စိတ်ကူးချိုချို စာပေတိုက် ၁၁ နှစ်ပြည့် အထူးစာအုပ်ဈေးပွဲတော်ကျင်းပ
ကဗျာဆရာ၊ စာရေး ဆရာ၊ ပန်းချီဆရာ ကိုစန်းဦး တည်ထောင်သည့် စိတ်ကူးချို ချိုစာပေတိုက် ၁၁ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကလေး သူငယ်များနှင့် ဆယ်ကျော် သက်များအတွက် အထူး ရည်ရွယ် သည့်အစီအစဉ်များ ပါဝင်သည့် အနုပညာပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ တော်ကို ဇူလိုင် ၂၇ ရက်နေ့မှ သြဂုတ် ၆ ရက်နေ့အထိ ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းရှိ လောကနတ် အနုပညာ ခန်းမတွင် ကျင်းပလျက် ရှိသည်။
အဆိုပါ အစီအစဉ်တွင် ၂ဝဝ၉ ဝတ္ထုတိုပေါင်းချုပ်စာအုပ်အသစ် အပါ အဝင် စိတ်ကူးချိုချိုတိုက်ထုတ် စာအုပ်များကို ၁၅ ရာခိုင်နှုန်းမှ ၄ဝ ရာခိုင်နှုန်း ထိလျှော့၍ ရောင်းချပေးခြင်းနှင့်အတူ ပန်းချီဆရာများ၏ အနုပညာ လက်ရာပြပွဲများ ကျင်းပပြီး ကလေးလူငယ်နှင့် ဆယ်ကျော်သက် စာစဉ် ၁၁ အုပ်ပါ စာအုပ်များအား အထူးဈေးဖြင့် ရောင်းချပေးခြင်း၊ ကလေးငယ်များအား လက်ဆောင်ပေးခြင်း အစီအစဉ်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
K.S