စေတုတ္တရာမြို့နယ် မိုးနှမ်းစိုက်ပျိုးရေး
စေတုတ္တမြို့နယ်သည် ဧရိယာစတုရန်းမိုင် ၁ဝ၈၃ မိုင်ကျယ်ဝန်းပြီး ကျေးရွာပေါင်း ၁၂ဝ ရှိသည်။ စလင်းမြို့နယ်၊ ငဖဲမြို့နယ်၊ ရခိုင်ရိုးမတောင် တန်း၊ ပွင့်ဖြူမြို့နယ်တို့နှင့် နယ်နိမိတ်ချင်း ဆက်စပ်နေပြီး မုန်းချောင်းသည် မြို့နယ်၏ မြောက်ဘက်အနီးမှကပ်လျက် စီးဆင်းကာ ပွင့်ဖြူမြို့နယ်ထဲသို့ ဝင်ရောက်သည်။ မိုးရေချိန်လက်မ ၃ဝ ကျော်ရရှိပြီး ယခုနှစ် မိုးနှမ်းဧက တစ်သောင်းကျော် စိုက်ပျိုးလျက် ရှိသည်။ ဖော်ပြပါ ဧကတွင် တောင်ယာ နှမ်းအဓိက ပါဝင်သည်။ တစ်ဧက နှမ်းထွက်နှုန်း ပျမ်းမျှ ၉ တင်းသာရှိသည်။ ယခုနှစ် စုစုပေါင်းမိုးနှမ်းထွက် တင်းရေ တစ်သောင်းကျော် ရရှိမည်ဟု ခန့်မှန်းထားသည်။ မြို့နယ်အတွင်း စားသုံးဆီ ဖူလုံမှုရရှိပြီး ပိုလျှံနှမ်းများကို စလင်းမြို့ ဆင်ဖြူကျွန်းမြို့များသို့ သွားရောက်ရောင်းချလေ့ရှိကြောင်း သိရှိရပါသည်။
လွမ်းခိုင်စိုး(ကျောင်းတော်ရာ)