2013-5-20
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ဖက်ဒရယ်အကြောင်း တိုင်းရင်းသားပြည်သူများ ပိုမိုနားလည်ရန် ရည်ရွယ်၍ ဖက်ဒရယ်ဂျာနယ် ပြည်တွင်းတွင် ပထမဦးဆုံး စတင်ထုတ်ဝေ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၈၁၄
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
တစ်သောင်းကျပ်တန် ငွေစက္ကူအမျိုးအစားသစ် ဇွန် ၁၅ ရက်နေ့တွင် စတင်ထုတ်ဝေမည်

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တစ်သောင်းကျပ်တန် ငွေစက္ကူအမျိုး အစားသစ်ကို ၂ဝ၁၂ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့မှ စတင်၍ ပြည်သူများ အား ဘဏ်ဖွင့်ချိန်အတွင်း မြန်မာနိုင်ငံ တော်ဗဟိုဘဏ် ငွေကြေးဌာနတွင် လည်းကောင်း၊ ဘဏ်များနှင့် အစိုးရငွေတိုက်များတွင်လည်း ကောင်း ထုတ်ပေးမည်ဖြစ်ကြောင်း ဇွန်လ ၇ ရက် ရက်စွဲဖြင့် ထုတ်ပြန် ကြေညာထားသည်။
    အဆိုပါတစ်သောင်းကျပ်တန် ငွေစက္ကူမှာ အရွယ်အစား ၁၅x၇ စင်တီမီတာရှိပြီး ပေါ်လွင်သောအ ရောင်မှာ အပြာရောင်ဖြစ်ကြောင်း။ ငွေစက္ကူ၏ မျက်နှာတစ်ဘက်ထိပ် ပိုင်းတွင် ''မြန်မာနိုင်ငံတော်ဗဟို ဘဏ်''စာတန်းရိုက်နှိပ်ထားပြီး အလယ်ပိုင်းတွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်မြေပုံ၊ ၄င်းကို ဝန်းရံထားသော သပြေနှစ်ခက်၊ မျက်နှာချင်း ဆိုင်တည်ရှိနေ သည့် မြန်မာ့အနုပညာလက်ရာမြောက် ဆင်ဖြူတော်နှစ်စီးနှင့် ထိပ်တွင် ကြာဖြူတစ်ပွင့် ရိုက်နှိပ်ထားကြောင်း၊ ငွေစက္ကူ တန်ဖိုးကို ဖော်ပြသည့် မြန်မာ စာတန်း တစ်သောင်းကျပ်ကိုလည်း ရိုက်နှိပ်ထားကြောင်း၊ လက်ယာ ဘက်ပိုင်းတွင် မြန်မာ့ အနုပညာ လက် ရာမြောက် ကနုတ်ပန်းများကို ရိုက်နှိပ် ထားကြောင်း၊ ထောင့်သုံးထောင့်တွင် ငွေစက္ကူတန်ဖိုးကို ဂဏန်းများဖြင့် ရိုက်နှိပ်ထားကြောင်း၊ ငွေစက္ကူနံပါတ် ကို မြန်မာ-အင်္ဂလိပ်နှစ်ဘာသာဖြင့် ရိုက်နှိပ် ထားကြောင်း၊ လက်ဝဲဘက် ပိုင်းတွင် ကြာဖြူပွင့်ပုံ ရေစာပါရှိ ကြောင်း၊ ငွေစက္ကူတွင် လုံခြုံရေးကြိုး တစ်ချောင်း ကို ဒေါင်လိုက်ထည့်သွင်း ထားကြောင်း၊ ငွေစက္ကူ၏ကျောဘက် တွင် Central Bank of Myan-mar  စာတန်းကို ရိုက်နှိပ်ထားပြီး ¤င်း စာတမ်း၏အောက်တွင် Ten Thousand Kyats  ဟူသော စာတန်းပါရှိ ကြောင်း၊ အလယ်ပိုင်း တွင် ရတနာပုံ မန္တလေးနန်းတော်၏ မြို့ရိုးနှင့် ကျုံးပုံကို ရိုက်နှိပ်ထား ကြောင်း၊ ဘေးဘောင်များတွင် မြန်မာ့ အနုပညာ လက်ရာမြောက် ကနုတ် ပန်းများကို ရိုက်နှိပ်ထားကြောင်း၊ ထောင့်သုံး ထောင့်တွင် ငွေစက္ကူ၏ တန်ဖိုးကို ဂဏန်းများဖြင့် ရိုက်နှိပ် ထားကြောင်း သိရသည်။ တစ် သောင်းကျပ်တန် ငွေစက္ကူအမျိုးအစား သစ် ထုတ်ဝေလိုက်သော်လည်း လက် ရှိတရားဝင် လှည့်လည်သုံးစွဲလျက် ရှိသော တစ်ကျပ်တန်၊ ငါးကျပ်တန်၊ တစ်ဆယ်ကျပ်တန်၊ နှစ်ဆယ်ကျပ် တန်၊ ငါးဆယ်ကျပ်တန်၊ တစ်ရာ ကျပ်တန်၊ နှစ်ရာကျပ်တန်၊ ငါးရာ ကျပ်တန်၊ တစ်ထောင်ကျပ်တန်၊ ငါးထောင်ကျပ်တန် ငွေစက္ကူများနှင့် အြေ<ွကများသည်လည်း တရားဝင် သုံးစွဲငွေ အဖြစ် ဆက်လက်တည်ရှိနေ မည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ဝေယံမြင့်
Untitled Document
elephant said...
Sunday 24 June 2012, 6:27 am
ဈေးနှုန်းတွေတော့မတက်စေလိုပါ။
minmin said...
Sunday 24 June 2012, 6:24 am
ခေတ်ကာလနှင့် လိုက်လျောညီစွာ ထွက်ပေါ်လာခြင်းလို့ဘဲထင်ပါသည်။
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.