2013-6-17
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ဖွင့်ပွဲကျင်းပ ရုပ်ရှင်ကားများ မည်သူမဆို အခမဲ့ ကြည့်နိုင်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၈၁၈
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
အမေရိကန်ဒေါ်လာဈေး တရိပ်ရိပ်ပြန်တက်လာ

    လက်ရှိတရားဝင်ငွေလဲစင်တာများနှင့် ပြင်ပဈေးကွက်တွင် အမေရိကန်ဒေါ်လာဈေးနှုန်းများ တရိပ်ရိပ် ပြန်လည် မြင့် တက်နေကြောင်း ဈေးကွက် သတင်းအချက်အလက်များအရသိရသည်။ လူတိုင်းကားတင်သွင်းခွင့်ပြုခဲ့ သည့် မေ ၁၄ ရက်နေ့မှစ၍ အမေရိကန်ဒေါ်လာသည် ကျပ် ၈၂ဝ ကျော်မှ ကျပ် ၈၃ဝ သို့ ဈေးတက်ခဲ့ပြီး တစ်လအကြာ ဇွန် ၁၅ ရက်နေ့တွင် အမေရိကန်တစ်ဒေါ်လာ ကျပ် ၈၅ဝ ဝန်းကျင်အထိ ဈေးတက်လာပြီး ဇွန် ၂ဝ ရက်နေ့တွင် တရားဝင်ငွေလဲစင်တာရှိ အမေရိကန်ဒေါ်လာဈေးနှုန်းမှာဝယ်ဈေး တစ်ဒေါ်လာ ကျပ် ၈၅ဝ နှင့် ရောင်းဈေး တစ်ဒေါ်လာ ကျပ် ၈၅၈ ကျပ်ဈေး ရှိကြောင်း ဈေးကွက်အတွင်းမှသိရသည်။
    လက်ရှိတွင် အမေရိကန်ဒေါ်လာဈေးကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဈေးကွက်ပေါက်ဈေးအတိုင်း ဧပြီလမှ စ၍ ရောင်းဝယ် ခွင့်ပေးခဲ့ပြီး နေ့စဉ်ဈေးနှုန်းများကို ပုဂ္ဂလိကဘဏ်များက တင်သွင်းသည့် လေလံဈေးပေါ်မူတည်၍ ငွေလဲနှုန်း ကိုထုန်ပြန် ခဲ့ခြင်းဖြစ်ကြောင်း။ အဆိုပါငွေလဲနှုန်းကို ငွေလဲစင်တာများတွင် ဝ.၈ ရာခိုင်နှုန်းအတွင်း ဈေးအတက် အကျပြုလုပ်၍ ရောင်းဝယ် ခွင့်ပြုထားကြောင်း။ ထို့ကြောင့်ဈေးကွက်အတွင်း ဈေးကစားခြင်းနည်းသွားပြီး ဒေါ်လာဈေးနှုန်း များ ဈေးကွက်အခြေအနေပေါ် မူတည်၍ တရိပ်ရိပ်တက်လာကြောင်း ဈေးကွက်ကျွမ်းကျင်သူ တစ်ဦးကဆိုသည်။ ''ဒေါ်လာဈေးဘယ်လောက်ဖြစ် သင့်တယ်လို့ တော့မပြောချင်ဘူး။ ဒါပေမယ့် လက်ရှိအခြေအနေအရ ဒီထက်ပိုပြီးဈေး တက်ဖို့လိုတယ်။ ဒီလိုဆိုရင် သားငါး၊ လယ်ယာပို့ကုန် သမားတွေ တွက်ခြေကိုက်မယ်။ စိုက်ပျိုးထုတ်လုပ် သူတွေလည်း အကျိုးရှိမယ်။ ဒီထက်ပိုပြီးတော့ ဈေးတက်စေချင်တယ်''ဟု ပဲမျိုးစုံ Exportလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးက သုံးသပ်ပြောကြားသည်။ ထို့အပြင် လက်ရှိကျင့်သုံးနေသည့် စနစ်အရ ဈေးကွက်ပေါက်ဈေး အတိုင်း ဒေါ်လာကို ရောင်းဝယ်ခွင့်ပြုရာတွင် ဈေးကွက်အတွင်း ဖြစ်သင့်သည့် ဈေးထက် ဒေါ်လာဈေးကျခြင်း၊ တက်ခြင်းမျိုးဖြစ်ပေါ် ပါက ဗဟိုဘဏ်ကဝင်ရောက်ထိန်းကြောင်းရန်လိုကြောင်း။ ထိုသို့လုပ်ဆောင်ရာတွင် ဈေးကျနေပါက ဗဟိုဘဏ်က ဒေါ်လာ များ လိုက်ဝယ်ပြီး ဈေးကွက်အတွင်း ဒေါ်လာနည်းပြီး ဈေးတက်လာအောင် လုပ်ခြင်းမျိုးဖြစ်ကြောင်း။ ဈေးကွက်ဗဟိုဘဏ် က ဝယ်ထား သည့်ဒေါ်လာကို ထုတ်ရောင်းခြင်းဖြင့်ထိန်းချုပ်နိုင်ကြောင်း ကျွမ်းကျင်သူတစ်ဦးက ပြောကြားသည်။

ဝေယံမြင့်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.