ဟိုတယ်လုပ်ငန်းလုပ်ကိုင်လိုသူ ပြည်တွင်းပြည်ပလုပ်ငန်းရှင်များအား တင်ဒါခေါ်ယူ
မန္တလေးမြို့ရှိ မြေနေရာ တစ်ခုနှင့် ရန်ကုန်မြို့ရှိ အဆောက်အအုံလေးခုကို ဟိုတယ်လုပ်ငန်းများလုပ်ကိုင်ဆောင် ရွက်ရန် ပြည် တွင်းပြည်ပစီးပွား ရေးလုပ်ငန်းရှင်များအား တင်ဒါဖိတ်ခေါ်ထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ထုတ်ပြန်ကြေညာ ချက်များအရသိရသည်။ အဆိုပါမြေနေရာနှင့် အဆောက်အအုံများကို နှစ်ရှည်ငှားရမ်းပေးမည်ဖြစ်ပြီး ရန်ကုန်မြို့မှ အဆောက် အအုံလေးခုမှာ ရန်ကုန်မြို့၊ ပန်းပဲတန်းမြို့နယ်၊ ကုန်သည်လမ်း၊ အမှတ် (၆ဝ၄/၆ဝ၈)၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းရုံးဟောင်း ဆူးလေဘုရားလမ်း။ မဟာန္ဓုလလမ်းထောင့်ရှိ ဟိုတယ်နှင့်ခရီး သွားလာရေးလုပ်ငန်း ဝန်ကြီးဌာနရုံးဟောင်း။ အမှတ် (၁၉/၄၃)၊ ဗိုလ်ဆွန်ပတ်လမ်းရှိ ကုန်သွယ်ရေးကော်ပိုရေးရှင်း အမှတ် ၅ ရုံးဟောင်းနှင့် ကျောက်တံတားမြို့နယ်၊ ကုန်သည် လမ်းနှင့် ဗန္ဓုလလမ်းထောင့်ရှိ သွင်းကုန်ထုတ်ကုန်လုပ်ငန်း ရုံးဟောင်းတို့ဖြစ်သည်။ မန္တလေးမြို့ရှိ တင်ဒါခေါ်ယူ သည့်မြေနေရာမှာ အမှတ် ၆၁၃ နန်းတော်ရာကွင်း၊ မှန်တင်းရပ်ကွက်၊ အမရပူရမြို့နယ်၊ အကျယ်အဝန်း ၁၇.၁၇ဝ ဧကဖြစ်သည်။ တင်ဒါလျှောက်လွှာ များကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရုံးအမှတ် ၃၂၊ နေပြည်တော်သို့တင်သွင်းရမည်ဖြစ်ပြီး ရန်ကုန်မြို့ရှိ အဆောက်အအုံများ အတွက် ၂ဝ၁၂ ခု ဇွန် ၃ဝ ရက် မန္တလေးမြို့ရှိ မြေကွက်အတွက် ဇူလိုင်လ ၇ ရက်နောက်ဆုံးထား တင်သွင်းရမည်ဖြစ်သည်။ အသေးစိတ်သိရှိလိုပါက ဖုန်း-ဝ၆၇-၄ဝ၆၁၈၄၊ ၄ဝ၆၃၃၄ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရသည်။
ဒသမ