ဝါဆိုဖီးကြမ်း
ဝါတွင်းကာလ မတိုင်မီ ကတည်းက ငှက်ပျောသီးတွေ ဈေးကောင်းလာ ပေမယ့် ဖီကြမ်းငှက်ပျောတွေကတော့ အခြားငှက်ပျောတွေလို အတက်ကြမ်းကြမ်း၊ အကျကြမ်းကြမ်းတော့ မဟုတ်ပါဘူး။ ဝါတွင်းနား နီးကပ်လာတဲ့အခါ အခိုင်တစ်ရာ ရှစ်သောင်းကျပ်ဈေး ရောက်လာပါတယ်။ ခြံသမားတွေ အခုချိန် မှာ အားလုံးအမောပြေခဲ့ပါပြီဆိုပါတယ်။ ကျုံပျော်၊ မြို့မငှက်ပျော ဈေးကွက်မှာတော့ ငှက်ပျောဖီးကြမ်း ခပ်ညံ့ညံ့ တစ်ဖီးတောင် ၂ဝဝ၊ ၃ဝဝ ကျပ်လောက်ရှိ နေတော့ ငွေလုံးကနဲခဲကနဲရတဲ့ ငှက်ပျောကုန်သည်တွေကို လက်ညှိုးထိုး ရောင်းချသူတွေ များပါတယ်။ ဝါထွက်သွားရင်လဲ ဖီးကြမ်းငှက်ပျောတွေ ဇောက်ထိုး ပြုတ်ကျမသွားနိုင်ပါဘူး။ ဂျပန်ငှက်ပျော၊ ရွှေငှက်ပျော၊ ရခိုင်ငှက်ပျောတွေ သာစိတ်မချရတာလို့ ကုန်သည်တစ်ဦးက ဆိုပါတယ်။
မြင့်မြတ်ပန်း