နောက်ဆွဲရင်ကွဲသရက် ဈေးကောင်းရ
သရက်သီး ရှားပါးလာပြီဖြစ်သည့် ဝါဆိုလတွင် သရက်သီးစား သုံးသူများ ရင်ကွဲ နောက်ဆွဲသရက်ကို ဈေးကြီးပေး၍ ဝယ်နေရကြောင်း သိရသည်။ ရင်ကွဲသရက် ပေါ်သည်မှာ နှစ်လခန့်ရှိပြီ ဖြစ်သော်လည်း ပေါတုန်းက အခြားသရက်ကောင်းများကိုသာ စားခဲ့ကြသည်။ ယခုပေါ်နေသော ရင်ကွဲသရက်ကို သရက်ကြမ်းဟု ခေါ်ကြသည်။
ဇူလိုင်လကုန်ပတ်တွင် ရင်ကွဲသရက် ဆယ်လုံးဈေး အကြီးထိပ်စ ၃၅ဝဝ ကျပ်၊ အလတ် ၂၇ဝဝ ကျပ်၊ အသေး ၂ဝဝဝ ကျပ်ဈေးပေါက်သည်။ ခေါင်ချိုးနှင့် ဝါဆိုပန်းဆွဲများရှိသော်လည်း ခေါင်ချိုးက ဈေးကြီးသည်။ ဈေးအကြီးဆုံးကတော့ ပတ္တမြား ငမောက်ဖြစ်သည်။ ထိပ်စ ၅၅ဝဝ ကျပ်၊ အလတ်စ ၅ဝဝဝ ကျပ် နှင့် အသေး ၄၅ဝဝ ကျပ်ဈေးပေါက်သည်။
ခင်ဘုန်းစော(မန္တလေး)