နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုသကဲ့သို့ ပြည်တွင်းလုပ်ငန်းရှင်များကိုလည်း အကာအကွယ်ပေးရန်လိုဟုဆို
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုသကဲ့သို့ ပြည်တွင်းလုပ်ငန်းရှင်များကိုလည်း အကာအကွယ်ပေးရန်လိုအပ်ကြောင်း UMFCCI ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက သုံးသပ်ပြောကြားသည်။ လက်ရှိပြည်တွင်းလုပ်ငန်းရှင်များအနေ ဖြင့် ပြည်ပ လုပ်ငန်းများနှင့် ယှဉ်ပြိုင်ရန် ငွေကြေးအရင်းအနှီး၊ နည်းပညာ၊ ဈေးကွက်တို့တွင် မယှဉ်ပြိုင်နိုင်သေးကြောင်း။ ထို့ကြောင့် နိုင်ငံခြားရင်းနှီးမြှုပ် နှံမှုများ ဝင်လာပါက ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် ရပ်တည်ရန်အခက်အခဲများရှိပြီး အချို့လုပ်ငန်းများအနေဖြင့် ရပ်ဆိုင်း သွားနိုင်ကြောင်း လည်းကောင်း ကဆိုသည်။ FDI တွေလာဖို့ အကြီး အကျယ်ရှိတယ်။ သူတို့လာဖို့သုံးခုကိုလန့်တယ်။ ဒီမှာ မီးမ ရှိသေးတာရယ်၊ ကျွမ်းကျင်လုပ်သားမရှိတာရယ်၊ မြေဈေးကြီး တာရယ်ကို သူတို့လန့်နေတယ်။ သူတို့လန့်တာလည်း ခပ်ကောင်းကောင်း။ နို့မိုဆိုရင် အကုန်ပါသွားမှာ။ သာမန်အရောင်း ဆိုင်ကအစ အကုန်လုံးနိုင်ငံခြားက လွှမ်းမိုးလိမ့်မယ်။ နိုင်ငံခြား နဲ့ယှဉ်ဖို့ အရင်းအနှီး၊ နည်းပညာ၊ ဈေးကွက်မယှဉ်နိုင်ဘူး။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့စာရင် ဒါလေးကိုတော့ မြန်မြန်လေး စဉ်းစားစေချင် တယ်။ ပြည်တွင်းကမယှဉ်ပြိုင်နိုင်သေးဘူး။ အကာအကွယ်ပေးဖို့ အပိုင်းတွေလိုတယ်။ အကုန်လုံးကိုမဖွင့်ပေးဖို့လိုတယ်။ ဒါကြောင့် နည်းပညာနဲ့ လုပ်ရတဲ့ လုပ်ငန်းတွေကို ဦးစားပေးရင်းနှီးမြှုပ်နှံခွင့်ပေးဖို့လိုတယ်။ သူတို့က မြန်မာပြည်နဲ့ ပေါင်းလုပ်မှာမဟုတ်ဘူး။ သူတို့ဘာသာ သူတို့လုပ်မှာ''ဟု ဒေါက်တာမောင်မောင်လေးက ဆိုသည်။ လက်ရှိတွင် ပြည်ပမှရင်းနှီးမြှုပ်နှံမည့်သူ အများ အပြား ပြည်တွင်းသို့လာရောက်လေ့လာနေကြောင်း၊ လေ့လာစောင့်ကြည့်တဲ့အခြေအနေမျိုးတွင်သာရှိနေသေးကြောင်း၊လုပ်သာ ကိုင်သာရှိ သည့်အခြေအနေမျိုးဖြစ်လာပါက အလုံးအရင်းဝင်ရောက်လာဖွယ်ရှိကြောင်းလည်းကောင်းကဆိုသည်။
ဝေယံမြင့်