မြိတ်ကျွန်းစု ကကတစ်မွေးမြူရေး
မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ဟာ သုံးမီတာမှ ငါးမီတာအရွယ်အစားရှိတဲ့ လှောင်အိမ်အလုံးပေါင်း တစ်သိန်းအထိ ထုတ်လုပ်ထားပြီး၊ ကကတစ်ငါးတွေကို လှောင်အိမ်သွင်းစနစ်နဲ့ မွေးမြူနိုင်ဖို့ စီစဉ်ထားပြီး လှောင်အိမ်တစ်လုံးမှာ သုံးလက်မအရွယ် ကကတစ် သားပေါက်လေး သုံးကောင်ထည့်သွင်း မွေးမြူဆောင်ရွက် နေပြီဖြစ်ကြောင်း။ ယခုအခါ မြိတ်ကျွန်းစုရဲ့ ကကတစ်ငါး မွေးမြူထုတ်လုပ်ဖို့ သင့်တော်တဲ့နေရာ ဒေသတွေမှာ လိုအပ်တဲ့ လုပ်ဆောင်မှုတွေကို ရွေးချယ်ပြင်ဆင် ဆောင်ရွက်နေကြောင်း။ ခြောက်လ၊ ခုနစ်လလောက် မွေးမြူလိုက်ရင် တစ်ကောင်ကို တစ်ကီလို ဂရမ်ခန့် အရွယ်အစားရှိတဲ့ ကကတစ် ငါးတွေကို ထုတ်လုပ်ပေးနိုင်မှာဖြစ်ကြောင်း သိရပါတယ်။ လှောင်အိမ်စနစ်မှာ ပင်လယ်ငါးသေး ငါးမွှားလေးတွေကို အစာအဖြစ်ကျွေးရတာကြောင့် ပင်လယ်ငါးသေး ငါးမွှားလေးတွေပေါတဲ့ မြိတ်ကျွန်းစုဒေသကို ကကတစ်ငါးတွေ မွေးမြူထုတ်လုပ်ဖို့ ရွေးချယ်လုပ်ကိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
မင်းသစ္စာလှိုင် (ကဒုံကနိ)