and Texture Technique အနုပညာအတွေ့အကြုံများနှင့် တက်ချာပညာ စာတမ်းကို ဇူလိုင် ၃ဝ ရက်နေ့က အာရှ ပလာဇာဟိုတယ်၊ ဒုတိယထပ်ရှိ အေရှားမာစတာ ဟိုတယ် သင်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။ Rhizome Art Group အနေနှင့် အနုပညာရသပေါင်းစုံ ပြပွဲနှင့်စာတမ်းဖတ်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပသွားမည်ဖြစ်ကြောင်း အဖွဲ့ဝင် တစ်ဦးဖြစ်သူ ကဗျာဆရာ ငုအိမ် ထက်မြက်က ပြောသည်။
K.S