အမှတ် - ၆၈၁ ။ စက်တင်ဘာလ - ၉ရက်၊ ၂၀၁၀ ခုနှစ်၊ ကြာသပတေးနေ့
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မန္တလေးတက္ကသိုလ် ဓမ္မာရုံကြီးတွင် ဝါတွင်သီလပွဲများကျင်းပ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၆၈၁
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ငါးပုစွန် အစာဈေးနှုန်းများ အနည်းငယ်ကျ

          ဖွဲနုခြောက်များနှင့် ပဲပုပ်ဖတ်များကို လုပ်ငန်းရှင်အချို့က တင်သွင်းတော့မည်ဆိုသည့် သတင်းထွက်ပေါ်ပြီး နောက် ငါး၊ပုစွန် အစာဈေးနှုန်းများ ဈေးအနည်းငယ် ကျလာကြောင်း သိရသည်။
       ''ငါး၊ ပုစွန်အစာတွေထဲက အဓိကအသုံးပြုတဲ့ ဖွဲနု၊ ပဲဖတ်၊ နှမ်းဖတ်၊ ပဲပုပ်ဖတ်တွေ တစ်ပိဿာကို ၅ဝ ကျပ်လောက် ကျဆင်းလာပါတယ်။ လုပ်ငန်းရှင် အချို့က ဖွဲနုခြောက်နဲ့ ပဲပုပ်ဖတ်တွေ တင်သွင်းမယ်ဆိုတဲ့သတင်း ထွက်ပေါ်လာပြီးနောက် ဖြစ်ပေါ်လာတဲ့ အခြေအနေပါ။ ပြည်ပက ဖွဲနုခြောက်တို့ ပဲပုပ်ဖတ်တို့ ဝင်လာမယ်ဆိုရင် ငါး၊ ပုစွန်အစာတွေကို သိုလှောင်ပြီး ဈေးဝင်ကစားတဲ့သူတွေ ကြာကြာကိုင် မထားနိုင်ပါဘူး။ ရာသီဥတု အနေအထားက ဆက်သိုလှောင်ရင် မှိုတက်ဖို့ပဲရှိမှာပဲ၊ နောက်အပတ်တွေဆိုရင် ငါး၊ ပုစွန်အစာဈေးတွေ ဆက်ကျလာမယ်လို့ မြင်ပါတယ်''ဟု ငါးမွေးမြူရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
             ဇူလိုင်လ ၂၃ ရက်တွင် ဖြစ်ပေါ်ခဲ့သော ငါး၊ ပုစွန်အစာ တစ်ပိဿာ ဈေးနှုန်းများမှာ ပဲဖတ် ၉၂၅ ကျပ်၊ နှမ်းဖတ် ၉ဝဝ ကျပ်၊ ပဲပုပ်ဖတ် ၁ဝ၆ဝ ကျပ်၊ ပဲပုပ်စေ့ ၉၃၅ ကျပ်၊ ဖွဲနု ၃၇၈ ကျပ်၊ ပုစွန်ဖွဲ ၆၃ဝ ကျပ်၊ နေကြာ ၆၄ဝ ကျပ်၊ ပန်းနှမ်း ၆၈ဝ ကျပ်၊ ပဲမှုန့် ၄၂ဝ ကျပ်၊ ငါးဂုံးညို ၁၂ဝဝ ကျပ်တို့ဖြစ်သည်ဟုဆိုသည်။

ခင်မျိုးသွယ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.