တရုတ်ကဝယ်နေတဲ့ မကွေးဖန်ခါး
မကွေးဒေသထွက် ဆေးဘက်ဝင်ဖန်ခါးများ၊ ယခုဝါဆို ရာသီချိန် အသစ် ပေါ်စဖြစ်၍ မြို့မဈေး၊ မင်္ဂလာဈေး၊ ရန်ပယ်ရန်ကင်း ဈေးများသို့ အနည်းအကျဉ်း ဝင်ရောက်မှု ရှိနေပြီး ပြည်တွင်းဈေးကွက်ထက် တရုတ်ဈေးကွက်က ဈေးပိုရသဖြင့် ဒေသခံ ဖန်ခါးကုန်သည်များက တင်ပို့မှု ရှိနေကြောင်း သိရသည်။ ယခုနှစ်ရာသီဥတုကြောင့် အထွက်နည်းလိမ့်မည်ဟုလည်း ဒေသခံ ဖန်ခါးစိုက် သူမှပြောသည်။ လက်ရှိမကွေးဈေးကွက်တွင် ဖန်ခါးတစ်ပြည်ကို ၃၅ဝဝ ဝန်းကျင်ဈေးပေါက်နေကြောင်း။ ယမန်နှစ် ဤအချိန် ဖန်ခါးတစ်ပြည် ၂ဝဝဝ ကျပ်ဝန်းကျင်သာ ဈေးပေါက်ကြောင်း တိုင်းရင်းဆေးဖော်စပ်ရန်အတွက် တရုတ်ကဝယ်နေ၍ ဈေးကွက်တစ်ခု ဖြစ်နေကြောင်း သိရသည်။ အဆိုပါဒေသထွက် ဖန်ခါးမှာ တခြားဒေသထွက် ဖန်ခါးများထက် အစွမ်းထက်၍ ဈေးကောင်းရနေခြင်းဖြစ်ကြောင်း သိရသည်။
သတင်းထောက်သိန်းညွန့်