လူစီးဘတ်စ်ကားများကို အကန့်အသတ်မရှိ တင်သွင်းခွင့် ပြုသွားမည်ဟုဆို
ရန်ကုန်နှင့် မန္တလေးမြို့တွင် ခရီးသည် တင်ဘတ်စ်ကားနည်းပါးနေမှုကြောင့် လူစီး ဘတ်စ်ကားများကို အကန့်အသတ်မရှိ တင် သွင်းခွင့်ပြုသွားမည်ဖြစ်ကြောင်း စီးပွားကူးသန်း ဌာနမှထုတ်ပြန်ကြေညာသည်။
ယာဉ်အို ယာဉ်ဟောင်းအပ်နှံပြီး ခရီးသည် တင်မော်တော်ယာဉ်များကို ၁၉၉၆ မော်ဒယ်မှ ၂ဝဝ၇ မော်ဒယ်အထိ လဲလှယ်တင်သွင်းခွင့် ပြုသွားမည်ဖြစ်ကြောင်း။ ပုံမှန်သွင်းလိုင်စင်ဖြင့် လူ ၂ဝ ယောက်နှင့်အထက်စီး ဘတ်စ် ကားများကို တင်သွင်းမည်ဆိုပါက ၂ဝဝ၇ ခုနှစ် မော်ဒယ်နှင့်အထက် တင်သွင်းခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့တော်ကြီးများအတွက် မြို့တော်အငှားယာဉ် City Taxi များ တင်သွင်းရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်အစိုးရ၏ ထောက်ခံချက်အပေါ် မူတည်ပြီး ၂ဝဝ၇ ခုနှစ်နှင့် အထက်ကားများကို တင်သွင်း ခွင့်ပြုသွားမည် ဟု သိရသည်။
ဝေယံမြင့်